Saturday, July 18, 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဌနှင့်တာဝန်ရှိပုဂ္ဂိုလ်များက ဟိုပုံးကိုရင်လေး ရှင်ပေါရိဿအား ဝါဆိုသင်္ကန်း ကပ်လှူ

တောင်ကြီး၊ ဇူလိုင်လ (၁၈) ရက်





၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချု်ပခွင့်ရဒေသ ဟိုပုံးကိုရင်လေး ရှင်ပေါရိဿအား  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဌ ဖြားခွန်စံလွင်၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဝါဆိုသင်္ကန်း သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Tuesday, May 21, 2019

နောင်တောင်းတပ်ဦး ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဗုဒ္ဓဘာသာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းတပ်ဦး ပရဟိတ   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နောင်တောင်းဆရာတော် ဦးဆောင်ပြီး ဖွင့်လှစ်သော ဗုဒ္ဓဘာသာစွမ်းရည်မြှင့် သင်တန်းကို ၂၀၁၉-ခုနှစ်၊ မေလ-၁၇ရက်နေ့မှ မေလ-၂၈ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာစွမ်းရည်မြှင့်သင်တန်းတွင် ဗုဒ္ဓ၀င်အကျဉ်း၊ မိမိကိုယ်ကို သိရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ (၃၈)ဖြာမင်္ဂလာအစရှိသည့် ခေါင်းစဉ်များဖြင့် နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညားရေးကျောင်းရှိ ဆရာ/ဆရာမများနှင့် ဗုဒ္ဓကောလိပ်သင်တန်းကျောင်းမှ သင်တန်းကထိက ဆရာတော်သံဃာတော်များက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်များမှ သင်တန်းသူ/သင်တန်းသားများနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်များရှိ သင်တန်းသူ/သားများက အများဆုံးတက်ရောက်ခဲ့ကြကာ ၄င်းသင်တန်းသည် သံဃာ- ၁၄၇ပါး၊ သီလရှင်(၁)ပါး၊ သင်တန်းသား-၃၉၀ ဦး၊ သင်တန်းသူ-၆၀၆ ဦး၊ စုစုပေါင်း သင်တန်းသူ/သား ၁၁၄၄- ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရပါသည်။

ခမ်းရတနားခွန်- ခွန်ယံသေ


Wednesday, March 20, 2019

တောင်ကြီး(ဒဲဉ်သီးဗွေကွင်း)တွင် (၇၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အလံတင်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်














ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်း၌ ၂၀၁၉-ခုနှစ်၊ မတ်လ(၂၀)ရက်၊ ဗုဒ္ဓဟူးနေ့တွင် (၇၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အလံတင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အဖွဲ့အစည်းအသီးသီးမှ မိဘပြည်သူများ (၃၀၀၀)နီးပါး တက်ရောက်ခဲ့ကြပြီး ရှေ့ဦးစွာ ပအိုဝ်းအမျိုးသားအလံတော်ကို ဖြေးညင်စွာ လွင့်တင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်များကို တညီတညွတ် အလေးပြုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
         
ဆက်လက်၍ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ကျင်းပရေးကော်မတီ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ(ဗဟို)ဖြားခွန်ဝင်းကိုက အဖွင့်အမှာစကားနှင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဝင်များ ဖြစ်ကြသော နန်းခမ်းဗွာက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သ၀ဏ်လွှာကို သော်လည်းကောင်း၊ ခွန်ကျော်အေးက ပြည်ထောင်စုအမျိုးသားလွတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းမှ ပေးပို့သည့် သဝဏ်လွှာကို သော်လည်းကောင်း၊ ဆရာခွန်ကြည်က ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်မှ ပေးပို့လာသည့် သဝဏ်လွှာကို သော်လည်းကောင်း၊ ဖြားခွန်ချွန်းက အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၀ဏ္ဏကျော်ထင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါ အောင်ခမ်းထီမှ ပေးပို့လာသော သဝဏ်လွှာကို သော်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြကြောင်း သိရသည်။
          
ထို့နောက် နှစ်(၇၀) ပအိုဝ်းအမျိုးသားနေ့၏ ကြွေးကြော်သံဖြစ်သော ပအိုဝ်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေး ဒို့အရေး၊ ပအိုဝ်းတစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေးနှင့် ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းသာယာရေး ဒို့အရေးကို သံပြိုင်သီဆိုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းရိုးရာအကပဒေသာပြိုင်ပွဲ၊ အားကစားဘောလုံးပြိုင်ပွဲ၊ ပအိုဝ်းစာပေစာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ၊ ပအိုဝ်းရိုးရာပြခန်းများနှင့် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရရှိသူများ ဆုချခြင်း၊ ဒေသအလိုက် အလှမယ် ရွေးချယ်ခြင်း ပြုလုပ်ကြပြီး အဆိုပါ ပအိုဝ်းအမျိုးသားနေ့(တပေါင်းလပြည့်နေ့)တွင် အနယ်အနယ် အရပ်အရပ်မှ သောင်းဂဏန်းရှိသော ပအိုဝ်းလူမျိုးများက အလှူပဒေသာပင်များနှင့် စီတန်းလှည့်လည် စုပေါင်းကုသိုလ်များ ပြုလုပ်ကြပါကြောင်း သိရှိရပါသည်။
          
ဤသို့ ပအိုဝ်းအမျိုးသားနေ့ကို ပြုလုပ်ရခြင်းမှာ မိမိတို့၏ ဘာသာသာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာများကို မြတ်နှိုးတန်ဖိုးထားရန်၊ မျိုးချစ်စိတ်ပိုမိုထက်သန်လာစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်လာစေရန် ရည်ရွယ်ပါကြောင်း စာ/ယဉ် ဗဟိုဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုက ပြောပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ရာမှ ၁၉၇၅-ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းသပင်မြို့နယ်၊ ဇရပ်ကြီးတွင် ကျင်းပသော ပအိုဝ်းအမျိုးသားနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ မိမိတို့၏ သူရိယစန္တားမင်းမွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့(ဒဲဉ်သီးလာဗွေ)ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပီပြင်စွာသတ်မှတ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ၁၉၇၆ လုံးဒါညီလာမှာလည်း ပအိုဝ်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနိုင်ရန် ထပ်မံအတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းလူမျိုးများနေထိုင်ရာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် နိုင်ငံခြားရှိ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ အမေရိကန်၊ ဂျပန်ရှိ ရောက်ရှိနေကြသော ပအိုဝ်းလူမျိုးများလည်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်        

Monday, March 18, 2019

လိတ်ဖေ;သေ ခမ်းသားမွိုးဖါ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်



ခမ်းထီကော;မတီ;
ပအိုဝ်;စွိုးခွို,အစွို,
အထူ,ဒေ;သ (၆)

လိတ်နို,ဆော;တမာ ပအိုဝ်;ခမ်းသားမွိုးဖါအမျာ,

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်



မွူးနီ,ခွို,ပအိုဝ်; ပွယ်,ထွာနွောင်,ရေ,ကော;မတီ;(ဗဟို;)

Friday, March 15, 2019

၁၃၈၀-ပြည့်နှစ်၊ (၇၀)နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ကျင်းပသောအစီအစဉ်များ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ  (၁၅)ရက်



ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေးကော်မတီ

Powered by Blogger.