တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်
|
photo - KMT (တောင်ကြီး) |
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဗိုလ်လုပွဲကို (၁၆-၁-၂၀၁၄) ရက်နေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ နောင်ကားဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
|
photo - Khun Ag Naing (PNO) |
ပြိုင်ပွဲ၏ အငယ်တန်း (လူသစ်တန်း) ဗိုလ်လုပွဲစဉ်တွင် အောင်ဆုဗွေအသင်းနှင့် ပုံလောဝ် အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရာ ပုံလောဝ်အသင်းက အောင်ဆုဗွေအသင်းအား (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး၊ အကြီးတန်း ဗိုလ်လုပွဲစဉ်တွင် Flamingo FC (မိုးဗြဲ)နှင့် လေမော်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရာ Flamingo FC အသင်းမှ လေမော်တန်အသင်းအား (၁) ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရှိရပါသည်။
|
photo - Khun Ag Naing (PNO) | | |
|
photo - Khun Ag Naing (PNO) |
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ အငယ်တန်း (လူသစ်တန်း) တွင် ဗိုလ်စွဲသွားသောအသင်းအား ကျပ်(၅)သိန်း၊ ဒုတိယရရှိသောအသင်းအား ကျပ် (၃) သိန်း ဖြင့်လည်းကောင်း၊ အကြီးတန်းတွင် ဗိုလ်စွဲသွားသောအသင်းအား ကျပ် (၁၀) သိန်း၊ ဒုတိယရရှိသောအသင်းအား ကျပ် (၅) သိန်းဖြင့်လည်းကောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
|
photo - KMT (တောင်ကြီး) |
ထို့အပြင် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ညွန့်(တော်ဝင်ဖိနပ်ဆိုင်)မှ အကြီးတန်းပြိုင်ပွဲတွင် ဗိုလ်စွဲသွားသော အသင်းအား ဆုငွေ (၂) သိန်းကျပ်ဖြင့်လည်းကောင်း၊ ဒုတိယရရှိသောအသင်းအား ဆုငွေ (၁) သိန်းကျပ်ဖြင့်လည်းကောင်း ချီးမြှင့်ခဲ့သည်။ ဒဂုံဘီယာမှ ဦးသားငယ်မှလည်း အကြီးတန်းပြိုင်ပွဲတွင် ဗိုလ်စွဲသွားသော အသင်းအား ဆုငွေ (၂) သိန်းကျပ်၊ ဒုတိယရရှိသောအသင်းအား ဆုငွေ (၁)သိန်းကျပ်ဖြင့်လည်းကောင်း၊ အငယ်တန်းပြိုင်ပွဲတွင် ဗိုလ်စွဲသောအသင်းအား ဆုငွေ (၂) သိန်းကျပ်၊ ဒုတိယရရှိသောအသင်းအား ဆုငွေ (၁) သိန်းကျပ်ဖြင့်လည်းကောင်း ချီးမြှင့်ခဲ့သည်။ ထို့နောက် နင်ဂျာ စက်ချောဆီကုမ္ပဏီမှလည်း အကြီးတန်းတွင် ဗိုလ်စွဲသောအသင်းအား ဆုငွေ (၂) သိန်းကျပ်၊ အငယ်တန်း ဗိုလ်စွဲသောအသင်းအား ဆုငွေ (၁) သိန်းကျပ်အပြင် ဗိုလ်လုပွဲသို့တက်ရောက်လာခဲ့သော အကြီးတန်းနှင့် အငယ်တန်း ပြိုင်ပွဲဝင် (၄) သင်းအား အားကစား ဂျာစီ အထည် (၈၀) ချီးမြှင့်သွားခဲ့ကြောင်း သိရှိရပါသည်။
|
photo - KMT (တောင်ကြီး) |
KMT (တောင်ကြီး)
Like On Facebook
Follow On Twitter
Subscribe On RSS