Monday, August 25, 2014

RCSS/SSA အဖွဲ့မှ လွိုင်လင်မြို့နယ်အတွင်းနေ မိဘပြည်သူများထံ ဆက်ကြေးကောက်ခံ

တောင်ကြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်
 
photo - newmyanmarpyi.blogspot.com
 ၂၀၁၂ ခုနှစ်မှ စ၍ နိုင်ငံတော်နှင့် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်း ဆွေးနွေးလျှက်ရှိသည့် RCSS/SSA ရွက်ဆစ်အဖွဲ့၊ အဖွဲ့ငယ်၊ နန္တော ဦးစီးအဖွဲ့မှ အဖွဲ့ဝင် အိုက်ကပ် ဦးဆောင်ပြီး၊ (၂၃.၈.၂၀၁၄) နံနက် (၀၉း၀၀) နာရီအချိန်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် မိုင်းပွန်ဈေး အတွင်းသို့ ၀င်ရောက်ပြီး၊ ဆိုင်ဖွင့်လှစ် ရောင်းချလျှက်ရှိသည့် ဆိုင်ကြီးများကို ဆက်ကြေးငွေ သိန်း (၂၀) စီ တောင်းခံခဲ့ကြောင်း၊ ချက်ချင်း မပေးနိုင်သေးလျှင် လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု တောင်နောက်ကျေးရွာသို့ လာရောက် ပေးသွင်း ရမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
 
photo - mizzima
ယင်းဖြစ်ရပ်မျိုးမှ ယခုတစ်ကြိမ်မျှမဟုတ်၊ အကြိမ်ပေါင်းများခဲ့ပြီး ဖြစ်ကြောင်း၊ RCSS/SSA လက်အောက်ခံ အဖွဲ့ငယ်များ အနေဖြင့်၊ ယခုကဲ့သို့ ပြုမူကျင့်ကြံလျှက် ရှိနေမှုကြောင့်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများတွင် မှီတင်း နေထိုင်လျှက်ရှိသော ကျေးရွာပြည်သူလူထု များမှာ ကြောက်ရွံ့စိုးရိမ်မှုဖြင့် နေထိုင်နေရကြောင်း၊ လုံခြုံတည်ငြိမ်အေးချမ်းမှု မရှိကြောင်း သိရှိရပါသည်။
RCSS/SSA ရွက်ဆစ်လက်အောက်ခံ အဖွဲ့များသည်၊ တစ်ဘက်မှ နိုင်ငံတော်နှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းဆွေးနွေးနေ သော်လည်း၊ အခြားတစ်ဘက်မှ ပြည်သူလူထုထံ ဆက်ကြေးများ အမြဲလိုလို ကောက်ခံနေကြောင်း သိရှိရပါသည်။


လွိုင်လင်ဒေသခံတစ်ဦး
Powered by Blogger.