Thursday, December 5, 2019

မြန်မာနိုင်ငံကလူတွေ ဘာကြောင့် အရပ်ပုလာပြီး သက်တမ်းတိုလာရသနည်း ??

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်


မည်သူမဆို မိမိကို အရပ်ပုသည်ဟု ပြောလျှင် စိတ်ထဲတွင် ဝမ်းနည်းသလိုလိုနှင့် စိတ်ဆိုးတတ်ကြသည်။  မိမိတို့ကိုယ်တိုင်သည်လည်း အရပ်ပုသည်ကို အားမရကြ။ မလိုလားကြပေ။ ထို့ကြောင့် ဤဆောင်းပါး သည် မြန်မာနိုင်ငံ အတွင်းရှိ နေထိုင်ကြသော အရပ်ပုညက်သူများကို ကဲ့ရဲ့ခြင်းမဟုတ်။ အဘယ့်ကြောင့် အရပ်ပုလာရသည့် အကြောင်းရင်းနှင့် အဘယ့်ကြောင့် သက်တမ်းတိုရသည့်အကြောင်းရင်းများကို လေ့လာ မှတ်သားထားသမျှ ဗဟုသုတကို ပြန်လည် မျှဝေခြင်း သက်သက်သာဖြစ်သည်။

သို့သော်လည်း အရပ်ပုတိုင်း သက်တမ်းမတိုပါ။ အရပ်ရှည်တိုင်းလည်း သက်တမ်းမရှည်သူများကို တပုံတပင် တွေ့နေရပါသည်။ အချို့သော သူများသည် မျိုးရိုးပုသောကြောင့် သားသမီးများလည်း မျိုးရိုးလိုက်ပြီး အရပ်ပုသူများရှိသည်။ တချို့သူများမှာ အဖေ၊အမေ အရပ်ရှည်သလောက် သားသမီးများက အရပ်ပုနေကြ သည်။ ဤပြဿနာမှာ ယခုနောက်ပိုင်း မြန်မာနိုင်ငံတွင် နေရာတော်တော်များများ တွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံတွင် အရပ်ပုညက်လာသည့် ပြဿနာသာမက ရောဂါများလည်း စုံစိလာပြီး လူ့သက်တမ်းလည်း တိုလာသည်။ ယခင် ဖက်ဆစ်ဂျပန်လက်ထက်တွင် မြန်မာများသည် ဂျပန်များကို ဂျပုဟုခေါ်ခဲ့ကြသည်။ မြန်မာများ ဝဋ်လည်နေသလား မသိ။ ယခုအခါ အာဆီယံနိုင်ငံတွင် ကမ္ဘောဒီးယား၊ ရှေ့တီမောပြီးလျှင် မြန်မာက တတိယအပုဆုံး စာရင်းတွင် ရောက်နေသည်။

တစ်ဖက်တွင် ရောဂါများလည်း စုံစိလာ၏။ အဖြစ်များဆုံးသော ရောဂါများမှာ ကင်ဆာ၊ သွေးတိုး၊ ဆီးချိုနှင့် လေဖြတ်ခြင်း၊ ကိုယ်တခြမ်းသေခြင်း၊ အာရုံကြောထိခိုက်ခြင်းများပင်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် နှလုံးသွေးကြောကျဉ်း ရောဂါများလည်း အဖြစ်များလာသည်ကို သတိပြုမိလာသာ်။ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါအဖြစ်များဆုံး (၁၀) နိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင်နေပါသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်းမှာ ၆ဝနှင့် ရဝကြားတွင်သာ ရှိသည်ဟု ဖော်ပြထားပါသည်။ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သက်တမ်းအနိမ့်ဆုံး နိုင်ငံစာရင်းတွင် ပါဝင်သော အိန္ဒိယ၊ လာအို၊ အရှေ့တီမော နိုင်ငံထက် သက်တမ်းအနည်းငယ်သာပိုနေသည်ဟု သိရသည်။

