Wednesday, July 29, 2020

တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း နန်းရီရီဝင်း ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်ခြင်း

တောင်ကြီး၊ ဇူလိုင်လ (၂၉) ရက်


တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)တွင် ပါဝင်သော ညောင်ဖြူစခန်းရပ်ကွက်(တောင်ကြီးမြို့)၊ မင်္ဂလာဦးရပ်ကွက်(တောင်ကြီးမြို့)၊ ရတနာသီရိရပ်ကွက်(တောင်ကြီးမြို့)၊ ပြည်တော်သာရပ်ကွက်(တောင်ကြီးမြို့)၊ ချမ်းမြသာစည်ရပ်ကွက်(တောင်ကြီးမြို့)၊ ကန်အောက်ရပ်ကွက်(တောင်ကြီးမြို့)၊ ကံအောက်ရပ်ကွက်(တောင်ကြီးမြို့)၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်(တောင်ကြီးမြို့)၊ ရွှေတောင်ရပ်ကွက်(တောင်ကြီးမြို့)၊ ဈေးပိုင်းရပ်ကွက်(တောင်ကြီးမြို့)၊ စိန်ပန်းရပ်ကွက်(တောင်ကြီးမြို့)၊ ဟော်ကုန်းရပ်ကွက်(တောင်ကြီးမြို့)၊ လမ်းမတော်ရပ်ကွက်(တောင်ကြီးမြို့)၊ သစ်တောရပ်ကွက်(တောင်ကြီးမြို့)၊ ကံသာရပ်ကွက်(တောင်ကြီးမြို့)၊ မြို့မရပ်ကွက်(တောင်ကြီးမြို့)၊ ချမ်းသာရပ်ကွက်(တောင်ကြီးမြို့)၊ ကျောင်းကြီးစုရပ်ကွက်(တောင်ကြီးမြို့)၊ ကံကြီးရပ်ကွက်(တောင်ကြီးမြို့)၊ တပုရွေးရပ်ကွက်(ကျောက်တလုံးကြီးမြို့)၊ ဒုံအုံးရပ်ကွက်(ကျောက်တလုံးကြီးမြို့)၊ နောင်လုံရပ်ကွက်(ကျောက်တလုံးကြီးမြို့)၊ ထီလုံရပ်ကွက်(ကျောက်တလုံးကြီးမြို့)၊ လင်းနားရပ်ကွက်(ကျောက်တလုံးကြီးမြို့)၊ ကောင်ဝိန်းရပ်ကွက်(ကျောက်တလုံးကြီးမြို့)၊ အသုံးတော်ကျေးရွာအုပ်စု၊ နောင်းကားကျေးရွာအုပ်စု၊ နားဟီကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ပစ်ကျေးရွာအုပ်စု၊ နောင်ပစ်ကျေးရွာအုပ်စု၊ နောင်လေကျေးရွာအုပ်စု၊ ဖာမွန်ကျေးရွာအုပ်စု၊ ထီးဖောင်းကျေးရွာအုပ်စုနှင့် နမ်းဆီးကျေးရွာအုပ်စု အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းရီရီဝင်း ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်တင်ပြအပ်ပါသည်။


၁။ အမည် - ဒေါ်နန်းရီရီဝင်း
၂။ အခြားအမည်ရှိလျှင် - နန်းလုံခမ်း
၃။ လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ၁၃/တကန(နိုင်) ၁၃၇၁၁၆
၅။ မွေးသက္ကရာဇ်/အသက် - ၁၁ - ၁၀ - ၁၉၇၈
၆။ မွေးဖွားရာဇာတိ - ထီလုံရပ်ကွက်၊ 
                                                                              ကျောက်တလုံးကြီးမြို့
၇။ ပညာအရည်အချင်း - B.Sc(Phys), MPA(Master Of 
                                               Public Administration)
၈။ လက်ရှိအလုပ်အကိုင် - Ruby Dragon Group of 
             Companies
၉။ ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ ဖော်ပြရန် - 
         အ.ထ.က(၄) တောင်ကြီး၊ တောင်ကြီးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွေ့လုပ်ကိုင်ခဲ့သည့် နေရာများ ဖော်ပြရန် -
Red Mountain Production Co.Ltd,j (Marketing Manger)
Ruby Dragon Group of Companies
Tour Guide(ဧည့်လမ်းညွန်)
(ဂ) ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များ ဖော်ပြရန် -
မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အဖွဲ့ဝင်၊
ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး၊ အတွင်းရေးမှူး၊
ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
#Pa-O National Organization

