Monday, March 16, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်း ထမ်းဖရားကျေးရွာနေ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ မတ်လ (၁၆) ရက်


မေး။ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ခွန်အောင်ကျော်၏ ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စုအတွင်းရှိ ထမ်းဖရားကျေးရွာအား နိုင်ငံတော် အစိုးရမှ (11 KV) ဓာတ်အားလိုင်း ကူညီဆောင်ရွက်ပေးနိုင်ပါရန်နှင့် စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းမှုအား သက်ဆိုင်ရာ အစိုးရဝန်ကြီး ဌာန၏ ပြန်လည်ဖြေကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဖြေ။ ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စုအတွင်းရှိ ထမ်းဖရားကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် လက်ရှိလျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်သည့် ပါပန့်ကျေးရွာမှ ထမ်းဖရားကျေးရွာသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၃.၅)မိုင်၊ ကျေးရွာတွင်း ၃၃/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ (၁)လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း (၁)မိုင် တည်ဆောက်ပေးရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းတင်ပြသွားနိုင်ရေး မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီတွင် ပထမ ဦးစားပေး အဆင့် ထည့်သွင်းလျာထားပြီး ပြည်နယ်အဆင့်မှ တဆင့် ဦးစားပေး အစီအစဉ်အလိုက် ထည့်သွင်းတင်ပြ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့

Powered by Blogger.