Tuesday, November 1, 2016

တောင်ကြီးတက္ကသိုလ် အဝေးသင် ပအိုဝ်းကျောင်းသား /သူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့်နောက်ဆုံးနှစ်ကျောင်းသားများ နုတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်






၂၀၁၆၊ နိုဝင်ဘာလ (၁)ရက်၊ အင်္ဂါနေ့၊  မနက် (၉း၃၀)အချိန်  တောင်ကြီးတက္ကသိုလ်ရှိ ဘွဲနှင်းသဘင်ခန်းမတွင် တောင်ကြီးတက္ကသိုလ်မှ အဝေးသင် ပအိုဝ်းကျောင်းသား/သူများက မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူများ နုတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက အလံတော်အလေးပြုခြင်းနှင့် ပအိုဝ်းအမျိုးသားသီချင်းကို သီဆိုခြင်း၊  မောင်မယ်သစ်လွင်များကို ကြိုဆိုသည့်အနေဖြင့် (ကျိုးဆွုမ်းကျောင့်သားတသာ) သီချင်းဖြင့်  ကျောင်းသားများမှ သီဆို ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဗုံမောင်းအဖွဲ့မှ အကပဒေသဖြင့် ဖွင့်ပွဲကပြကြိုဆိုခြင်း၊ တောင်ကြီးတက္ကသိုလ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဒေါက်တာခင်လေးရီကိုယ်စား  ပထ၀ီဌာန ၊ လက်ထောက်ကထိက ဦးခွန်မာင်ချိုမှ အမှာစကားပြောကြားခြင်း၊ နောင်တောင်းပရဟိတ အကအဖွဲ့(၂)မှ (မေးခြဲစ်) သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ဆရာခွန်ကြည် (kjg Education Center ) မှ အားပေးအမှာစကား ပြောကြားခြင်းနှင့် အမေးအဖြေကဏ္ဍပြုလုပ်ခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပြသခြင်းများ ၊ ဆရာ/ဆရာမများအား ကန်တော့ခြင်း၊ သီချင်းသီဆိုခြင်း၊ King and Queen မဲပေးရွေးချယ်ခြင်း စသည့် အစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား/သူများ (၁၀၀၀)နီးပါး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ(ဟိုနမ်း)

Powered by Blogger.