တောင်ကြီးမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးခွန်ထွန်းရွှေ ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်ခြင်း

တောင်ကြီး၊ ဇူလိုင်လ (၂၉) ရက်


တောင်ကြီးမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်သော ရေအေးကွင်းရပ်ကွက်(တောင်ကြီးမြို့)၊ စစ်စံထွန်းရပ်ကွက်(တောင်ကြီးမြို့)၊ ဘုရားဖြူရပ်ကွက်(တောင်ကြီးမြို့)၊ အမှတ်(၁)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၂)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၃)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၄)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၅)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၆)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၇)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၈)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၉)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၁၀)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၁၁)ရပ်ကွက်(အေးသာယာမြို့)၊ အမှတ်(၁၂)ရပ်ကွက်(အေးသာယာမြို့)၊ လှိုင်ဘုံသာရပ်ကွက်(ရွှေညောင်မြို့)၊ သုခချမ်းသာရပ်ကွက်(ရွှေညောင်မြို့)၊ ရွှေဘုံသာရပ်ကွက်(ရွှေညောင်မြို့)၊ ဓနသိဒ္ဓိရပ်ကွက်(ရွှေညောင်မြို့)၊ ရတနာရပ်ကွက်(ရွှေညောင်မြို့)၊ မင်္ဂလာရွှေဗဟိုရပ်ကွက်(ရွှေညောင်မြို့)၊ မင်္ဂလာအောင်မြေရပ်ကွက်(ရွှေညောင်မြို့)၊ ဆည်လဲရပ်ကွက်(ရွှေညောင်မြို့)၊ စဉ့်ဟယ်ရပ်ကွက်(ရွှေညောင်မြို့)၊ အောင်သပြေရပ်ကွက်(ရွှေညောင်မြို့)၊ မင်္ဂလာရပ်ကွက်(ရွှေညောင်မြို့)၊ နန်းဟောင်းကျေးရွာအုပ်စု၊ လွယ်ကော်ကျေးရွာအုပ်စု၊ မင်္ဂလာကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာအုပ်စု၊ ဖက်ကွံကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာအုပ်စု၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ မိုင်သော်အနောက်ကျေးရွာအုပ်စု၊ ဘန်ကွေးကျေးရွာအုပ်စု၊ တောင်လေးလုံးကျေးရွာအုပ်စု၊ သံတဲကျေးရွာအုပ်စု၊ ကွန်လုံကျေးရွာအုပ်စု နှင့် ကျောက်နီကျေးရွာအုပ်စု အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ တောင်ကြီးမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကို ယ်စားလှယ်လောင်း ဦးခွန်ထွန်းရွှေ ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်တင်ပြအပ်ပါသည်။

၁။ အမည် - ဦးခွန်ထွန်းရွှေ
၂။ အခြားအမည်ရှိလျှင် - မရှိပါ
၃။ လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ၁၃/တကန(နိုင်) ၀၄၉၈၀၂
၅။ မွေးသက္ကရာဇ်/အသက် - ဆန်း၂.၉.၁၃၂၂(၂၆.၄.၁၉၆၀)/၆၀-နှစ်
၆။ မွေးဖွားရာဇာတိ - ကျောက္ကချားကျေးရွာ၊ စံဖူးအုပ်စု၊ 
ဟိုပုံးမြို့နယ်
၇။ ပညာအရည်အချင်း - B.Sc(Chem)
၈။ လက်ရှိအလုပ်အကိုင် - တောင်သူ
၉။ ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ -
အ.မ.က ကျောက္ကချား၊ အ.လ.က-၂၊ အ.ထ.က-၂ တောင်ကြီး၊ ၁၉၈၂-၈၃ တောင်ကြီး ဒေသကောလိပ်၊ ၁၉၈၆-၈၇ မန္တလေးတက္ကသိုလ်(ဓါတုဗေဒဘွဲ့)
(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်-
တောင်ယာစိုက်ပျိုးရေးလုပ်ငန်း
(ဂ) ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များ -
တွဲဖက်အတွင်းရေးမှူး(၂)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အဖွဲ့ဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ။ 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
#Pa-O National Organization]
#Unicode



