Tuesday, March 17, 2015

ရွေးကောက်ပွဲ စည်းရုံးရေးနှင့် မဲဆန္ဒရှင် ပညာပေးလှုံ့ဆော်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ (Election Campaign and Voter Mobilization workshop) ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၁၇) ရက်


၂၀၁၅-ခုနှစ်၊ မတ်လ  (၁၇) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် ROSA LUXEMBURG STIFTUNG (SOUTHEAST ASIA) အဖွဲ့နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲစည်းရုံးရေးနှင့် မဲဆန္ဒရှင် ပညာပေးလှုံ့ဆော်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။


ဤဆွေးနွေးပွဲသို့  ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၊ အင်းအမျိုးသားဖွံ့ဖြိုးရေးပါတီ(INDP)၊ တအာင်း(ပလောင်) အမျိုးသားပါတီ (TANP)၊  ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(UPNO)၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)၊ ကယားလူမျိုးစုဒီမိုကရေစီပါတီ(KUDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊  ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ မွန်အမျိုးသားပါတီ(MNP)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီတို့မှ  စုစုပေါင်းကိုယ်စားလှယ် (၃၆)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။


ဒီကနေ့ဆွေးနွေးပွဲသည် ပါတီပေါင်း (၁၆) ပါတီ တက်ရောက်လာကြပြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးနှင့် ပက်သက်၍ မဲဆန္ဒရှင်တွေကို ဘယ်လိုပညာပေး လှုံ့ဆော်ရမည် စသည့် အမေးအဖြေ များပြုလုပ်ကြပြီး၊ ဒီမိုကရေစီဖြစ်စဉ်တွေကိုလည်း အတူတကွ ရင်းနှီးစွာ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲသည် မတ်လ ၁၇ရက်မှ မတ်လ ၁၉ ရက်နေ့အထိ (၃) ရက်တိတိ ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



ခွန်ခမ်းမိုးဦး
Powered by Blogger.