Thursday, December 12, 2019

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF) နှစ်(၂၀)ပြည့်အား ဂုဏ်ပြုပါသည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်


အနောက်တိုင်းနိုင်ငံများနှင့် ကမ္ဘာ့တစ်ဝှမ်းလုံးတွင်လူကြိုက်အများဆုံးဖြစ်သော ဘောလုံးအားကစား သည် မြန်မာနိုင်ငံအတွင်းတွင်လည်း စိတ်ပါဝင်စားစွာ ရာသီမရွေးကစားနေကြပြီဖြစ်သည်။ ကစားကွင်း အတွင်း၌ တစ်ဖက်နှင့်တစ်ဖက် ဘောလုံးကို အပြိုင်အဆိုင်အရှုံးအနိုင်ကန်၍ ဂိုးသွင်းကစားခြင်းနှင့် ဘောလုံးကိုခြေဖြင့်ကန်၍ ဂိုးသွင်းကစားခြင်းကို ဘောလုံးကစားခြင်းဟုခေါ်သည်။

ပအိုဝ်းဒေသသည် ဝေးလံခေါင်သီး တောတောင်ထူထပ်သောဒေသတစ်ခုဖြစ်ပြီး ပအိုဝ်းဒေသကျေးရွာများသို့ သွားရောက်ရန် လမ်းပန်းဆက်သွယ်ရေးများ လွန်စွာခက်ခဲချို့တဲ့လှပါသည်။ ထို့ကြောင့် မြို့နယ်အဆင့် အုပ်ချုပ်သူများ၊ ခရိုင်အဆင့်အုပ်ချုပ်သူများ၊ ပြည်နယ်အဆင့်အုပ်ချုပ်သူများ သာမက တိုင်းပြည်ခေါင်းဆောင်အတော်များများက ဥပေက္ခာပြုခြင်းခံရသောကြောင့် ပအိုဝ်းဒေသသည် နှစ်ကာလပေါင်းများစွာ ခေတ်နောက်ကျခဲ့၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးသာမက အသိဉာဏ် ပညာရေးဖွံ့ဖြိုးမှု လွန်စွာခေတ်နောက်ကျနေသောဒေသတွင် အပါအဝင်ဖြစ်နေပါသည်။

ထိုအချိန်ကာလသည် နယ်မြေဒေသလုံခြုံမှုကင်းမဲ့ခြင်း၊ လမ်းပန်းဆက်သွယ်မှုမကောင်းခြင်းကို အခွင့်ကောင်းယူကာ ၀ိသမလောဘသားများသည် ဘိန်းစိုက်ပျိုးရေးကို နည်းမျိုးစုံဖြင့် စျေးကွက်ရှာစိုက်ပျိုးရောင်းဝယ်လာကြသည်။ မူးယစ်ဆေးဝါးဘိန်းစိုက်ပျိုးမှု၊ရောင်းဝယ်မှု၊ စားသုံးမှုများကို ထိရောက်စွာ မဟန့်တားနိုင်ဘဲ ဥပဒေမဲ့သကဲ့သို့ စီးပွားရေးသမားများက တွင်တွင်ကျယ်ကျယ်ဝင်ရောက်ရောင်းဝယ်နေကြသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးခြင်းအရေးယူခြင်း၊ ပြစ်ဒဏ်ပေးခြင်း ထိရောက်မှုမရှိ၍ တရားဝင် ရောင်းဝယ်နေသည့် အခြေအနေဆိုက်ရောက်နေပါသည်။ ရပ်ရွာရှိလူငယ်များ မျိုးဆက်သစ်များ ရင်ဆိုင်ကြုံတွေ့ရသည့် အန္တရာယ်များကို ရပ်မိရပ်ဖ၊ ဒေသမိဘခံပြည်သူများ စိုးရိမ်ပူပန်လာကြပါသည်။ ကျေးရွာအကြီးအကဲများ၊ ကျေးရွာအုပ်စုအကြီးအကဲများသာမက ကျောင်းထိုင်ဆရာတော်များကပါ နိုင်ငံတော်အစိုးရနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)များထံ မူးယစ်ဆေး အန္တရာယ်တားဆီးရေးကို နိုင်ငံတော်တာဝန်ရှိသူများထံ တင်ပြပေးရန် အကူအညီတောင်းခံလာကြပါသည်။

