Monday, November 10, 2014

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ စွမ်းရည်မြှင့် နည်းပြသင်တန်းများ ပို့ချ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ပအိုဝ်းဒေသအတွင်းရှိ ပြည်သူလူထုများ နိုင်ငံရေး အသိအမြင်များကို ခေတ်နှင့်အညီ သိရှိနိုင်ရန် စွမ်းရည်မြှင့်သင်တန်းများကို ပို့ချလျှက်ရှိရာ၊ ၂၀၁၂-၁၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်တွင်  ဒေသတွင်းရှိ လူငယ် (၆၀၀၀) ကျော်ကို သင်တန်းပေးနိုင်ခဲ့ပြီး ကျေးရွာအုပ်စုအဆင့်တွင်လည်း နည်းပြများ မွေးထုတ်နိုင်ခဲ့ပါသည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် ပအိုဝ်းလူမျိုးများ နေထိုင်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကယားပြည်နည်များတွင်လည်း ကျေးရွာများအထိ ပို့ချပေးနိုင်ရန် သင်တန်းနည်းပြအတွက် ၀န်ထမ်းအသစ်များကို ခေါ်ယူပြီး တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ၂၀၁၄ ခုနှစ်  နိုဝင်ဘာလ (၁၀) ရက်မှ ဒီဇင်လာလ (၁၂) ရက်နေ့အထိ တစ်လကြာ နည်းပြသင်တန်း ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။ သင်တန်းပြီးဆုံးသောအခါ သက်ဆိုင်ရာ ၀န်ထမ်းများသည် မြို့နယ်များတွင် တာဝန်ခွဲယူပြီး ဆင့်ပွားသင်တန်းများကို  ကျေးရွာအဆင့်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

PNO သတင်းဌာန
Powered by Blogger.