Thursday, February 5, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဌာနဆိုင်ရာဝန်ထမ်းများကို မွန်ပြည်နယ်မှ PYN လူငယ်များ လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်


၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ ဗုဒ္ဓဟူးနေ့၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဌာနဆိုင်ရာဝန်ထမ်းများကို မွန်ပြည်နယ်မှ PYN လူငယ်များ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ရှေ့ဦီးစွာ နှစ်ဦးနှစ်ဖက်မှ ရင်းရင်းနှီးနှီး မိတ်ဆက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ စောခွန်ကျော်ဝင်းက PNO ဗဟိုဌာနချုပ်ရုံး၏ ယခုလက်ရှိ လုပ်ဆောင်နေသော လှုပ်ရှားမှုများကို တင်ပြပြီး မွန်ပြည်နယ်မှ PYN လူငယ်များ ဦးဆောင်သူ မွန်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးခွန်သန်းဝေက အောက်ပြည်က နိုင်ငံရေးအခြေအနေနှင့် ခေတ်ရေစီးကြောင်းကြောင့် နိုင်ငံရေး အပြောင်းအလဲများကို ရှင်းလင်းတင်ပြသွားပါသည်။ ထိုနောက် တစ်ဖက်နှင့်တစ်ဖက် သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
မွန်ပြည်နယ်မှ PYN လူငယ်များ ဤသို့လာရောက်ရခြင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ PYNလူငယ်အဖွဲ့နှင့် တွေ့ဆုံရန်နှင့် မွန်ပြည်နယ်၊ သထုံပြည်တွင် ကျင်းပပြုလုပ်မည့် နှီးနှောဖလှယ်ပွဲကို လာရောက်ဖိတ်ကြားခြင်းဖြစ်ကြောင်း၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်မည့် ပအိုဝ်းအမျိုးသားပွဲတော်တွင်   လာရောက် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
 
ခွန်ထင်းလေအောင်း


Powered by Blogger.