ထို့ကြောင့် ရာဇဝတ်မှုများ တိုးပွားများပြားလာရခြင်းနှင့် အမျိုးဘာသာသာသနာအထိပါ ထိခိုက်နစ်နာစေသဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တစ်ဖက်တစ်လမ်းကြိုတင်ကာကွယ်နိုင်စေရန်အတွက် လူငယ်များ စိတ်ပါဝင်စားသော ပအိုဝ်းမိဘပြည်သူများနှစ်သက်သော ဘောလုံးပွဲများ ပအိုဝ်းဒေသ၌ သင့်လျော်သော နေရာဒေသများတွင် လူငယ်များ စိတ်ပါဝင်စားသော ဘောလုံးပွဲများ ကျင်းပပေးနိုင်ရန် ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

ထို့နောက် ပအိုဝ်းလူငယ်ဘောလုံးအသင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဘောလုံးပြိုင်ပွဲသာမက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများပါသွားရောက် ယှဉ်ပြိုင် ကစားခဲ့ကြရသည်။ တောင်သာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁ခုနှစ်များတွင် သုံးနှစ်ဆက်တိုက် ပထမဆွတ်ခူးခဲ့သည်။ ကူမဲအနော်ရထာဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ၂၀၀၁၊ ၂၀၀၂နှင့်၂၀၀၄-ခုနှစ်များတွင် သုံးကြိမ်ပထမရရှိခဲ့ပြီး ကယားပြည်နယ် ဘောလုံးပြိုင်ပွဲများတွင်လည်း ပထမဆုစသည့် ဆုအသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ဒေသအတွင်းလူငယ်လူရွယ်များ ဘောလုံးအားကစား ပို၍စိတ်ပါဝင်စားလာစေရေးနှင့် ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားကျေးရွာဘောလုံးကွင်းကို တည်ဆောက်ပေးခဲ့သည်။ အဆိုပါ နောင်ကားဘောလုံးကွင်းတွင် ၂၀၀၀-ပြည့်နှစ်မှ စ၍ ယနေ့အချိန်ထိ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ဒေသအဆင့်စသည့်ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်အနေဖြင့် အားကစားဝန်ကြီးဌာန၏ ခံယူချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို အလေးထား၍ တိကျစွာ လိုက်နာဆောင်ရွက်ခဲ့သဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် ဘောလုံးအားကစားသမားများသာမက ရန်ကုန်အဆင့်မြင့်တန်း ပတ္တမြားနဂါးအသင်း၊ အဆင့်မြင့်တန်း စွမ်းအင်ရေနံအသင်းစသည့် အဆင့်မြင့်တန်းများထဲတွင် အားကစားသမားများကို စေလွှတ်နိုင်ခဲ့သည်။

နောင်ကားဘောလုံးပွဲသည် တစ်ဒေသနှင့်တစ်ဒေသသော်လည်းကောင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သော်လည်းကောင်း တစ်ဦးနှင့်တစ်ဦးသော်လည်းကောင်း အပြန်အလှန်ခင်မင်ရင်းနှီးစွာ ဆုံဆည်းခွင့်ရရှိစေရန်နှင့် လူငယ်လူရွယ်များသည် အရက်သေစာမူးယစ်ဆေးဝါးများနှင့်ကင်းဝေးပြီး အားကစားဘက်သို့ ပိုမိုစိတ်ပါဝင်စား၍ စည်းလုံးညီညွှတ်မှုရှိရန် ရည်ရွယ်ပြီး နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ထို့ကြောင့်အထူးဒေသ(၆)အနေဖြင့်သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့်သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့အနေဖြင့်လည်းကောင်း၊ ပအိုဝ်းဘောလုံးအသင်းအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်နှင့် အးကစားဝန်ကြီးဌာန၏ အားကစားလုပ်ငန်းများအဆင့်တန်းရှိရှိ ကျင်းပနိုင်စေရန်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားကဏ္ဍဖြင့် မြှင့်တင်ရန် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွာလာစေရန် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဟူသော ရည်မှန်းချက်နှင့်အညီ အားကစားလောက ပြန်လည်ထွန်းတောက်လာစေရန် ကြိုးပမ်းလုပ်ဆောင်နေသည်များကို တွေ့မြင်ရပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ထိုထဲင်းမို့