ပအိုဝ်းအမျိုးသား ပထမတော်လှန်ရေးတွင် ပါဝင်သော ဖခင်ကရင်လူမျိုးခြေရာအတိုင်း လျှောက်လှမ်းနေသည့် စောခွန်ကျော်ဝင်း

တောင်ကြီး၊ ဇူလိုင်လ (၂၉) ရက်








စောခွန်ကျော်ဝင်းသည် ဖခင်ဦးစောဘေး(ပအိုဝ်းကရင်) + မိခင် မွိုးဖြားမွံတို့မှ တောင်ကြီးမြို့နယ်၊ ထီဖေါင်းကျေးရွာအုပ်စု၊ တံတားမီးလောင်ရွာတွင် မွေးဖွားလာသူဖြစ်ပါသည်။ စောခွန်ကျော်ဝင်း၏ဖခင်ဖြစ်သူ ဦးစောဘေးသည် ပအိုဝ်းအမျိုးသားပထမတော်လှန်ရေးတွင်ပါဝင်ခဲ့ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်စံသိန်း နှင့် ဗိုလ်ချန်ဇုံ၏(အနီးကပ်လူယုံတော်) ယုံကြည်ရသူဖြစ်ပြီး ပအိုဝ်းတော်လှန်ရေးတွင် အရေးပါအရာရောက်သော ဆရာတော်ဦးနေမိ၏ ဝေယျာဝစ္စများကို ဆောင်ရွက်ခဲ့ရသူတစ်ဦးဖြစ်သည့်အတွက် ပအိုဝ်းအမျိုးသားတော်လှန်ရေး တွင် အဓိကပါဝင်သူတစ်ဦး ဖြစ်သည်ကို ခန့်မှန်းနိုင်ပါသည်။ 

ပအိုဝ်းကရင်မိဘနှစ်ပါးမှ မွေးဖွားလာသော စောခွန်ကျော်ဝင်းသည် လွယ်ကောင်းရွာ၊ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့စသည်တို့တွင် ပညာသင်ယူခဲ့ပြီး ဘွဲရရှိခဲ့ပါသည်။ ထို့နောက်ကချင်ပြည်နယ်တွင် လုပ်ငန်းအတွေ့အကြုံ ရပြီး မော်လမြိုင်တွင် လူတိုင်းမလုပ်ဆောင်နိုင်သော အနာကြီးရောဂါကု ဆေးရုံတွင် ရာထူးအဆင့်ဆင့် တာဝန် အမျိုးမျိုးတို့ကို နှစ်ပေါင်း(၁၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၂ - ခုနှစ်တွင် ခွန်ကျော်ဝင်းသည် ပအိုဝ်းဒေသသို့ ပြန်လည်ရောက်ရှိလာသဖြင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် အချို့သိရှိပြီး ပအိုဝ်းအမျိုးသားအကျိုးနှင့် ဒေသအကျိုးများကို ဆောင်ရွက်ပေးနိုင်ရန် တာဝန်ပေးအပ်လာသဖြင့် စောခွန်ကျော်ဝင်းသည် ဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်သော မော်လမြိုင်အနာကြီးဆေးရုံကြီးအား ကျောခိုင်းပြီး ၎င်း၏ဖခင် လမ်းစဥ်အတိုင်း ပအိုဝ်းအမျိုးသားနှင့် ဒေသအကျိုးကို လုပ်ဆောင်ရန် ခြေလှမ်းများ စတင်ခဲ့ပါသည်။ ခွန်ကျော်ဝင်း ပအိုဝ်းဒေသသို့ရောက်ရှိလာပြီး ၂၀၁၂-ခုနစ်မှာပင် ပအိုဝ်းအမျိုးသားခေါင်းဆောင် တို့နှင့်တိုင်ပင်ပြီး ပအိုဝ်းဒေသတွင် နိုင်ငံတကာမှ အထောက်အပံ့နှင့်နည်းပညာများရရှိစေရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ယခု ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)ကို အချို့သောတာဝန်ရှိ ပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းထူထောင်ခဲ့ပြီး ယခုအခါတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် သည် ပအိုဝ်းဒေသတွင် စီမံကိန်းအမျိုးမျိုးဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ရပ်တည်လာနိုင်သည်နှင့်အမျှ စောခွန်ကျော်ဝင်းသည် ၂၀၁၅-ခုနှစ်တွင် ပါရမီအားကျောခိုင်းပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နိုင်ငံရေးပါတီသို့ ဝင်ရောက်လာပြီး ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဌာနချုပ်ရုံး၏ရုံးအဖွဲ့မှူးရာထူးဖြင့် လုပ်ငန်းတာဝန်များကို ယနေ့အချိန်ထိ ထမ်းဆောင်ခဲ့ပါသည်။
 