ကျွနှ်ပ်တို့ ဘိုးဘွားဘေဘင်ခေတ်က လူသက်တမ်း ရှည်သလောက် ယနေ့ကျွန်တော်တို့ခေတ် အဘယ့်ကြောင့် လူသက်တမ်းပိုတို လာရသနည်း။ အကျိုးရှိလျှင် အကြောင်းရှိရမည်။ ထိုအကြောင်းတရားများကို ရှာဖွေနိုင်မှသာလျှင် အကျိုးတရားကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ အကြောင်းတရားများစွာရှိသည့်အနက် စာရေးသူအနေဖြင့် မိမိတို့နေ့စဉ်နှင့်အမျှ စားသုံးနေသော အစားအစာအဟာရနှင့် စားသောက်မှုပုံစံကိုသာ ပြောပြချင်ပါသည်။ ယခုအကြောင်းနှင့် ပတ်သက်၍ စားရေးဆရာ ခင်မောင်းစိုးက “ မြန်မာနိုင်ငံမှာ ဆင်းရဲသူတွေက အဟာရပြည့်မှီအောင် မစားသောက်နိုင်ကြသလို ချမ်းသာတဲ့သူလည်း ကျန်းမာရေးနှင့် ကိုက်ညီအောင် မစားသုံးနိုင်ကြဘူး” ဟု မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကောက်ချက်ချဖူးပါသည်။

ဟုတ်ပါသည်။ မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှ အဆင်းရဲဆုံးနိုင်ငံ (၁၀) နိုင်ငံတွင် နံပတ်(၈)နေရာ ၌ တည်ရှိနေပါသည်။ နိုင်ငံဆင်းရဲသောကြောင့် ပြည်သူများ ဝင်ငွေနည်းပါးခြင်း၊ အသိပညာအားနည်းခြင်း တို့ကြောင့် ကျန်းမာရေးအသိပညာ နည်းပါးခဲ့သည်ဟု မြင်မိပါသည်။ ဆင်းရဲပြီး မတတ်နိုင်သူများသည် အစားအစာ(အသား၊ငါး) လုံလုံလောက်လောက် မစားသုံးနိုင်သော်လည်း ချမ်းသာသူများသည် အစားအစာကို စားသောက်ဆိုင်များတွင် နေ့စဉ်နှင့်အမျှ အလွယ်တကူ ဝယ်စားနေကြသည်။ ထိုဖြစ်စဉ်ကြောင့် မြန်မာလူမျိုးများသည် အရပ်ပုလာပြီး ရောဂါဝေဒနာများ များများလာရသည်ဟု မြင်မိပါသည်။ ပုညှက်သော လူငယ်ကို အများအားဖြင့် မြို့ကြီးများတွင် အတွေ့များပါသည်။ ထိုသူများသည် မြို့ပြကြီးများ၏ မသန့်ရှင်းသောရေ မသန့်ရှင်းသော အစားအစာများနှင့် နေ့စဉ် ထိတွေ့နေရသည်ဟု မြင်မိပါသည်။ တချို့တိုင်းရင်းသား ဒေသများတွင် မိဘများက မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာခြင်း၊ ဝင်ငွေနည်းပါးခြင်းတို့ကြောင့် မွေးဖွား လာသော ကလေးများ၏  ကြီးထွားမှုကို ထိခိုက်စေသည်ဟု မြင်မိပါသည်။

တစ်ချို့သော အရာများသည် ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသောကြောင့် ရောဂါများဖြစ်နိုင်စေနိုင်သည်ဟု သိနေသည့်တိုင်အောင် ကျွနုပ်တို့ မျက်ကွယ်ပြုနေသည့် အရာများစွာ ရှိနေပါသည်။  ဥပမာ - ဆန်သည် ဘိုးဘွားဘေဘင် ခေတ်ကတည်းက စားသုံးလာသည်ဖြစ်သောကြောင့် ထမင်းနှင့်ဟင်းသည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အစားအစာပင်ဖြစ်နေပါသည်။ သို့သော်လည်း ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကျွနုပ်တို့ စားသုံးနေသော ထမင်းတွင် ကယ်လိုရီဓာတ်များစွာ ပါဝင်ပြီး လူကို သွေးတိုး၊ ဆီးချို ရောဂါ ဖြစ်စေနိုင်ပြီး အဝလွန်ရောဂါလည်း ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ဆန်ထက် ဂျုံ၊ ပဲများကို ပိုမိုစားသုံးလာသည်ကို တွေ့ရမည် ဖြစ်သည်။ (ချွင်းချက်အနေဖြင့် ထမင်းကို စားသုံးသော တောင်သူလုပ်သားများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှု အမြဲရှိသောကြောင့် ကယ်လိုရီဓာတ်များကို ပြန်လည်ချေပပေးသည်ဟု မြင်မိပါသည်)။  တစ်ဖက်တွင် မြန်မာလူမျိုးတို့သည် ဟင်းချိုမှုန့်၊ ကြက်သားမှုန့်နှင့် စားသုံးဆီများကို အလွန်ကြိုက်နှစ်သက်ပုံရသည်။ ဟင်းချိုမှုန့်မပါလျှင် မစားတတ်၊ ဆီနည်းလျှင် မစားတတ်သည်မှာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်လာသည်။ အချိုမှုန့်စားသုံးခြင်းကြောင့် မြန်မာနိုင်ငံသည် ကင်ဆာ၊ သွေးတိုး၊ ဆီးချို ရောဂါ ထူထပ်လာရသည်။ ယခုနောက်ပိုင်းတွင် ပေါ်သော ကြက်သားမှုန့်တို့သည် အချိုမှုန့်နှင့် တာရှည်ခံမှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်သောကြောင့် အချိုမှုန့်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသည်ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ထုတ်ပြန်ထားပါသည်။

