တောင်ကြီး၊ ဒီဇင်ဘာလ (၁၁) ရက်၊ ၂၀၁၃ ခုနှစ်
ပအိုဝ်းအမျိုးသားတပ်မတော်၊ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) မှ (၆၄) နှစ်ပြည့် ပဒေသရာဇ် တော်လှန်ရေးနေ့ ( Eleven December) အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၌ အမှတ် ၁၈၊ အနောက်မြို့ပတ်လမ်း၊ ဈေးပိုင်းရပ်ကွက်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားတွင် ပင့်သံဃာ (၇) ပါးထံမှ ငါးပါးသီလခံယူပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့် ရဲဘော် ရဲဘက် များအား ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ပအိုဝ်းအမျိုးသားအလံတို့ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်များအား အလေးပြုခြင်းဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရှိရှိရပါသည်။
KMT (TGI)
Like On Facebook
Follow On Twitter
Subscribe On RSS