Saturday, March 28, 2015

Myanmar Journalism Institute (MJI) မှ ရွေးကောက်ပွဲ သတင်းပေးပို့ခြင်းဆိုင်ရာ သင်တန်းပို့ချ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ မတ်လ (၂၈) ရက်

 Myanmar Journalism Institute (MJI) အဖွဲ့မှ ရွေးကောက်ပွဲ သတင်းပေးပို့ခြင်းဆိုင်ရာ သင်တန်းကို ၂၀၁၅ ခုနှစ်၊ မတ်လ (၂၃) ရက်မှ (၂၇) ရက်နေ့ထိ တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် လာရောက် ပို့ချသွားခဲ့ပါသည်။
ဤသင်တန်းသို့ ရှမ်းပြည်နယ်တွင်းရှိ  သတင်းထောက် (၁၅) ယောက် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ၄င်းသင်တန်၏ ရည်ရွယ်ချက်မှာ လာမည့် ရွေးကောက်ပွဲကာလအတွင်း အရေးကြီးသည့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ သိရှိနိုင်ရန်၊ အဆိုပါအရေးကြီးသည့် အကြောင်းအရာများအား သတင်းရေးသားနိုင်ရန်၊ ရွေးကောက်တင်မြှောက်သည့် အမတ်လောင်း၊ မဲဆန္ဒရှင်များ၏ အခွင့်အရေးများ မထိခိုက်စေပဲ သတင်းရေး သားနိုင်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သိရှိထားရန်၊ မဲဆန္ဒရှင်ပြည်သူများ၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည် အသံ အမြင် သဘောထားများ အခြေပြုပြီး ရေးသားနိုင်ရန် စသည်တို့ဖြစ်သည်။

အဆိုပါ သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား စသည့်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ကျန်သည့် ပဲခူး၊ ပုသိမ်မြို့များတွင်လည်း ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ခွန်ခမ်းမိုးဦး



Powered by Blogger.