Friday, December 26, 2014

၂၀၁၄-၂၀၁၅ ခုနှစ် (၁၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲနှင့် ကျောက်တလုံးကြီးဒေသ ဥက္ကဌဖလား ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်


 ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် (၁၄)ကြိမ်မြောက်
 ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲနှင့်ကျောက်တလုံးကြီးဒေသဥက္ကဌဖလား
 ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို တောင်ကြီးမြို့နယ်၊နောင်ကားကျေးရွာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးပီတာထွန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲရေးမှူုး ဒုဗိုလ်မှူးကြီးခွန်လာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်သိန်းဖေ(ကန်ရှေ့)၊ မြန်မာနိုင်ငံ ဒိုင်အဖွဲ့ကြီးကြပ်ရေးမှူး ဦးကံသိန်း၊ ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ဒေသခံမိဘပြည်သူများနှင့် ပြိုင်ပွဲဝင် ဘောလုံးအသင်းသားများ တက်ရောက်ခဲ့ကြပါသည်။
 



 အခမ်းအနားတွင် အ.ထ.က ပန်သခွါး ကျောင်းသူ/ကျောင်းသား ဘင်ခရာအဖွဲ့မှ  တက်ရောက်လာသော ဥက္ကဌနှင့် လူကြီးမင်းများ၊ ဧည့်ပရိတ်သတ်များ ကိုချီတက် အလေးပြုကြပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ မြန်မာနိုင်ငံဒိုင်အဖွဲ့ ကြီးကြပ်ရေးမှူး ဦးကံသိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးပီတာထွန်းနိုင် တို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ပါသည်။ အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲဝင်ဘောလုံးအသင်းများ  ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး  အ.ထ.က ပန်သခွါး ကျောင်းသူ/ကျောင်းသား ဘင်ခရာအဖွဲ့မှ သရုပ်ပြ ဖြော်ဖြေခဲ့ပါသည်။ ဆက်လက်၍  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် (Flamingo FC) အသင်းနှင့် (နောင်တရားအသင်း) သားတို့ကို ရှမ်းလှပျိုဖြူများက ပန်းစည်းများဖြင့် ဂုဏ်ပြုပြီး ဒိုင်လူကြီးမှ ဦးဆောင်၍ နှစ်ဖက်အသင်းသားများ ကွင်းအတွင်း နေရာယူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးပီတာထွန်းနိုင်မှ ကွင်းအတွင်း ဘောလုံးကန်တင်ပြီး  ပြိုင်ပွဲ စတင်ခဲ့ပါသည်။
 ၂၀၁၄-၂၀၁၅ ခုနှစ် (၁၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲနှင့် ကျောက်တလုံးကြီးဒေသ ဥက္ကဌဖလား ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အဆင့် ဘောလုံးအသင်း (၁၃) သင်းနှင့် ကျေးရွာအုပ်စုအဆင့် ဘောလုံးအသင်း (၅၁) သင်း ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရှိရပါသည်။

ထင်;လေအောင်;

   

Powered by Blogger.