Monday, November 3, 2014

RCSS/ SSA အဖွဲ့မှ ထောင်ထားသော မိုင်း နင်းမိ၍ အပြစ်မဲ့ ပြည်သူများ ဒဏ်ရာရ သေဆုံး

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်
 

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ (၁) ရက်နေ့ (၁၃း၀၀) နာရီ အချိန်ခန့် လွိုင်လင်မြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ စစ်စီရွာ အရှေ့ဘက် (၁) မိုင်ခန့်၊ လုံအောင်တက် လမ်းခုလတ်တွင် ရှမ်းသောင်းကျန်းသူ RCSS/ SSA အဖွဲ့မှ စိုင်းသောနအဖွဲ့ ထောင်ထားသော မိုင်းကို နင်းမိ၍ မိုင်းပွန်မြို့ ဈေးပိုင်းရပ်ကွက် (ကုန်းလွယ်) နယ်မြေတွင် နေထိုင်သော-
(က) ခွန်မောင်ချစ် (ခေါ်) တခစ် (ဘ) ဖြားတင်ထွန်း၊ အသက် (၅၀) နှစ်သည် ဘယ်ရင်အုံအား ထိမှန်ဖေါက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ဖြင့် လည်းကောင်း
(ခ) ဒေါ်နန်းအွန်( ခေါ်) နန်းမိဟွမ် (ဘ) ဦးလုံးညွတ်၊ အသက် (၃၀) နှစ်သည် ညာဘက်ခြေကျင်းဝတ် အရိုးကြေမွနှင့် ညာလက်တင်ပါး ထိမှန်ဒဏ်ရာ ဖြင့်လည်းကောင်း ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 


အဆိုပါ လူနာများမှာ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေပြီး ခွန်မောင်ချစ်မှာ အဆိုပါဒဏ်ရာဖြင့် (၂.၁၁.၂၀၁၄) ရက်နေ့ သေဆုံးသွားကြောင်း သိရှိရပါသည်။
 

RCSS/SSA အဖွဲ့မှ မဆင်မခြင် မိုင်းထောင်မှု/ မြေမြှုပ်မိုင်း အသုံးပြုမှုများကြောင့် လွိုင်လင်မြို့နယ်အတွင်း အပြစ်မဲ့ မိဘပြည်သူများ မိုင်းနင်းမိ၍ ဒဏ်ရာရ/ ဒုက္ခိတဖြစ်၊ သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်းလည်း သိရှိရပါသည်။


ခွန်ဖိုးသိန်း (KTL)
Powered by Blogger.