Thursday, December 5, 2013

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ငြိမ်းဖောင်ဒေးရှင်း တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၁၅ - ခုနှစ် ရွေးကောက်ပွဲအကြို ညှိုနှိုင်းပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ဒီဇင်ဘာလ (၆) ရက်၊ ၂၀၁၃ ခုနှစ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  ၂၀၁၅-ခုနှစ်အကြို ညှိုနှိုင်းပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂-၁၂-၂၀၁၃) ရက်နေ့ မှ (၆-၁၂-၂၀၁၃) ရက်နေ့အထိ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ချယ်ရီကွင်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပင်လောင်းမြို့နယ်ကိုယ်စားလှယ်၊ ဟိုပုံးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကလောမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ဆီဆိုင်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ် စသည့် မြို့နယ်အသီးသီးမှ ကိုယ်စာလှယ် စုစုပေါင်း (၂၆) ဦးနှင့် ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်ဆွေးနွေးသူများ ဖြစ်ကြသော ဆရာမ ဒေါ်ယဉ်ယဉ်ဝင်း၊ ဆရာမ ဒေါက်တာညိုညိုသင်း နှင့် ဆရာနန်အောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်၊ လူထုစည်းရုံးရေး၊ မူဝါဒရေးရာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ - ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေများအပေါ် လေ့လာနှိုင်းယှဉ်မှုများ၊ ရွေးကောက်ပွဲအကြို ကြိုတင်ပြင်ဆင်မှုများ စသည့် ခေါင်းစဉ်များအပေါ် လေ့လာဆွေးနွေးဖလှယ် ခဲ့ကြကြောင်း သိရှိရပါသည်။

        ခွန်ပျူခမ်း

Powered by Blogger.