ကိုးကားချက် - ပြည်ထောင်စုထဲကပအိုဝ်း 

ပအိုဝ္းအမ်ိဳးသားေဘာလုံးအဖြဲ႕ခ်ဳပ္(PNFF) ႏွစ္(၂၀)ျပည့္အား ဂုဏ္ျပဳပါသည္

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၁၂)ရက္

အေနာက္တိုင္းနိုင္ငံမ်ားႏွင့္ ကမၻာ့တစ္ဝွမ္းလုံးတြင္လူႀကိဳက္အမ်ားဆုံးျဖစ္ေသာ ေဘာလုံးအားကစား သည္ ျမန္မာနိုင္ငံအတြင္းတြင္လည္း စိတ္ပါဝင္စားစြာ ရာသီမေရြးကစားေနၾကၿပီျဖစ္သည္။ ကစားကြင္း အတြင္း၌ တစ္ဖက္ႏွင့္တစ္ဖက္ ေဘာလုံးကို အၿပိဳင္အဆိုင္အရႈံးအနိုင္ကန္၍ ဂိုးသြင္းကစားျခင္းႏွင့္ ေဘာလုံးကိုေျချဖင့္ကန္၍ ဂိုးသြင္းကစားျခင္းကို ေဘာလုံးကစားျခင္းဟုေခၚသည္။

ပအိုဝ္းေဒသသည္ ေဝးလံေခါင္သီး ေတာေတာင္ထူထပ္ေသာေဒသတစ္ခုျဖစ္ၿပီး ပအိုဝ္းေဒသေက်းရြာမ်ားသို႔ သြားေရာက္ရန္ လမ္းပန္းဆက္သြယ္ေရးမ်ား လြန္စြာခက္ခဲခ်ိဳ႕တဲ့လွပါသည္။ ထို႔ေၾကာင့္ ၿမိဳ႕နယ္အဆင့္ အုပ္ခ်ဳပ္သူမ်ား၊ ခရိုင္အဆင့္အုပ္ခ်ဳပ္သူမ်ား၊ ျပည္နယ္အဆင့္အုပ္ခ်ဳပ္သူမ်ား သာမက တိုင္းျပည္ေခါင္းေဆာင္အေတာ္မ်ားမ်ားက ဥေပကၡာျပဳျခင္းခံရေသာေၾကာင့္ ပအိုဝ္းေဒသသည္ ႏွစ္ကာလေပါင္းမ်ားစြာ ေခတ္ေနာက္က်ခဲ့၍ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရးသာမက အသိဉာဏ္ ပညာေရးဖြံ့ၿဖိဳးမႈ လြန္စြာေခတ္ေနာက္က်ေနေသာေဒသတြင္ အပါအဝင္ျဖစ္ေနပါသည္။

ထိုအခ်ိန္ကာလသည္ နယ္ေျမေဒသလုံျခဳံမႈကင္းမဲ့ျခင္း၊ လမ္းပန္းဆက္သြယ္မႈမေကာင္းျခင္းကို အခြင့္ေကာင္းယူကာ ၀ိသမေလာဘသားမ်ားသည္ ဘိန္းစိုက္ပ်ိဳးေရးကို နည္းမ်ိဳးစုံျဖင့္ ေစ်းကြက္ရွာစိုက္ပ်ိဳးေရာင္းဝယ္လာၾကသည္။ မူးယစ္ေဆးဝါးဘိန္းစိုက္ပ်ိဳးမႈ၊ေရာင္းဝယ္မႈ၊ စားသုံးမႈမ်ားကို ထိေရာက္စြာ မဟန႔္တားနိုင္ဘဲ ဥပေဒမဲ့သကဲ့သို႔ စီးပြားေရးသမားမ်ားက တြင္တြင္က်ယ္က်ယ္ဝင္ေရာက္ေရာင္းဝယ္ေနၾကသည္ကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ဖမ္းဆီးျခင္းအေရးယူျခင္း၊ ျပစ္ဒဏ္ေပးျခင္း ထိေရာက္မႈမရွိ၍ တရားဝင္ ေရာင္းဝယ္ေနသည့္ အေျခအေနဆိုက္ေရာက္ေနပါသည္။ ရပ္ရြာရွိလူငယ္မ်ား မ်ိဳးဆက္သစ္မ်ား ရင္ဆိုင္ၾကဳံေတြ႕ရသည့္ အႏၲရာယ္မ်ားကို ရပ္မိရပ္ဖ၊ ေဒသမိဘခံျပည္သူမ်ား စိုးရိမ္ပူပန္လာၾကပါသည္။ ေက်းရြာအႀကီးအကဲမ်ား၊ ေက်းရြာအုပ္စုအႀကီးအကဲမ်ားသာမက ေက်ာင္းထိုင္ဆရာေတာ္မ်ားကပါ နိုင္ငံေတာ္အစိုးရႏွင့္ ေဒသဖြံ့ၿဖိဳးတိုးတက္ေရး ေဆာင္ရြက္ေနေသာ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)မ်ားထံ မူးယစ္ေဆး အႏၲရာယ္တားဆီးေရးကို နိုင္ငံေတာ္တာဝန္ရွိသူမ်ားထံ တင္ျပေပးရန္ အကူအညီေတာင္းခံလာၾကပါသည္။

