Monday, August 5, 2013

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်ရသည့်ကျောင်းသူ/သားများအားဂုဏ်ပြုပွဲကျင်းပ

ခွန်မေးလို့ ၊ ဇူလှိုင်လ(၄)ရက်၊ ၂၀၁၃-ခု၊ တောင်ကြီး၊


    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်၊ နောင်တောင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် တက္ကသိုလ်ဝင်ခွင့်ရသည့်ကျောင်းသူ/သားများအား ဂုဏ်ပြုပွဲ ကို ဒီကနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရပါသည်။
    ဤဂုဏ်ပြုပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ တက္ကသိုလ်ဝင်ခွင့်ရသည့်ကျောင်းသူ/သားများအတွက် ဂုဏ်ယူမိကြောင်း၊ ပအိုဝ်းဒေသအတွင်း ပညာရေးမြင့်တင်၍ မိမိဒေသအကျိုးပြုလုပ်ငန်းများလုပ်ဆောင် ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


    တက္ကသိုလ်ဝင်ခွင့်ရသည့်ကျောင်းသူ/သားများအား ဂုဏ်ပြုပွဲကို နောင်တောင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ရှိခိုးကန်တော့ခြင်းဖြင့် စတင်ခဲ့ ကြောင်းသိရသည်။
    ထို့ ပြင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟို ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ မိမိအနာ ဂါတ် ကိုတည်ဆောက်ရာတွင် ကံကိုသာအပြစ်မတင်ဘဲ လက်တွေ့ ကြိုးစားရယူ ရန်လို အပ်ကြောင်း၊ အကြံပြုပြောကြားသွားပါသည်။
    ဟိုပုံးမြို့ ၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ နယ်မြေဖွံ့ ဖြိုး ရေးလုပ်ငန်းနှင့်အတူ ပညာရေးကို ဦးစားပေးလုပ်ဆောင်ရန် လိုကြောင်း အမှာစကားပြောကြား သွားပါသည်။
    တောင်ကြီးမြို့ နယ် ပအိုဝ်းအမျိုးသမီးပညာရေးမြင့်တင်ရေးအဖွဲ့  ဥက္ကဋ္ဌ ဒေါက် တာဒေါ်ခင်သန်းနွဲ့ မှ ကေးလများ၏ပညာရေးကို အားပေးရာတွင် ပရဟိတ္တကျောင်း များသာမက အရေးကြီးဆုံးမှာ မိဘများ၏အထူးတာဝန်ယူမှုလိုအပ်ကြောင်း ပြော ကြားသွားပါသည်။


    ဤဂုဏ်ပြုပွဲသို့ ရဟန်းသံဃတော်များ၊ ပအိုဝ်းအဖွဲ့ အစည်းမှ လူကြီးမင်း များ၊ ရပ်မိရပ်ဖများစုစုပေါင်းအနည်းဆုံး(၂၀၀)ခန့် တက်ရောက်ခဲ့ကြပြီး တက္ကသိုလ် ၀င်ခွင့်ရသည့်ကျောင်းသူ/သား(၈၁)ဦးအတွက် ဂုဏ်ပြုဆုချီးမြင့်ခဲ့ကြောင်း အခမ်း အနားမှူးကဆိုပါသည်။
    ဟိုပုံမြို့ နယ်၊ တောင်ရပ်ကွက်၊ လေးအိမ်ကုန်းနေ ဦးစိမ်းလီ၊ ဒေါ်မိုးစိန်တို့  သမီး၊ သုံးဘာသာဂုဏ်ထူးရှင် နန်းစန်းထွေးမှ ပညာရေးအတွက် အစွမ်းကုန်ထောက် ပံ့ကူညီအားပေးခဲ့ သည့် မိဘနှစ်ပါးကို အထူးကျေးဇူးတင်မိကြောင်း ပြောကြားသွား ပါသည်။

    ဟိုပုံးမြို့ အနောက်ရပ်ကွက်မှ နန်းဖူးသက်ဝေအောင်နှင့် ဟိုပုံးမြို့ နယ် ရန်ကင်း ရွာ နန်းဖြိုးအိအိလွင် တို့ မှ ယခုကဲ့သို့  ဂုဏ်ပြုလက်မှတ်ရရှိခြင်းအတွက် မိမိကိုယ် ကိုယ်ဂုဏ် ယူမိကြောင်းနှင့် ပညာရေးအတွက် အစွမ်းကုန်ထောက် ပံ့ကူညီအားပေးခဲ့ သည့် မိဘနှစ်ပါးကို အထူးကျေးဇူးတင်မိ ကြောင်း ၀မ်းသာပိတိဖြင့် ပြောကြားသွား ပါသည်။
    ဂုဏ်ပြုလက်မှတ်ရရှိခဲ့သည့် နန်းဖူးသက်ဝေအောင်မှ ပညာရေးကောလိပ် တက်၍ ဆရာမအဖြစ်ဖြင့် ကျေးလက်ဒေသရှိ ကလေးသူ ငယ်များအားပညာ သင် ပေးလိုကြောင်း၊ နန်းဖြိုးအိအိလွင်မှလည်း အစိုးရလုပ်ငန်းများတွင် ၀န်ထမ်းတစ် ယောက်အဖြစ် ဒေသအကျိုးပြုရန် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။
    ဤဂုဏ်ပြုပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ မှ တက္ကသိုလ် ၀င်ခွင့်ရသည့်ကျောင်းသူ/သားများ၏ ပညာရေးအတွက် အသုံးပြုရန် ကျပ်ငွေ(၃) သိန်းအားကူညီပေးအပ်ခဲ့ကြောင်းသိရသည်။






Powered by Blogger.