ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက်” ၂၀၀၈ ဖွဲ့စည်းပုံး အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ တတိယအကြိမ် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့တွင် နေပြည်တော်ရှိ ရတနာသိင်္ဂဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် (Myanmar Peace Center) မှ ဦးဆောင်ဆွေးနွေးပြီး ညီနောင်တိုင်းရင်းသားပါတီ (၁၅) ပါတီမှ ပါတီခေါင်းဆောင်များ စုံညီစွာ တက်ရောက်ကြပါသည်။
ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ “ပြင်ဆင်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသားများ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အ၀ ရရှိနိုင်ရေးအတွက်” သဘောတူညီမှု ရရှိသည်အထိ ဦးတည် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Like On Facebook
Follow On Twitter
Subscribe On RSS