မြန်မာလူမျိုးများကို ရောဂါထူ သက်တမ်းတိုစေသည့် အခြားအဓိကအကြောင်းရင်းမှာ မသန့်ရှင်းသော အစားအစာများပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် မသန့်ရှင်းသော အစားအစာမည်မျှပင် ပြန့်နှံ့နေမည်နည်း။ တွေးကြည့်ရုံနှင့် သေနိုင်လောက်ပါသည်။ ကျွနုပ်တို့နေ့စဉ် စားသုံးနေသော အစားအစာသည် ဓာတုပစ္စည်းများ မပါရှိပါဟုမည်မျှ အာမခံချက်ရှိသနည်း။ ကျွနုပ်တို့ စားသုံးနေသော ဆီသည် အခြားသောဆီ တစ်မျိုးမျိုးနှင့် မရောနှောပါဟုမည်မျှ သိနိုင်သနည်း။ တချို့ဆီများဖြစ်သည့် မသန့်ရှင်းသောဆီများ၊ အကြော်ခံဆီများ၊ ပြန်ကြော်ဆီများသည် လူကို ကင်ဆာရောဂါဖြစ်နိုင်ကြောင်း သိရသည်။ ယခုအခါ မြန်မာလူမျိုးများသည် ဆီကောင်းမကောင်းကို လေ့လာသုံးသပ်ချိန်ပင် မရှိတော့ဘဲ အလွယ်တကူ ရရှိနေသောဆီများကိုသာ စားသုံးနေကြသည်။ ထို့ကြောင့် တစ်နေ့တခြား ကင်ဆာရသူများ၊ နှလုံးသွေးကြောကျဉ်းသူများ များလာ နေရသည့် အချက်ထဲတွင် စားသုံးဆီ၏ အရည်အသွေး မပြည့်မှီမှုနှင့် အလွန်အကျွံသုံးစွဲမှုများပင် ဖြစ်သည်။

တစ်ဖက် စားသုံးကုန်များတွင်လည်း သက်တမ်းမပါသော အစားအစာ၊ အသားငါးများ၊ မုန့်များ၊ သက်တမ်းလွန်သော အစားစာများ၊ မုန့်များ၊ ဓာတုပစ္စည်းများဖြင့် တာရှည်ခံအောင် အသုံးပြုထားသော အစားအစာများကို မသိကျိုးကျွံပြု စားသုံးနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ စျေးတန်း၊ စျေးဆိုင်များတွင် ရောင်းချနေသော တရုတ်နိုင်ငံထုတ် အစားအစာများသည် များသောအားဖြင့် တားမြစ်ဆေး၊ ဓာတုဆေး၊ ပိုးသတ်စေး၊ ပါဝါသကြားများကို အလွန်အကျွံအသုံးပြုထားသည်ဟု စားသုံးသူကာကွယ်ရေးအသင်းက ဆိုထားသည်။ အကင်များတို့စားရန် ပြုလုပ်ထားသော အချဉ်ရည်များ တွင်ပါဝင်သော ငရုတ်ဆီ၊ ငရုတ်ချဉ်ရည်များတွင်  ဆာလဖျူရစ်အက်ဆစ်များ သုံးထားသောကြောင့် အစာအိမ်ကို ထိခိုက်နိုင်ပါသည်။ အက်ဆစ်နှင့် ဆိုးဆေးများသည် လေဖြတ်ခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊ အာရုံကြောထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေကြောင့် သိရပါသည်။ ဤသို့ဆိုလျှင် အဆိုပါ အစားအစာများကို မြန်မာလူမျိုးအနေဖြင့် နေ့စဉ်မည်မျှပင် စားသုံးနေပါသနည်း။ တွေးကြည့်လျှင် စိတ်မချမ်းသာပေ။

ဤကဲ့သို့သော လက်ရှိမြန်မာနိုင်ငံ၏ စားသောက်နေထိုင်မှု အခြေအနေသည် မြန်မာလူမျိုးများကို ကျန်းမာရေးထိခိုက်စေပြီး သက်တမ်းတိုလာအောင် တွန်းပို့နေသည်ဟု မြင်မိပါသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရန်အတွက် နိုင်ငံအတွင်းရှိ နေထိုင်ကြသော ပြည်သူပြည်သားများ ကျန်းမာသန်စွမ်းရန် လိုအပ်ပါသည်။ ကျန်းမာမှ အရာရာကို စွမ်းဆောင်နိုင်မည်။ ထို့ကြောင် မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာသန်စွမ်းသောဘဝများကို ပိုင်ဆိုင်နိုင်ရန်အတွက် အစိုးရအနေဖြင့်လည်း ထိန်းကွပ်ကြီးကြပ်ပေးရန်လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိတရားဖြင့် ဆင်ခြင်စားသောက်ကြရန် လိုအပ်ပါသည်။ မြန်မာပြည်သူ ပြည်သားများအနေဖြင့် အချိန်မလွန်ခင် အစားအစာများကို ဆင်ဆင်ခြင်ခြင် စားသုံးကြပြီး နိုင်ငံအတွက် အထောက်အကူပြုနိုင်သော ကျန်မားသန်စွမ်းသည့် ပြည်သူများ ဖြစ်ကြပါစေလိုကြောင်း ဆုတောင်းလျက် ရေးသားတင်ပြလိုက်ပါသည်။

နဂ့ါခွန်

ျမန္မာနိုင္ငံကလူေတြ ဘာေၾကာင့္ အရပ္ပုလာၿပီး သက္တမ္းတိုလာ ရသနည္း ??

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၆)ရက္

မည္သူမဆို မိမိကို အရပ္ပုသည္ဟု ေျပာလၽွင္ စိတ္ထဲတြင္ ဝမ္းနည္းသလိုလိုႏွင့္ စိတ္ဆိုးတတ္ၾကသည္။  မိမိတို႔ကိုယ္တိုင္သည္လည္း အရပ္ပုသည္ကို အားမရၾက။ မလိုလားၾကေပ။ ထို႔ေၾကာင့္ ဤေဆာင္းပါး သည္ ျမန္မာနိုင္ငံ အတြင္းရွိ ေနထိုင္ၾကေသာ အရပ္ပုညက္သူမ်ားကို ကဲ့ရဲ့ျခင္းမဟုတ္။ အဘယ့္ေၾကာင့္ အရပ္ပုလာရသည့္ အေၾကာင္းရင္းႏွင့္ အဘယ့္ေၾကာင့္ သက္တမ္းတိုရသည့္အေၾကာင္းရင္းမ်ားကို ေလ့လာ မွတ္သားထားသမၽွ ဗဟုသုတကို ျပန္လည္ မၽွေဝျခင္း သက္သက္သာျဖစ္သည္။

သို႔ေသာ္လည္း အရပ္ပုတိုင္း သက္တမ္းမတိုပါ။ အရပ္ရွည္တိုင္းလည္း သက္တမ္းမရွည္သူမ်ားကို တပုံတပင္ ေတြ႕ေနရပါသည္။ အခ်ိဳ႕ေသာ သူမ်ားသည္ မ်ိဳးရိုးပုေသာေၾကာင့္ သားသမီးမ်ားလည္း မ်ိဳးရိုးလိုက္ၿပီး အရပ္ပုသူမ်ားရွိသည္။ တခ်ိဳ႕သူမ်ားမွာ အေဖ၊အေမ အရပ္ရွည္သေလာက္ သားသမီးမ်ားက အရပ္ပုေနၾက သည္။ ဤျပႆနာမွာ ယခုေနာက္ပိုင္း ျမန္မာနိုင္ငံတြင္ ေနရာေတာ္ေတာ္မ်ားမ်ား ေတြ႕ျမင္ေနရပါသည္။ ျမန္မာနိုင္ငံတြင္ အရပ္ပုညက္လာသည့္ ျပႆနာသာမက ေရာဂါမ်ားလည္း စုံစိလာၿပီး လူ႔သက္တမ္းလည္း တိုလာသည္။ ယခင္ ဖက္ဆစ္ဂ်ပန္လက္ထက္တြင္ ျမန္မာမ်ားသည္ ဂ်ပန္မ်ားကို ဂ်ပုဟုေခၚခဲ့ၾကသည္။ ျမန္မာမ်ား ဝဋ္လည္ေနသလား မသိ။ ယခုအခါ အာဆီယံနိုင္ငံတြင္ ကေမၻာဒီးယား၊ ေရွ႕တီေမာၿပီးလၽွင္ ျမန္မာက တတိယအပုဆုံး စာရင္းတြင္ ေရာက္ေနသည္။

