Thursday, January 29, 2015

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၉) ရက်မြောက်နေ့တွင် ဆိုးဝါးလာတဲ့မူးယစ်ဆေးဝါးပြသနာနှင့် ပက်သက်သော အဆိုတခုကို လိုင်းဘွဲးမှ ဦးစောသိန်းအောင်က အဆိုတရပ်တင်သွင်း

နေပြည်တော်၊ ဇန်န၀ါရီလ (၂၉) ရက်


၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၉) ရက်မြောက်နေ့တွင် ဆိုးဝါးလာတဲ့မူးယစ်ဆေးဝါးပြသနာနှင့် ပက်သက်သော အဆိုတခုကို လိုင်းဘွဲးမှ ဦးစောသိန်းအောင်က အဆိုတရပ်တင်သွင်းပါသည်။ ၄င်းအဆိုအရ “မူးယစ်ဆေးဝါး အပြီးသတ်နှိမ်နှင်းနိုင်ရေးအတွက် ပြည်ထောင်စုမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့ကို ကူညီပံ့ပိုးပေးနိုင်မည့် ဒေသန္တရ ရပ်ကွက်/ကျေးလက် အထိ အဖွဲ့ပေါင်းစုံပါမည့် တားဆီးရေးအဖွဲ့ကို နိုင်ငံတော်မှ ဦးဆောင်ဖွဲ့စည်းပြီး တာဝန်ပေးသင့်ကြောင်း” အဆိုတင်သွင်းသွားပါသည်။ ၄င်းအဆိုကို လွှတ်တော်က ထောက်ခံမဲ ၃၄၃ မဲ၊ ကြားနေမဲ ၅ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရှိပြီး အဆိုကိုအတည်ပြု ဆုံးဖြတ်လိုက်ပါသည်။
၎င်းအဆို အတည်ပြုပြီးဖြစ်တဲ့အတွက် ရှေ့လျှောက်မူးယစ်ဆေးဝါး အပြီးသတ်တားဆီးနှိမ်နှင်းရေးကို ရပ်ကွက်/ကျေးလက် ရှိ ပြည်သူများ အဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများပူးပေါင်း၍ ရပ်ကွက်/ကျေးလက် တားဆီးနှိမ်နှင်းရေးအဖွဲ့ဖွဲ့ကာ လူထုလူပ်ရှားမူ အသွင်ဆောင်ရွက်သွားမည့် သဘောရှိပါကြောင်း သိရှိရပါသည်။

ဆော;၀င်,

Powered by Blogger.