Wednesday, June 11, 2014

RCSS/ SSA အဖွဲ့မှ ယာဉ်မောင်းနှင့် မော်တော်ယာဉ်ကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ငွေတောင်းခံ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်

RCSS/SSA အဖွဲ့မှ ငွေတောင်းခံစာ
ဟိုပုံးမြို့နယ်၊ နောင်ကယ်ကျေးရွာတွင် နေထိုင်သူ ခွန်တမင်းသည် လွိုင်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စု၊ နောင်ယာဆိုင်း ကျေးရွာသို့ (၅.၆.၂၀၁၄) ရက်နေ့တွင် ယာဉ်အမှတ် ၇က/၈၀၈၂ ဖြင့် ဆန်အိတ်များတင်ကာ ရောက်ရှိလာခဲ့စဉ် ၄င်း၏ယာဉ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ စိုင်းဝဏ္ဏ ဦးစီး အင်အား (၁၂) ဦးတို့မှ အတင်းအကြပ် တားဆီး၍ လူနှင့်ယာဉ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ငွေကျပ် (၄) သိန်းဖြင့် ပြန်လည်ရွေးယူရန် အဆိုပါ RCSS/SSA အဖွဲ့မှ ခြိမ်းခြောက်ငွေတောင်းခံခဲ့ရာ ၄င်းတို့ တောင်ခံသည့်အတိုင်း ငွေ (၄) သိန်း သွားရောက်ပေးဆောင်ခဲ့မှသာ အဆိုပါနေ့ ညနေ (၃) နာရီအချိန်ခန့်တွင် လူနှင့်မော်တော်ယာဉ်တို့ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ပြန်ပေးဆွဲခံရသည့်ယာဉ်

ခွန်သူရိယ
Powered by Blogger.