တစ္ဖက္တြင္ ေရာဂါမ်ားလည္း စုံစိလာ၏။ အျဖစ္မ်ားဆုံးေသာ ေရာဂါမ်ားမွာ ကင္ဆာ၊ ေသြးတိုး၊ ဆီးခ်ိဳႏွင့္ ေလျဖတ္ျခင္း၊ ကိုယ္တျခမ္းေသျခင္း၊ အာ႐ုံေၾကာထိခိုက္ျခင္းမ်ားပင္ျဖစ္သည္။ ယခုေနာက္ပိုင္းတြင္ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါမ်ားလည္း အျဖစ္မ်ားလာသည္ကို သတိျပဳမိလာသာ္။ ကမၻာေပၚတြင္ ကင္ဆာေရာဂါအျဖစ္မ်ားဆုံး (၁၀) နိုင္ငံထဲတြင္ ျမန္မာနိုင္ငံပါဝင္ေနပါသည္။ ၂၀၁၄ သန္းေခါင္စာရင္းအရ ျမန္မာနိုင္ငံ၏ ပ်မ္းမၽွသက္တမ္းမွာ ၆ဝႏွင့္ ရဝၾကားတြင္သာ ရွိသည္ဟု ေဖာ္ျပထားပါသည္။ အိမ္နီးခ်င္း နိုင္ငံမ်ားႏွင့္ ႏွိုင္းယွဥ္လၽွင္ သက္တမ္းအနိမ့္ဆုံး နိုင္ငံစာရင္းတြင္ ပါဝင္ေသာ အိႏၵိယ၊ လာအို၊ အေရွ႕တီေမာ နိုင္ငံထက္ သက္တမ္းအနည္းငယ္သာပိုေနသည္ဟု သိရသည္။

ကၽြႏွ္ပ္တို႔ ဘိုးဘြားေဘဘင္ေခတ္က လူသက္တမ္း ရွည္သေလာက္ ယေန႔ကၽြန္ေတာ္တို႔ေခတ္ အဘယ့္ေၾကာင့္ လူသက္တမ္းပိုတို လာရသနည္း။ အက်ိဳးရွိလၽွင္ အေၾကာင္းရွိရမည္။ ထိုအေၾကာင္းတရားမ်ားကို ရွာေဖြနိုင္မွသာလၽွင္ အက်ိဳးတရားကို ထိန္းခ်ဳပ္နိုင္မည္ ျဖစ္သည္။ အေၾကာင္းတရားမ်ားစြာရွိသည့္အနက္ စာေရးသူအေနျဖင့္ မိမိတို႔ေန႔စဥ္ႏွင့္အမၽွ စားသုံးေနေသာ အစားအစာအဟာရႏွင့္ စားေသာက္မႈပုံစံကိုသာ ေျပာျပခ်င္ပါသည္။ ယခုအေၾကာင္းႏွင့္ ပတ္သက္၍ စားေရးဆရာ ခင္ေမာင္းစိုးက “ ျမန္မာနိုင္ငံမွာ ဆင္းရဲသူေတြက အဟာရျပည့္မွီေအာင္ မစားေသာက္နိုင္ၾကသလို ခ်မ္းသာတဲ့သူလည္း က်န္းမာေရးႏွင့္ ကိုက္ညီေအာင္ မစားသုံးနိုင္ၾကဘူး” ဟု ျမန္မာနိုင္ငံႏွင့္ ပတ္သက္၍ ေကာက္ခ်က္ခ်ဖူးပါသည္။

