Wednesday, January 28, 2015

အစိုးရသစ်လက်ထက် နိုင်ငံတော်အတွက် အရေးကြီးသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ဘတ်ဂျက်တိုးမြှင့်သုံးစွဲ

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၂၈) ရက်
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် ကဏ္ဍ (၂) ခုဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍရပ်များအတွက် ဘတ်ဂျက်များ တိုးမြှင့်သုံးစွဲရန် အစိုးရအား အမြဲ တွန်းအားပေးလျှက်ရှိရာ၊ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပညာရေးကဏ္ဍတွင် ကျပ်သန်းပေါင်း ၅၉၉၈၆.၄၇၆ သုံးစွဲရန် ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခဲ့ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကြောင့် လွှတ်တော်များပေါ်ပေါက်လာပြီးနောက်ပိုင်း၊ အစိုးရသစ် သက်တမ်း (၅) နှစ်အတွင်း အဆိုပါ ပညာရေး၊ ကျန်းမာရေး ကဏ္ဍနှစ်ခု အတွက် နိုင်ငံတော်မှ ဘတ်ဂျက် တိုးမြှင့် သုံးစွဲမူ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။


ရွေးကောက်ပွဲ နည်းလမ်းအရ လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး၊ အခြေခံဥပဒေအရ ဒီမိုကရေစီ အစိုးရပေါ်ပေါက်လာခဲ့သည်။ အာဏာကြီး (၃) ရပ် အပြန်အလှန် ထိန်းကျောင်းသည့် စနစ်ကျင့်သုံးသည်။ ထို့ကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်စေချင်သည်။ အစိုးရသစ် သက်တမ်း (၅) နှစ် အတွင်း နိုင်ငံတကာအဖွဲ့အစည်းချို့နှင့် နိုင်ငံအချို့မှ ချေးငွေနှင့် ကူညီထောက်ပံ့ငွေ တော်တော်များများ ပေးလာသည်။ ချေးငွေဆိုလျှင် အချို့မှာ အင်မတန် အတိုးနည်းပါးပါသည်။ အတိုးနူန်းက ၀.၀၁%၊ ပြန်ဆပ်ကာလ နှစ် (၄၀)၊ (၁၀) နှစ်ကိုအတိုးမဲ့ စသည့်ဖြင့် အလာကားနည်းပါးပင်။ ရခဲ့သမျှ ပြည်ပမှ ကူညီငွေနှင့် ချေးငွေ အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည် -
၂၀၁၁-၂၀၁၂     ကူငွေ (၂၂၃)၊ ချေးငွေ (၃၂၆၅) ကျပ်သန်းပေါင်း
၂၀၁၂-၂၀၁၃    ကူငွေ (၂၅၉၁၉)၊ ချေးငွေ (၉၆၃၆၄၀) ကျပ်သန်းပေါင်း
၂၀၁၃-၂၀၁၄    ကူငွေ (၁၉၈၀၈၅)၊ ချေးငွေ (၉၆၇၄၀၄) ကျပ်သန်းပေါင်း
၂၀၁၄-၂၀၁၅    ကူငွေ (၂၃၇၃၇၇)၊ ချေးငွေ (၁၄၈၀၆၁၆) ကျပ်သန်းပေါင်း
၂၀၁၅-၂၀၁၆    ကူငွေ (၃၄၄၉၂၅)၊ ချေးငွေ (၁၃၇၈၄၁၀) ကျပ်သန်းပေါင်း


ဆော;၀င်,

Powered by Blogger.