Friday, August 8, 2014

စန္တာခမ်းတိုင်း(ပင်လောင်းမြို့နယ်)တွင် ပြုလုပ်ကျင်းပသော ခမ်း၊နယ်၊အွိုင်း ရှင်သန်ရေး နှင့် စွမ်းရည်မြင့်သင်တန်းအောင်ပွဲအခမ်းအနား

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ(၉)ရက်



သြဂုတ်လ(၇) ရက် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူ့စစ်က ကြီးမှူးကျင်းပသော စန္တာခမ်းတိုင်းရှိ ခမ်း၊ နယ်၊ အွိုင် ရှင်သန်ရေးနှင့် စွမ်းရည်မြှင့်သင်တန်း သင်တန်းအောင်ပွဲအခမ်းအနားကို (၆-၈-၂၀၁၄) နံနက်ပိုင်း(၁၀း၃၀)အချိန်တွင် ပင်လောင်းမြို့နယ်၊ ၀ါးလီရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။   


အဆိုပါ သင်တန်းအောင်ပွဲအခမ်းအနားတွင် စန္တာခမ်းတိုင်းမှူး ဗိုလ်မှူးခွန်ဂျိုးဇက်မှ အဖွင့်အမှာစကား တက်ရောက် ပြောကြားခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာမှ နိုင်ငံရေးပါတီနှင့် အမျိုးသားရေး စည်းလုံးညီညွတ်ရေးဆိုင်ရာများကို တက်ရောက်ပြောကြားခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဦးခွန်လှမောင် (ခ)ဦးခွန်လာမဲင်းမှ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ ဖွံ့ဖြိုးရေး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုဌာနချုပ် စည်းရုံးရေးမှူး ဦးခွန်ပညာဗုတ်မှ လူမျိုးတစ်မျိုးတို့၏ အင်္ဂါလက္ခဏာများဖြစ်သော စာပေ၊ ယဉ်ကျေးမှု၊ အသုံးအဆောင်တူရိယာများ၊ ဒီမိုကရေစီသဘောတရားများ၊ ပအိုဝ်းလူမျိုးတို့၏ နိုင်ငံရေး လှုပ်ရှားမှု သမိုင်းကြောင်း၊ ဘာသာရေးဆိုင်ရာအသိပညာများပြောကြားခဲ့ကြောင်း၊ ပင်လောင်းမြို့နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ကြရန် ရှေ့ဆက်လက်တွဲပြီး ဖွံ့ဖြိုးရေး၊ စည်းလုံးရေးဆိုင်ရာများ ၀ိုင်းဝန်းလုပ်ဆောင်ကြရန် စသဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ အသီးသီးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။     ယင်းသင်တန်းအခမ်းအနားကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စန္တာခမ်းတိုင်း (ပင်လောင်းမြို့နယ်)မှ PNOအုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား(၁၀၀)ကျော်နှင့် ရပ်မိရပ်ဖ(၄၀၀)ကျော် တက်ရောက် အားပေးခဲ့ပြီး ရပ်မိရပ်ဖမှ ပညာရေးဆိုင်ရာများကို မေးမြန်း၊အကြံပြုကာ မွှန်းလွှဲပိုင်း (၂း၃၀) အချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်မွူးရောင်
Powered by Blogger.