Thursday, March 12, 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ PYO သင်တန်းသား/သူများအား လက်ခံတွေ့ဆုံ

တောင်ကြီး၊ မတ်လ၊ ၁၂ ရက်








ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိတာဝန်ရှိသူများသည်ပအိုဝ်းလူငယ်အ ဖွဲ့အစည်း(PYO)မှ သင်တန်းသား/သူများအား ဒီကနေ့ မတ်လ၊ ၁၂ ရက်၊  PNO ဗဟိုဌာနချုပ်ရုံးတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ လက်ခံတွေ့ဆုံရခြင်းမှာ PYO သည် လက်ရှိတွင် လူငယ်များအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားလည်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လှမ်းမှ ပါဝင်တွန်းအားပေးနိုင်ရန်နှင့် သင်တန်းပြီးဆုံးပါက အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုလက်ရှိတွင် လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် သင်တန်းများ ဖွင့်လှစ်ပေးနေပြီး သင်တန်းသား/သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများအကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ လာရောက်တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် PYO သင်တန်းသား/သူများများမှ သိရှိလိုသော PNO သမိုင်းကြောင်းများ၊ PNOနှင့် ၂၀၂၀ ရွေးကောက်ပွဲအခြေအနေများ၊ PNO နှင့် လူငယ်အခန်းကဏ္ဍများ၊ PNO ပါတီဖြစ်ပေါ်လာသည့်အကြောင်းများနှင့် ဒေသဖွ့ံဖြိုးရေးလုပ်ငန်းအကြောင်းများကို PNO ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ဆွေးနွေးဖြေကြားပေးခဲ့ပြီး အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။



နဂါ့ခွန်

Powered by Blogger.