ဟုတ္ပါသည္။ ျမန္မာနိုင္ငံတြင္ အေရွ႕ေတာင္အာရွ အဆင္းရဲဆုံးနိုင္ငံ (၁၀) နိုင္ငံတြင္ နံပတ္(၈)ေနရာ ၌ တည္ရွိေနပါသည္။ နိုင္ငံဆင္းရဲေသာေၾကာင့္ ျပည္သူမ်ား ဝင္ေငြနည္းပါးျခင္း၊ အသိပညာအားနည္းျခင္း တို႔ေၾကာင့္ က်န္းမာေရးအသိပညာ နည္းပါးခဲ့သည္ဟု ျမင္မိပါသည္။ ဆင္းရဲၿပီး မတတ္နိုင္သူမ်ားသည္ အစားအစာ(အသား၊ငါး) လုံလုံေလာက္ေလာက္ မစားသုံးနိုင္ေသာ္လည္း ခ်မ္းသာသူမ်ားသည္ အစားအစာကို စားေသာက္ဆိုင္မ်ားတြင္ ေန႔စဥ္ႏွင့္အမၽွ အလြယ္တကူ ဝယ္စားေနၾကသည္။ ထိုျဖစ္စဥ္ေၾကာင့္ ျမန္မာလူမ်ိဳးမ်ားသည္ အရပ္ပုလာၿပီး ေရာဂါေဝဒနာမ်ား မ်ားမ်ားလာရသည္ဟု ျမင္မိပါသည္။ ပုညႇက္ေသာ လူငယ္ကို အမ်ားအားျဖင့္ ၿမိဳ႕ႀကီးမ်ားတြင္ အေတြ႕မ်ားပါသည္။ ထိုသူမ်ားသည္ ၿမိဳ႕ျပႀကီးမ်ား၏ မသန႔္ရွင္းေသာေရ မသန႔္ရွင္းေသာ အစားအစာမ်ားႏွင့္ ေန႔စဥ္ ထိေတြ႕ေနရသည္ဟု ျမင္မိပါသည္။ တခ်ိဳ႕တိုင္းရင္းသား ေဒသမ်ားတြင္ မိဘမ်ားက မူးယစ္ေဆးဝါးသုံးစြဲမႈ မ်ားျပားလာျခင္း၊ ဝင္ေငြနည္းပါးျခင္းတို႔ေၾကာင့္ ေမြးဖြား လာေသာ ကေလးမ်ား၏  ႀကီးထြားမႈကို ထိခိုက္ေစသည္ဟု ျမင္မိပါသည္။

တစ္ခ်ိဳ႕ေသာ အရာမ်ားသည္ ယဥ္ေက်းမႈႏွင့္ ဆက္ႏြယ္ေနေသာေၾကာင့္ ေရာဂါမ်ားျဖစ္နိုင္ေစနိုင္သည္ဟု သိေနသည့္တိုင္ေအာင္ ကၽြႏုပ္တို႔ မ်က္ကြယ္ျပဳေနသည့္ အရာမ်ားစြာ ရွိေနပါသည္။  ဥပမာ - ဆန္သည္ ဘိုးဘြားေဘဘင္ ေခတ္ကတည္းက စားသုံးလာသည္ျဖစ္ေသာေၾကာင့္ ထမင္းႏွင့္ဟင္းသည္ ျမန္မာလူမ်ိဳးတို႔၏ ယဥ္ေက်းမႈ အစားအစာပင္ျဖစ္ေနပါသည္။ သို႔ေသာ္လည္း က်န္းမာေရးရႈေထာင့္မွၾကည့္လၽွင္ ကၽြႏုပ္တို႔ စားသုံးေနေသာ ထမင္းတြင္ ကယ္လိုရီဓာတ္မ်ားစြာ ပါဝင္ၿပီး လူကို ေသြးတိုး၊ ဆီးခ်ိဳ ေရာဂါ ျဖစ္ေစနိုင္ၿပီး အဝလြန္ေရာဂါလည္း ျဖစ္ေစနိုင္ပါသည္။ ထို႔ေၾကာင့္ ကမၻာေပၚတြင္ ဆန္ထက္ ဂ်ဳံ၊ ပဲမ်ားကို ပိုမိုစားသုံးလာသည္ကို ေတြ႕ရမည္ ျဖစ္သည္။ (ခၽြင္းခ်က္အေနျဖင့္ ထမင္းကို စားသုံးေသာ ေတာင္သူလုပ္သားမ်ားအေနျဖင့္ ကိုယ္လက္လႈပ္ရွားမႈ အျမဲရွိေသာေၾကာင့္ ကယ္လိုရီဓာတ္မ်ားကို ျပန္လည္ေခ်ပေပးသည္ဟု ျမင္မိပါသည္)။  တစ္ဖက္တြင္ ျမန္မာလူမ်ိဳးတို႔သည္ ဟင္းခ်ိဳမႈန႔္၊ ၾကက္သားမႈန႔္ႏွင့္ စားသုံးဆီမ်ားကို အလြန္ႀကိဳက္ႏွစ္သက္ပုံရသည္။ ဟင္းခ်ိဳမႈန႔္မပါလၽွင္ မစားတတ္၊ ဆီနည္းလၽွင္ မစားတတ္သည္မွာ ျမန္မာလူမ်ိဳးတို႔၏ ယဥ္ေက်းမႈတစ္ရပ္ပင္ ျဖစ္လာသည္။ အခ်ိဳမႈန႔္စားသုံးျခင္းေၾကာင့္ ျမန္မာနိုင္ငံသည္ ကင္ဆာ၊ ေသြးတိုး၊ ဆီးခ်ိဳ ေရာဂါ ထူထပ္လာရသည္။ ယခုေနာက္ပိုင္းတြင္ ေပၚေသာ ၾကက္သားမႈန႔္တို႔သည္ အခ်ိဳမႈန႔္ႏွင့္ တာရွည္ခံမွိုသတ္ေဆးမ်ား၊ ဓာတုပစၥည္းမ်ား ပါဝင္ေသာေၾကာင့္ အခ်ိဳမႈန႔္ထက္ အဆေပါင္းမ်ားစြာ ပိုမိုဆိုးရြားသည္ဟု ျမန္မာနိုင္ငံစားသုံးသူကာကြယ္ေရးအသင္းက ထုတ္ျပန္ထားပါသည္။

