Saturday, February 1, 2014

ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက် မြေသားလမ်း ဖွင့်ပွဲ ကျင်းပပြုလုပ်


တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာမှ ဘော်ကုန်း - တိလုံ - မောက်မွန်းနှင့် နောင်ဒေး ကျေးရွာအုပ်စု၊ မီးရဲ့ကျေးရွာအထိ အကွာအဝေး (၁၆) မိုင်ခန့် အရှည်ရှိသော ကျေးရွာအုပ်စုချင်းဆက် မြေသားလမ်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ပံ့ပိုးကူညီ လမ်းညွှန်မှုဖြင့် ဒေသခံ မိဘပြည်သူများ၏ လူအား၊ ငွေအား ကျပ်သိန်း (၄၀) ခန့်နှင့် စေတနာရှင်အပေါင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် ဖေါက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် (၃၀-၁-၂၀၁၄) ရက်၊ ကြာသပတေးနေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ဟိုပုံးမြို့နယ်၊ မောက်မွန်း ကျေးရွာအုပ်စု၊ ထီတခုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုခဲ့ကြောင်း သိရှိရပါသည်။

Powered by Blogger.