တောင်ကြီး၊
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်
ဒါန-
ရှေ့ဆောင်မြန်မာ (COM) လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ ပံ့ပိုးပါဝင်ကူညီမှုဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(PNO) မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ဖြစ်သော နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်သင်တန်း
သင်တန်းဆင်းအခမ်းအနား ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ
(၁၂) ရက်နေ့တွင် တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတွင်
ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းကို
(၂.၁၂.၂၀၁၃) ရက်နေ့မှ (၁၂.၁၂.၂၀၁၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံပြည်သူများ၏
လူမှုဘ၀ ကောင်းစွာ တိုးတက်ပြောင်းလဲရေးနှင့် သာတူညီမျှ တန်းတူ အခွင့်အရေးများ ရရှိစေရန်အတွက်
ရည်ရွယ်လုပ်ကိုင်နေကြသော နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများသည် နိုင်ငံတော်
ဖွံ့ဖြိုးရေးအတွက် အဓိကကျသော နိုင်ငံရေးလုပ်ငန်းစဉ်ဖြင့် လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလူမျိုးများ
ကိုယ်စားပြု နိုင်ငံရေးပါတီများ၊ ဒေသလုံးဆိုင်ရာ နိုင်ငံရေးပါတီများမှ တက်ကြွစွာ ပါဝင်လှုပ်ရှားသည့်
ပါတီဝင်များအား နိုင်ငံရေး အသိပညာပေးသင်တန်းဖြစ်ကြောင်း သိရှိရသည်။
အစီအစဉ်အရ
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူတစ်ဦးမှ အမှာစကားပြောကြားခြင်း၊ ဒါန
- ရှေ့ဆောင်မြန်မာ (Charity-Oriented Myanmar) ဥက္ကဋ္ဌလည်းဖြစ်၊ သင်တန်းသင်ကြားရေးတွင်
ကိုယ်တိုင် ကွင်းဆင်းသင်ကြားပေးသော သင်တန်းဆရာလည်းဖြစ်သူ ဆရာဦးချမ်းငြိမ်းအောင်မှ
အမှာစကားပြောကြားခြင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) ကိုယ်စားလှယ်တစ်ဦးမှ
အမှာစကားပြောကြားခြင်း၊သင်တန်းသား/သူများမှ သင်တန်းအတွင်း တက်ရောက်သင်ယူခဲ့သော သင်တန်းစွမ်းရည်ဖြစ်သည့်
စကားရည်လု ဟောပြောခြင်း စွမ်းရည်ပြကွက် တင်ဆက်ပြသခြင်း၊ သင်တန်းသား/သူများမှ သင်တန်းကာလအတွင်း
သင်ကြားနားလည်ခဲ့သော တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီသဘောထား၊ ခေါင်းဆောင်မှုနှင့်
ပြည်သူ့နိတိများအကြောင်း သိကောင်းစရာများကို ထုတ်နှုတ်တင်ပြ ဖတ်ကြားခြင်း၊ သင်တန်းဂုဏ်ပြုလက်မှတ်
ပေးအပ်ခြင်း၊ ဒါန-ရှေ့ဆောင်မြန်မာ ဥက္ကဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့သားများအား အမှတ်တရ
လက်ဆောင်ပေးအပ်ခြင်း၊ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်သူများထဲမှ ကျေးဇူးတင်စကားပြောကြားခြင်း၊
သင်တန်းဆင်း သင်တန်းသား/သူများ ကိုယ်စား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက်
အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ နိုင်ငံရေးပါတီများ၊
တိုင်းရင်းသားများနှင့် ဌာနေလူထုများကိုယ်စား သင်တန်းရေးရာတာဝန်ခံ ဦးခွန်တင်ထွဋ်မှ
ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်လာသူများ၊ သင်တန်းဆင်း
သင်တန်းသား/သူများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းပြုလုပ်ကျင်းပသော ဆရာ/ဆရာမများနှင့်အတူ
သင်တန်းဆင်းပွဲ အခမ်းအနား အထိမ်းအမှတ် အမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ကူးခြင်းနှင့် ဒါန-
ရှေ့ဆောင်မြန်မာ (COM) နှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) တို့ ပူးပေါင်းလုပ်ဆောင်သည့်
နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်တင်ခြင်း (နယ်လှည့်) သင်တန်း သင်တန်းဆင်း အခမ်းအနားအောင်မြင်စွာ
ပြီးဆုံးကြောင်း ကြေညာကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Like On Facebook
Follow On Twitter
Subscribe On RSS