တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၅) ရက်
![]() |
ဒေါ်နန်းမွံ (ပအိုဝ်းအမျိုးသမီးအဖွဲ့) |
ပအိုဝ်းအမျိုးသမီး ပညာရေး ဖေါင်ဒေးရှင်း (PWEF) နှင့် ပအိုဝ်းလူငယ် ကွန်ယက် (PYN) တို့မှ ကျေးလက်နေ ကျောင်းသား၊ ကျောင်းသူများ ဗုဒ္ဓဘာသာ၏ အနှစ်သာရ နှစ်နှစ်ကာကာ နားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးစေရန်နှင့် အင်္ဂလိပ်ဘာသာ ရေး၊ ဖတ်၊ ပြော နိုင်စေရန် ရည်ရွယ်ပြီး (၂၄.၄.၂၀၁၄) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နမ့်ဟောင်းကျေးရွာအုပ်စု၊ ဘန့်ကွဲကျေးရွာ၌ နွေရာသီ ဗုဒ္ဓယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
![]() |
All Photos By KMT |
ယင်းဖွင့်ပွဲသို့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ သီရိဇေယွန်ကျောင်း ဦးယုဇန၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ ပအိုဝ်းလူငယ်ကွန်ယက် ဥက္ကဌ ဦးခွန်ထွန်းရွှေ၊ ပအိုဝ်းအမျိုးသမီး အဖွဲ့ (တောင်ကြီး)၊ သင်တန်း ဆရာ/ ဆရာမများ၊ ကျောင်းသူ/ ကျောင်းသားများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ဦးယုဇန၊ ဦးခွန်သိန်းဖေ၊ ဦးခွန်ထွန်းရွှေ၊ ဒေါ်နန်းမွံတို့မှ မြန်မာ နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေများအား လည်းကောင်း၊ ဗုဒ္ဓ ယဉ်ကျေးမှု နှင့် အင်္ဂလိပ်စာ/စကား အရေးပါပုံများအား လည်းကောင်း အသီးသီး အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
KMT (ခွန်ဖြားဗွာခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS