Wednesday, August 14, 2019

ဂျပန်နိုင်ငံ နီပွန်စေတနာဖောင်ဒေးရှင်းမှ ဂျပန်နိုင်ငံသူ Mr.Hanna Otani နှင့်အဖွဲ့သည် ၄င်းတို့ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းဆောင်အခြေအနေများအား လှည့်လည်ကြည့်ရှု

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်




ဂျပန်နိုင်ငံ နီပွန်စေတနာဖောင်ဒေးရှင်းမှ Project Coordinator ဖြစ်သူ ဂျပန်နိုင်ငံသူ Mr.Hanna Otanni နှင့် အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော စာသင်ကျောင်းဆောင်များကို ဆောက်လုပ်လှူဒါန်းလျက်ရှိရာ ဆောက်လုပ်လှူးဒါန်းခဲ့သည့် ကျောင်းဆောင်များ၏ လက်ရှိအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ အ.မ.က(မူလွန်)လုံဟေးကျောင်းခန်းမဆောင်တွင် သြဂုတ်လ (၁၄)ရက်၊ နံနက်(၉)နာရီခွဲအချိန်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ခိုင်နှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ကုနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူများတို့နှင့် တွေ့ဆုံခဲ့သည်။

ဂျပန်နိုင်ငံသူ Mr.Hanna Otani နှင့်အဖွဲ့သည် အ.မ.က (မူလွန်)လုံဟေးကျောင်းရှိ ကလေးငယ်များ၏ ပညာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းဆောင်များ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေရရှိရေး ၀င်ငွေတိုးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ မေးမြန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ခိုင်နှင့် ကျောင်းအကျိုးတော်ဆောင်ဦးစီးကော်မတီဥက္ကဋ္ဌ ဦးခွန်ကုတို့က ပြန်လည်ရှင်းလင်းတင်ပြပြီး၊ ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှုအခြေအနေ၊ ကစားကွင်း၊ ဆရာ/မများ၏ ၀န်ထမ်းအိမ်ရာအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ ဂျပန်နိုင်ငံ နီပွန်စေတနာဖောင်ဒေးရှင်းသည် ၂၀၀၂-ခုနှစ်မှ စတင်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသော နီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း Education For Peace And Development (EPD) စီမံကိန်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်များ ဆောက်လုပ်လှူးဒါန်းခဲ့ရာ လုံဟေး(မူလွန်)ကျောင်းသည် (၃၀၀)ပြည့်မြောက် ကျောင်းဆောင်တခုဖြစ်ကြောင်း၊ ၂၀၁၈-ခုနှစ်၊ မတ်လ (၃)ရက်နေ့တွင် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းဆောင်သစ်မှာ အလျား (၉၀)ပေ၊ အနံ (၃၀)ပေ၊ (၁)ထပ် ကျောင်းဆောင်သစ်ဖြစ်ပြီး ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောက်လုပ်ခဲ့ရာ စုစုပေါင်း ကုန်ကျငွေ (၅၂၇)သိန်းခန့် ကုန်ကျခဲ့ကြောင်းသိရှိရသည်။


ထက်ထက်(ဟိုပုံး)
Powered by Blogger.