ထို့အပြင် ပအိုဝ်းဒေသရှိ ရဟန်းသံဃာများနှင့်လည်း အကျွမ်းတဝင်ရှိသူဖြစ်ပြီး လုပ်ငန်းတစ်ခုအကောင်အထည် ဖော်ရာတွင်လည်း ဗုဒ္ဓဘာသာတို့၏ အစဉ်အလာအတိုင်း ဦးစွာသံဃာ့ဩဝါဒခံယူပြီး လုပ်ငန်းလုပ်ဆောင်တတ်သူ ဖြစ်ပြီး သီတင်းကျွတ်ကာလနှင့် တန်ခူးကာလ ဘုန်းတော်ကြီးကျောင်းတက်ရာတွင်လည်း ဘာသာတရားခွဲခြားမှု မရှိဘဲ ပအိုဝ်းဓလေ့ထုံးစံအတိုင်း လိုက်လံကန်တော့တတ်သူလည်းဖြစ်သည်။

ထို့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမတွင် ကျင်းပသော ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း တက်ကြွစွာပါဝင်ခဲ့ပြီးပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင်လည်း ညီလာခံကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

ပအိုဝ်းဒေသ ကျေးလက်လူထုပူးပေါင်းပါဝင်မှုရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အကောင်အထည်နိုင်ရန် အတွက်လည်း အဓိကပါဝင်သူတစ်ဦးဖြစ်ပါသည်။ ပြည်တွင်းပြည်ပအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လုပ်ငန်းယန္တရားများ လည်ပတ်နိုင်ရေးတွင် အဓိကမောင်းနှင်ပေးသူလည်း ဖြစ်ပါသည်။ အလုပ်ကိုကြိုးစားလုပ်ကိုင်ပြီး လုပ်ငန်းများအောင်မြင်ရပ်တည်လာနိုင်သည်နှင့်အမျှ ရာထူးအာဏာကို ဆက်လက်ချုပ်ကိုင်မှုမရှိဘဲ့ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိသော အခြားလုပ်ငန်းများကို စဥ်းစားတွေးခေါ်ပြီး မရရအောင်လုပ်ဆောင်တတ်သော ပအိုဝ်း ကရင် စောခွန်ကျော်ဝင်းသည် ၂၀၂၀-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းမူလလုပ်ဆောင်နေသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူးရာထူးအား ကျောခိုင်းပြီး ပြည်ထောင်စုအရေး၊ မိမိတို့ပအိုဝ်းလူမျိုးနှင့် ဒေသအရေးတို့ကို ဆောင်ရွက်နိုင်သော ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) ၊ တောင်ကြီးခရိုင်ဖြစ်သော (တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ) မဲဆန္ဒနယ်ကို ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ပအိုဝ်းကရင် စောခွန်ကျော်ဝင်း၏ သမိုင်းနောက်ခံ အရည်အချင်းနှင့် စိတ်နေသဘောထားတို့ကို သိရှိပြီး အားပေးထောက်ခံနိုင်ရန် ရေးသားဖော်ပြလိုက်ပါသည်။

ခွန်လေထို (တောင်ႏတီ)



Saturday, July 18, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီက အမျိုးသမီးကိုယ်စား လှယ်လောင်း(၅)ဦး ပါဝင်ယှဉ်ပြိုင်သွားမည့်အကြောင်း မဲဆန္ဒရှင်မိဘပြည်သူများအား အသိပေးကြေညာခြင်း

တောင်ကြီး၊ ဇူလိုင် (၁၈) ရက်



၂၀၂ဝ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီက အဖွဲ့အစည်း၏ အမျိုးသမီးရေးရာမူဝါဒအရ အမျိုးသမီးကိုယ်စားလှယ်လောင်း(၅)ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မဲဆန္ဒရှင်မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။ 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
#Pa-O National Organization

Friday, July 17, 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကို မိဘပြည်သူသို့ အသိပေးကြေညာခြင်း

