Wednesday, September 18, 2013

ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မဲဆန္ဒနယ် အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းနှင့် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေတို့ ဟိုပုံးမြို့နယ် အဖွဲ့အစည်းစုံနှင့် မိဘပြည်သူများအားတွေ့ဆုံ

 တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မဲဆန္ဒနယ် အမှတ် (၉)၊ အမျိုးသားလွှတ်တော်အမတ်၊ ဦးနေ၀င်ဝင်းထွန်းနှင့် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခွန်သိန်းဖေ တို့သည် (၁၇.၉.၂၀၁၃) ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ မြို့တော်ခန်းမ၌ ဟိုပုံးမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ ရပ်ဖမျာ၊ NGO လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း (၂၀၀) ဦး ကျော်အား မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဦးစီးအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 


Powered by Blogger.