ထို႔ေၾကာင့္ ရာဇဝတ္မႈမ်ား တိုးပြားမ်ားျပားလာရျခင္းႏွင့္ အမ်ိဳးဘာသာသာသနာအထိပါ ထိခိုက္နစ္နာေစသျဖင့္ မူးယစ္ေဆးဝါးအႏၲရာယ္ တစ္ဖက္တစ္လမ္းႀကိဳတင္ကာကြယ္နိုင္ေစရန္အတြက္ လူငယ္မ်ား စိတ္ပါဝင္စားေသာ ပအိုဝ္းမိဘျပည္သူမ်ားႏွစ္သက္ေသာ ေဘာလုံးပြဲမ်ား ပအိုဝ္းေဒသ၌ သင့္ေလ်ာ္ေသာ ေနရာေဒသမ်ားတြင္ လူငယ္မ်ား စိတ္ပါဝင္စားေသာ ေဘာလုံးပြဲမ်ား က်င္းပေပးနိုင္ရန္ ပအိုဝ္းအမ်ိဳးသား ေဘာလုံးအဖြဲ႕တစ္ဖြဲ႕ကို ဖြဲ႕စည္းၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ အားလုံးသေဘာတူ ဆုံးျဖတ္ခဲ့ၾကပါသည္။

ထို႔ေနာက္ ပအိုဝ္းလူငယ္ေဘာလုံးအသင္းသည္ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသအတြင္း ေဘာလုံးၿပိဳင္ပြဲသာမက စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ကယားျပည္နယ္ ဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲမ်ားပါသြားေရာက္ ယွဥ္ၿပိဳင္ ကစားခဲ့ၾကရသည္။ ေတာင္သာဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲကို ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁ခုႏွစ္မ်ားတြင္ သုံးႏွစ္ဆက္တိုက္ ပထမဆြတ္ခူးခဲ့သည္။ ကူမဲအေနာ္ရထာဖိတ္ေခၚ ေဘာလုံးၿပိဳင္ပြဲကို ၂၀၀၁၊ ၂၀၀၂ႏွင့္၂၀၀၄-ခုႏွစ္မ်ားတြင္ သုံးႀကိမ္ပထမရရွိခဲ့ၿပီး ကယားျပည္နယ္ ေဘာလုံးၿပိဳင္ပြဲမ်ားတြင္လည္း ပထမဆုစသည့္ ဆုအသီးသီး ဆြတ္ခူးရရွိခဲ့ၾကသည္။

