Thursday, January 29, 2015

ဒုတိယအကြိမ် မျိုးဆက်သစ်လူငယ်များအတွက် စွမ်းရည်မြှင့်သင်တန်း ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်


၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလတွင် ပအိုဝ်းအမျိုးအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးရှိ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနအဖွဲ့မှ ဦးဆောင်ပြီး မျိုးဆက်သစ် လူငယ်များအတွက် ဒုတိယ အကြိမ် စွမ်းရည်မြှင့် သင်တန်း  ပြုလုပ်ကျင်းပ သွားကြောင်း သိရပါသည်။
ဤသင်တန်းကို ဇန်န၀ါရီလ၂၆ ရက်နေ့မှစတင်ပြီး ကျောက်တလုံးကြီးမြို့နယ် ၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် ၊နောင်တရားမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
၎င်းသင်တန်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ကျင်းပသွားမှာ ဖြစ်ကြောင်း သင်တန်း ဆရာတစ်ယောက်က ပြောသွားကြောင်း သိရှိရပါသည်။

ခွန်ခမ်းမိုးဦး
Powered by Blogger.