Monday, March 23, 2020

ဟိုပုံး မြို့နယ် ကျောက္ကချားစံပြကျေးရွာနှင့် လိုက်ကတူးကျေး ရွာသို့ ဖောက်လုပ်ရန် ကျန်ရှိသည့်လမ်းပိုင်း (၂/၃)မိုင်အား နိုင်ငံတော်အစိုးရမှ လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေရန်

တောင်ကြီး၊ မတ်လ (၂၄) ရက်


ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်မှ ဟိုပုံး မြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားစံပြကျေးရွာနှင့် လုံဟေးကျေးရွာအုပ်စု လိုက်ကတူးကျေး ရွာသို့  အပြန်အလှန်ဆက်သွယ်ထားသည့် ကျေးရွာအုပ်စုချင်းဆက် (၄/၆)မိုင်လမ်းကို ဖောက်လုပ်ရန် ကျန်ရှိသည့်လမ်းပိုင်း (၂/၃)မိုင်အား နိုင်ငံတော်အစိုးရမှ လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေး နိုင်ပါရန်နှင့် ထိုမှတစ်ဆင့် ဘဏ္ဍာရေးနှစ်အလိုက် ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့် မြင့်တင်ပေးနိုင်ပါရန် ဒေသခံပြည်သူများကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနသို့ မေး မြန်းခဲ့ပါသည်။

အဆိုပါ မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဖြေကြား ရာတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားစံပြကျေးရွာမှ လုံဟေးကျေးရွာအုပ်စု လိုက်ကတူးကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာ ချင်းဆက်လမ်း အရှည်(၄/၆)မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။

ဟိုပုံးမြို့နယ်အတွင်း KFW အစီအစဉ် Phase V  ဖြင့် ဆောင်ရွက်မည့် နမ့်ပေါဆွမ်း - လိုက်ကတူးလမ်း (၃/၂)မိုင်အား ကတ္တရာလမ်းခင်းရန် ပါဝင်လာသဖြင့် ဆက်လက်၍ ကျောက္ကချား စံပြကျေးရွာမှ လိုက်ကတူးကျေးရွာအထိ တစ်ဆက်တစ်စပ်တည်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ကူညီ ထောက်ပံ့နိုင်ရေး ညှိနှိုင်းတောင်းခံထားပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဟိုပုံးမြို့နယ်အတွင်းရှိ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားစံပြကျေးရွာမှ လုံဟေး ကျေးရွာအုပ်စု လိုက်ကတူးကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်းအား KFW အ ထောက်အပံ့အစီအစဉ်ဖြင့် လမ်းအဆင့်မြင့်တင် ဆောင်ရွက်ရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန

Powered by Blogger.