Thursday, February 5, 2015

ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ပအိုဝ်းဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်






၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၃)၊ အင်္ဂါနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ ပန်သခွါကျောင်းသား/သူများက ဘင်ခရာများဖြင့် ချီတက် ဖျော်ဖြေပြီး ဘောလုံးအသင်း သားများ နေရာယူကာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးခွန်ဝင်းကိုနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဦးတင်သိန်းတို့က အားကစားပြိုင်ပွဲပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်း အမှာစကားပြောကြားသွားပါသည်။
ယခုနှစ် ဘောလုံးပြိုင်ပွဲမှာ အသင်းပေါင်း(၆၃)သင်း ရှိပြီး တစ်ရက်လျှင် (၄)ပွဲ ယှဉ်ပြိုင်ကစား  သွားမည်ဖြစ်ည်။ အဆိုပါ ပအိုဝ်းအမျိုးသားနေ့အထိမ်အမှတ်ဘောလုံးပြိုင်ပွဲကို ဖျော်ဖြေပေးပါသော ပန်သခွါကျောင်းသား/သူများကို PNAမှ ဗိုလ်မှူးကျော်သူက ဆုငွေ(၁)သိန်းတိတိ ချီးမြင့်ခဲ့ပါသည်။  ထို့ပြင် ယင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက ကြည့်ရူအားပေးခဲ့ပါကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.