ဓါတ်ပုံ - ခွန်မျိုးထွန်း
တောင်ကြီး၊ ၂၀၁၃ ခုနှစ်
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၇) ရက်၊ ၉.၁၁.၂၀၁၃ ရက်နေ့တွင် (၈၅) ကြိမ်မြောက် ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက် စုပေါင်းမဟာဘုံကထိန်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် တောင်ကြီးမြို့ ရပ်ကွက်အလိုက်မှ သော်လည်းကောင်း၊ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပေါင်းစုံတို့မှ သော်လည်းကောင်း၊ အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများမှ သော်လည်းကောင်း ပါဝင်ဆင်နွှဲကြပြီး တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ပထမတောင်ကျောင်းကြီး ပရိယတ္တိ စာသင်တိုက်သို့ ပဒေသာပင်များ စီတန်းလှည့်လည်သွားကြောင်း သိရှိရပါသည်။

ခွန်မျိုးထွန်း
ဓါတ်ပုံ - ခွန်မျိုးထွန်း
Like On Facebook
Follow On Twitter
Subscribe On RSS