Thursday, February 5, 2015

ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း) တွင် အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနား နှင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ဖွင့်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်



၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်၊ အင်္ဂါနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် အန္တရာယ်ကင်းပရိတ် တရားတော်နာ အခမ်းအနား နှင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ဖွင့်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို နှင့် ဖိတ်ကြားထားသော လူကြီးမင်းများ တက်ရောက်ခဲ့ပါသည်။
ရှေ့ဦးစွာ ရတနာ (၃) ပါး ကန်တော့၊ (၅) ပါးသီလခံယူပြီး စူဋ္ဌာမူနိ ဆရာတော်ထံမှ တရားတော်ကို နာယူခဲ့ပါသည်။    ထိုနောက် စူဋ္ဌာမူနိ ဆရာတော်၏ သြ၀ါဒစကားကို ခံယူပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီက ရေစက်ချ အမျှဝေခဲ့ပါသည်။
ဆက်လက်၍ သံဃာတော်အရှင်မြတ်တို့ထံမှ အန္တရာယ်ကင်း ကမ္မ၀ါတရားတော်ကို ခံယူကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ပြန်လည်ရုပ်သိမ်းကြောင်း သိရှိရပါသည်။
 
ခွန်ထင်းလေအောင်

Powered by Blogger.