Tuesday, July 4, 2017

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ပုပ္ဖဒေသ သွားရောက်လေ့လာခဲ့သည့် စိုက်ပျိုးရေးအကြောင်း လေ့လာမှုအခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြခြင်းအခမ်းအနား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၄) ရက်



၂၀၁၇ခုနှစ်၊ ဇွန်လ ၁၄ မှ ၁၉အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ပုပ္ဖဒေသသို့ သွားရောက်လေ့လာခဲ့သည့် စိုက်ပျိုးရေးအကြောင်းသွားရောက်လေ့လာမှုအား ပြန်လည်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀း၀၀)အချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ အဖွင့်အမှာစကားပြောပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးခွန်လာမှ ထိုင်းနိုင်ငံ မဲဆောက်မြို့ ပုပ္ဖဒေသသွားရောက်လေ့လာခဲ့သော စိုက်ပျိုးရေးဆိုင်ရာလေ့လာခရီး အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်ဟု သတင်းရရှိပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံး(PNO)၊ ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ရေးပညာပေးဌာန ခွန်အောင်သိန်းနိုင်သည် ဇွန်လ (၁၄)မှ (၁၉) ရက်နေ့ထိ သွားရောက်လေ့လာခဲ့သော စိုက်ပျိုးရေးဆိုင်ရာလေ့လာရေးခရီးစဉ်တွင် လေ့လာခဲ့ရသော စိုက်ပျိုးရေးဆိုင်ရာအခြေအနေများကို ရှင်းလင်းပေးခဲ့ပြီး တပြိုင်နက် အင်းတောင်သူကိုယ်စားလှယ်တစ်ဦးမှ စိုက်ပျိုးရေးဆိုင်ရာလေ့လာရေးခရီးစဉ်တွင် စပါးစိုက်ပျိုးခြင်းအကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၇ခုနှစ်၊ ဇွန်လ ၁၄မှ ၁၉အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ပုပ္ဖဒေသသို့ စိုက်ပျိုးရေးဆိုင်ရာလေ့လာရေးခရီးသို့ သွားရောက်လေ့လာသည့် ကိုယ်စားလှယ်များမှာ
(၁) ဟဲဟိုးဒေသ တောင်သူကိုယ်စားလှယ် (၂) ဦး
(၂) လွိုင်ကော်ဒေသ တောင်သူကိုယ်စားလှယ် (၅) ဦး
(၃) နောင်တရားဒေသ တောင်သူကိုယ်စားလှယ် (၆) ဦး
(၄) ညောင်ရွှေ (GIC) ကိုယ်စားလှယ်        (၆) ဦး
(၅) တောင်ကြီးတောင်သူကိုယ်စားလှယ် (၁) ဦး
(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကိုယ်စားလှယ် (၃) ဦး
(၇) ရန်ကုန် (AAE) ကုမ္ပဏီ ကိုယ်စားလှယ်    (၄) ဦး စုစုပေါင်း (၂၇)ဦးတို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရပြီး အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ပုပ္ဖဒေသသို့ စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ ဦးညီညီ မှ လေ့လာရေးခရီးဖြစ်ပေါ်လာစေသော အကြောင်းရင်းကိုရှင်းလင်းပြောကြားပေးပြီးသည်နှင့် နိဂုံးချုပ်အမှာစကားပြောကြားရင်း အခမ်းအနားကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.