Sunday, December 22, 2013

၂၀၁၃ - ၂၀၁၄ ခုနှစ် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပွဲစဉ်ထုတ်ပြန်

တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်

နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကို (၂၅-၁၂-၂၀၁၃) ရက်နေ့မှ (၁၄-၁-၂၀၁၄) ရက်နေ့အထိ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာ ဘောလုံးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အကြီးတန်းနှင့် အငယ်တန်း (လူသစ်တန်း) ပွဲစဉ်ဇယားရေးဆွဲပြီးစီး ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
အကြီးတန်းပြိုင်ပွဲတွင် အသင်းပေါင်း (၁၂) သင်း နှင့် အငယ်တန်း (လူသစ်တန်း) ပြိုင်ပွဲတွင် အသင်းပေါင်း (၇၅) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲသို့ ပအိုဝ်းဒေသအနံ့အပြားမှ ဘောလုံးအသင်းများသာမက ဗမာ၊ ရှမ်း၊ ကယန်း၊ တောင်ရိုး ဘောလုံးအသင်းများလည်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အကြီးတန်း ပွဲစဉ်များ
အငယ်တန်း (လူသစ်တန်း) ပွဲစဉ်များ





Powered by Blogger.