ေဒသအတြင္းလူငယ္လူရြယ္မ်ား ေဘာလုံးအားကစား ပို၍စိတ္ပါဝင္စားလာေစေရးႏွင့္ ေဘာလုံး အားကစား ဖြံ့ၿဖိဳးတိုးတက္ေစေရးႏွင့္ ေဘာလုံးအားကစား ဖြံ့ၿဖိဳးတိုးတက္ေစေရးအတြက္ ေက်ာက္တစ္လုံးႀကီးၿမိဳ႕နယ္ခြဲ၊ ေနာင္ကားေက်းရြာအုပ္စု၊ ေနာင္ကားေက်းရြာေဘာလုံးကြင္းကို တည္ေဆာက္ေပးခဲ့သည္။ အဆိုပါ ေနာင္ကားေဘာလုံးကြင္းတြင္ ၂၀၀၀-ျပည့္ႏွစ္မွ စ၍ ယေန႔အခ်ိန္ထိ ေက်းရြာအုပ္စုအဆင့္၊ ၿမိဳ႕နယ္အဆင့္၊ ေဒသအဆင့္စသည့္ၿပိဳင္ပြဲမ်ား စည္ကားသိုက္ၿမိဳက္စြာ က်င္းပနိုင္ခဲ့သည္။

ပအိုဝ္းအမ်ိဳးသားေဘာလုံးအဖြဲ႕ခ်ဳပ္အေနျဖင့္ အားကစားဝန္ႀကီးဌာန၏ ခံယူခ်က္ႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ားကို အေလးထား၍ တိက်စြာ လိုက္နာေဆာင္ရြက္ခဲ့သျဖင့္ ၿမိဳ႕နယ္အဆင့္၊ ခရိုင္အဆင့္၊ တိုင္းႏွင့္ျပည္နယ္အဆင့္ ေဘာလုံးအားကစားသမားမ်ားသာမက ရန္ကုန္အဆင့္ျမင့္တန္း ပတၱျမားနဂါးအသင္း၊ အဆင့္ျမင့္တန္း စြမ္းအင္ေရနံအသင္းစသည့္ အဆင့္ျမင့္တန္းမ်ားထဲတြင္ အားကစားသမားမ်ားကို ေစလႊတ္နိုင္ခဲ့သည္။

ေနာင္ကားေဘာလုံးပြဲသည္ တစ္ေဒသႏွင့္တစ္ေဒသေသာ္လည္းေကာင္း၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ေသာ္လည္းေကာင္း တစ္ဦးႏွင့္တစ္ဦးေသာ္လည္းေကာင္း အျပန္အလွန္ခင္မင္ရင္းႏွီးစြာ ဆုံဆည္းခြင့္ရရွိေစရန္ႏွင့္ လူငယ္လူရြယ္မ်ားသည္ အရက္ေသစာမူးယစ္ေဆးဝါးမ်ားႏွင့္ကင္းေဝးၿပီး အားကစားဘက္သို႔ ပိုမိုစိတ္ပါဝင္စား၍ စည္းလုံးညီညႊတ္မႈရွိရန္ ရည္ရြယ္ၿပီး ႏွစ္စဥ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပနိုင္ခဲ့သည္။

ထို႔ေၾကာင့္အထူးေဒသ(၆)အေနျဖင့္ေသာ္လည္းေကာင္း၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္အေနျဖင့္ေသာ္လည္းေကာင္း၊ ပအိုဝ္းအမ်ိဳးသားေဘာလုံးအဖြဲ႕အေနျဖင့္လည္းေကာင္း၊ ပအိုဝ္းေဘာလုံးအသင္းအေနျဖင့္ေသာ္လည္းေကာင္း၊ နိုင္ငံေတာ္ႏွင့္ အးကစားဝန္ႀကီးဌာန၏ အားကစားလုပ္ငန္းမ်ားအဆင့္တန္းရွိရွိ က်င္းပနိုင္ေစရန္၊ နိုင္ငံေတာ္၏ ဂုဏ္သိကၡာကို အားကစားက႑ျဖင့္ ျမႇင့္တင္ရန္ နိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားမ်ား ေပၚထြာလာေစရန္ “ျမန္မာ့အားကစား ကမၻာကိုလႊမ္းရမည္” ဟူေသာ ရည္မွန္းခ်က္ႏွင့္အညီ အားကစားေလာက ျပန္လည္ထြန္းေတာက္လာေစရန္ ႀကိဳးပမ္းလုပ္ေဆာင္ေနသည္မ်ားကို ေတြ႕ျမင္ရပါေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္။

ခြန္ထိုထဲင္းမို႔


ကိုးကားခ်က္ - ျပည္ေထာင္စုထဲကပအိုဝ္း
Powered by Blogger.