Thursday, March 19, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် တိလုံးကျေးရွာအုပ်စုအတွင်း နေ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ မတ်လ (၂၀) ရက်


မေး။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်၏ ဟိုပုံးမြို့နယ်၊ ကျောက်တန်းနှင့် တိလုံကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသည့် လမ်းပိုင်းအား နိုင်ငံတော်အစိုးရမှ ဖောက်လုပ်ပေးနိုင်ပါရန်နှင့် ၎င်းမှတဆင့် ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ်
အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ပါရန် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဖြေ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုနှင့် တိလုံကျေးရွာ အုပ်စုတို့ကို ဆက်သွယ်သည့် သက်သာ - ဟွေ့လုံ - ဟိုဟွေ့ - အွဲ့ခြံ - ထီဖူး လမ်းအရှည် (၁၃)မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။

အဆိုပါလမ်းအား အဆင့်မြှင့်တင်ပြီးပါက ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၃၁၁)အိမ်၊ လူဦးရေ(၁၅၀၀) ခန့်တို့ကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သင်သာ - ဟွေ့လုံ - ဟိုဟွေ့ - အွဲ့ခြံ - ထီဖူးလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ၊ ဦးစားပေးအဆင့်(၃)တွင် ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ကာလများ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲ၀ေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောာင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့

Powered by Blogger.