Saturday, February 21, 2015

တောင်ကြီးတက္ကသိုလ် (Day) ပအိုဝ်းတိုင်းရင်းသားများ မောင်မယ် သစ်လွင်ကြိုဆို/ နှုတ်ဆက်ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂၂) ရက်
 
 
 ၂၀၁၅ ဖေဖော်ဝါရီ ၂၁ ရက်နေ့ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမမှာ  ပအိုဝ်းတိုင်းရင်းသား များ မောင်မယ်သစ်လွင်ကြိုဆို/ နှုတ်ဆက် ဆုနှင်းပွဲနှင့်မိတ်ဆုံစားပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်းသိရ သည်။ 
 

 အခမ်းအနားသို့ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့် ၊ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးခွန်ပညာဗုတ် နှင့် ရပ်မိရပ်ဖများ၊ တောင်ကြီးတက္ကသိုလ် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ဆရာ/ဆရာမကြီး များ ကျောင်းသား/သူများ တက်ရောက်ကြကြောင်းသိရသည်။
 
အခမ်းအနားမှာ နံနက်(၉)နာရီတွင် စတင်ပြီး ရှေးဦးစွာ ဦးခွန်စံလွင်မှ အမှာစကားပြောကြားပြီး၊ ဒေါက်တာမူမူမြင့် မှ ဆုံးမသြ၀ါဒပြောကြားကာ၊ ဦးခွန်ဝင်းကို နှင့် ဦးခွန်ပညာဗုတ် တို့တိုက်တွန်း အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
 
 
ဆက်လက်ပြီး တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဦးခွန်ကျော်ဟိန်း မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး၊ စတုတ္ထနှစ်ကျောင်းသား/ သူများကိုယ်စား သင်္ချာအထူးပြု ခွန်အောင်ကျော်စိုးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ၊ပထမနှစ် ကျောင်းသား/သူများကိုယ်စား ဥပဒေ အထူးပြု နန်းလှနွယ်မှ ကျေးဇူးတင်နှုတ်ဆက်စကားပြောကြား ခဲ့ကြောင်း သိရသည်။
 
 
ဆက်လက်၍ တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီမှ တောင်ကြီးတက္ကသိုလ် ဓမ္မာရုံနှင့် ဆေးရုံအတွက် အလှူငွေပေးအပ်ပြီး ထူးချွန်သော ကျောင်းသား/သူများ ဆုချီးမြှင့်ကာ ဧည့်ခံဖျော်ဖြေရေး ပထမ ပိုင်း အစီအစဉ် စတင်လိုက်ပါသည်။
 

ထို့နောက် ကျောင်းသား/သူများသည် ပအိုဝ်းတိုင်းရင်းသား၏ ရိုးရာအကမျိုးစုံဖြင့် ဆက်လက်ကပြဖျော်ဖြေပြီး ညနေ(၆)နာရီတွင် အခမ်းအနား ပြီးဆုံးသွားကြောင်းသိရပါသည်။
 

 

ခွန်ခမ်းမိုးဦး   
   
Powered by Blogger.