တောင်ကြီး၊ ဇူလိုင်လ (၁၈) ရက်




၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီအနေဖြင့် အမတ်ပေါင်း (၃၄)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ  ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် (၃၄)နေရာကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

အမျိုးသားလွှတ်တော်
(၁) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ရှမ်းပြည်နယ်အမှတ်(၁၀)
(၂) ရှမ်းပြည်နယ်အမှတ်(၄)
(၃) ရှမ်းပြည်နယ်အမှတ်(၇)
(၄) ကယားပြည်နယ်အမှတ်(၁၁)
(၅) မွန်ပြည်နယ်အမှတ်(၁၂)

ပြည်သူ့လွှတ်တော်
(၁) ဟိုပုံးမြို့နယ် (ရှမ်းပြည်နယ်)
(၂) ဆီဆိုင်မြို့နယ် (ရှမ်းပြည်နယ်)
(၃) ပင်လောင်းမြို့နယ် (ရှမ်းပြည်နယ်)
(၄) တောင်ကြီးမြို့နယ် (ရှမ်းပြည်နယ်)
(၅) ကလောမြို့နယ် (ရှမ်းပြည်နယ်)
(၆) ညောင်ရွှေမြို့နယ် (ရှမ်းပြည်နယ်)
(၇) လွိုင်လင်မြို့နယ် (ရှမ်းပြည်နယ်)
(၈) နမ့်စန်မြို့နယ် (ရှမ်းပြည်နယ်)
(၉) လွိုင်ကော်မြို့နယ် (ကယားပြည်နယ်)

ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်
(၁) ဟိုပုံးအမှတ်(၁)
(၂) ဟိုပုံးအမှတ်(၂)
(၃) ဆီဆိုင်အမှတ်(၁)
(၄) ဆီဆိုင်အမှတ်(၂)
(၅) ပင်လောင်းအမှတ်(၁) 
(၆) ပင်လောင်းအမှတ်(၂)
(၇) တောင်ကြီးအမှတ်(၁)
(၈) တောင်ကြီးအမှတ်(၂)
(၉) ရပ်စောက်အမှတ်(၁)
(၁၀) ညောင်ရွှေအမှတ်(၁)
(၁၁) ညောင်ရွှေအမှတ်(၂)
(၁၂) လွိုင်လင်အမှတ်(၁)
(၁၃) လွိုင်လင်အမှတ်(၂)
(၁၄) နမ့်စန်အမှတ်(၁)
(၁၅) လွိုင်ကော်အမှတ်(၁)
(၁၆) လွိုင်ကော်အမှတ်(၂)
(၁၇) သထုံအမှတ်(၁)
(၁၈) ထန်းတပင်အမှတ်(၂)

ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး
(၁) ကရင်ပြည်နယ်
(၂) မွန်ပြည်နယ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
#Pa-O National Organization



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များကို မဲဆန္ဒရှင်မိဘပြည်သူများအား အသိပေးကြေညာခြင်း

တောင်ကြီး၊ ဇူလိုင် (၁၇) ရက်


၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီအနေဖြင့် အမတ်နေရာပေါင်း (၃၄)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် မြို့နယ်များကို မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်ရန်အတွက် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

(၁) ဟိုပုံးမြို့နယ် (ရှမ်းပြည်နယ်)
(၂) ဆီဆိုင်မြို့နယ် (ရှမ်းပြည်နယ်)
(၃) ပင်လောင်းမြို့နယ် (ရှမ်းပြည်နယ်)
(၄) တောင်ကြီးမြို့နယ် (ရှမ်းပြည်နယ်)
(၅) ကလောမြို့နယ် (ရှမ်းပြည်နယ်)
(၆) ရပ်စောက်မြို့နယ် (ရှမ်းပြည်နယ်)
(၇) ညောင်ရွှေမြို့နယ် (ရှမ်းပြည်နယ်)
(၈) နမ့်စန်မြို့နယ် (ရှမ်းပြည်နယ်)
(၉) လွိုင်လင်မြို့နယ် (ရှမ်းပြည်နယ်)
(၁၀) လွိုင်ကော်မြို့နယ် (ကယားပြည်နယ်)
(၁၁) ထန်းတပင်မြို့နယ် (ပဲခူးတိုင်း)
(၁၂) သထုံမြို့နယ် (မွန်ပြည်နယ်)
(၁၃) မွန်ပြည်နယ် 
(၁၄) ကရင်ပြည်နယ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)

Powered by Blogger.