ျမန္မာလူမ်ိဳးမ်ားကို ေရာဂါထူ သက္တမ္းတိုေစသည့္ အျခားအဓိကအေၾကာင္းရင္းမွာ မသန႔္ရွင္းေသာ အစားအစာမ်ားပင္ ျဖစ္သည္။ ျမန္မာနိုင္ငံတြင္ မသန႔္ရွင္းေသာ အစားအစာမည္မၽွပင္ ျပန႔္ႏွံ့ေနမည္နည္း။ ေတြးၾကည့္႐ုံႏွင့္ ေသနိုင္ေလာက္ပါသည္။ ကၽြႏုပ္တို႔ေန႔စဥ္ စားသုံးေနေသာ အစားအစာသည္ ဓာတုပစၥည္းမ်ား မပါရွိပါဟုမည္မၽွ အာမခံခ်က္ရွိသနည္း။ ကၽြႏုပ္တို႔ စားသုံးေနေသာ ဆီသည္ အျခားေသာဆီ တစ္မ်ိဳးမ်ိဳးႏွင့္ မေရာေႏွာပါဟုမည္မၽွ သိနိုင္သနည္း။ တခ်ိဳ႕ဆီမ်ားျဖစ္သည့္ မသန႔္ရွင္းေသာဆီမ်ား၊ အေၾကာ္ခံဆီမ်ား၊ ျပန္ေၾကာ္ဆီမ်ားသည္ လူကို ကင္ဆာေရာဂါျဖစ္နိုင္ေၾကာင္း သိရသည္။ ယခုအခါ ျမန္မာလူမ်ိဳးမ်ားသည္ ဆီေကာင္းမေကာင္းကို ေလ့လာသုံးသပ္ခ်ိန္ပင္ မရွိေတာ့ဘဲ အလြယ္တကူ ရရွိေနေသာဆီမ်ားကိုသာ စားသုံးေနၾကသည္။ ထို႔ေၾကာင့္ တစ္ေန႔တျခား ကင္ဆာရသူမ်ား၊ ႏွလုံးေသြးေၾကာက်ဥ္းသူမ်ား မ်ားလာ ေနရသည့္ အခ်က္ထဲတြင္ စားသုံးဆီ၏ အရည္အေသြး မျပည့္မွီမႈႏွင့္ အလြန္အကၽြံသုံးစြဲမႈမ်ားပင္ ျဖစ္သည္။

တစ္ဖက္ စားသုံးကုန္မ်ားတြင္လည္း သက္တမ္းမပါေသာ အစားအစာ၊ အသားငါးမ်ား၊ မုန႔္မ်ား၊ သက္တမ္းလြန္ေသာ အစားစာမ်ား၊ မုန႔္မ်ား၊ ဓာတုပစၥည္းမ်ားျဖင့္ တာရွည္ခံေအာင္ အသုံးျပဳထားေသာ အစားအစာမ်ားကို မသိက်ိဳးကၽြံျပဳ စားသုံးေနၾကျခင္း ျဖစ္သည္။ ျမန္မာနိုင္ငံရွိ ေစ်းတန္း၊ ေစ်းဆိုင္မ်ားတြင္ ေရာင္းခ်ေနေသာ တ႐ုတ္နိုင္ငံထုတ္ အစားအစာမ်ားသည္ မ်ားေသာအားျဖင့္ တားျမစ္ေဆး၊ ဓာတုေဆး၊ ပိုးသတ္ေစး၊ ပါဝါသၾကားမ်ားကို အလြန္အကၽြံအသုံးျပဳထားသည္ဟု စားသုံးသူကာကြယ္ေရးအသင္းက ဆိုထားသည္။ အကင္မ်ားတို႔စားရန္ ျပဳလုပ္ထားေသာ အခ်ဥ္ရည္မ်ား တြင္ပါဝင္ေသာ င႐ုတ္ဆီ၊ င႐ုတ္ခ်ဥ္ရည္မ်ားတြင္  ဆာလဖ်ဴရစ္အက္ဆစ္မ်ား သုံးထားေသာေၾကာင့္ အစာအိမ္ကို ထိခိုက္နိုင္ပါသည္။ အက္ဆစ္ႏွင့္ ဆိုးေဆးမ်ားသည္ ေလျဖတ္ျခင္း၊ ကိုယ္တစ္ျခမ္းေသျခင္း၊ အာ႐ုံေၾကာထိခိုက္ပ်က္စီးျခင္းကို ျဖစ္ေပၚေစေၾကာင့္ သိရပါသည္။ ဤသို႔ဆိုလၽွင္ အဆိုပါ အစားအစာမ်ားကို ျမန္မာလူမ်ိဳးအေနျဖင့္ ေန႔စဥ္မည္မၽွပင္ စားသုံးေနပါသနည္း။ ေတြးၾကည့္လၽွင္ စိတ္မခ်မ္းသာေပ။

ဤကဲ့သို႔ေသာ လက္ရွိျမန္မာနိုင္ငံ၏ စားေသာက္ေနထိုင္မႈ အေျခအေနသည္ ျမန္မာလူမ်ိဳးမ်ားကို က်န္းမာေရးထိခိုက္ေစၿပီး သက္တမ္းတိုလာေအာင္ တြန္းပို႔ေနသည္ဟု ျမင္မိပါသည္။ နိုင္ငံတစ္နိုင္ငံ တိုးတက္ရန္အတြက္ နိုင္ငံအတြင္းရွိ ေနထိုင္ၾကေသာ ျပည္သူျပည္သားမ်ား က်န္းမာသန္စြမ္းရန္ လိုအပ္ပါသည္။ က်န္းမာမွ အရာရာကို စြမ္းေဆာင္နိုင္မည္။ ထို႔ေၾကာင္ ျမန္မာျပည္သူျပည္သားမ်ားအားလုံး က်န္းမာသန္စြမ္းေသာဘဝမ်ားကို ပိုင္ဆိုင္နိုင္ရန္အတြက္ အစိုးရအေနျဖင့္လည္း ထိန္းကြပ္ႀကီးၾကပ္ေပးရန္လိုအပ္သကဲ့သို႔ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးအသိတရားျဖင့္ ဆင္ျခင္စားေသာက္ၾကရန္ လိုအပ္ပါသည္။ ျမန္မာျပည္သူ ျပည္သားမ်ားအေနျဖင့္ အခ်ိန္မလြန္ခင္ အစားအစာမ်ားကို ဆင္ဆင္ျခင္ျခင္ စားသုံးၾကၿပီး နိုင္ငံအတြက္ အေထာက္အကူျပဳနိုင္ေသာ က်န္မားသန္စြမ္းသည့္ ျပည္သူမ်ား ျဖစ္ၾကပါေစလိုေၾကာင္း ဆုေတာင္းလ်က္ ေရးသားတင္ျပလိုက္ပါသည္။


နဂ့ါခြန္
Powered by Blogger.