Monday, April 6, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမတွင် လူမူဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊၂၀၁၅-ခုနှစ်၊ ဧပြီလ (၆) ရက်




၂၀၁၅-ခုနှစ်၊ ဧပြီလ (၆) ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမတွင် လူမူဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်၊   ကျေးလတ်ဒေသဖွံဖြိုးရေးဦးစီးဌာန ပြည်နယ်ညွန်ကြားရေးမှူး ဦးစီး ဦးမောင်မောင်ဝင်း၊ လူမူရေးဆိုင်ရာရာသုတေသန လုပ်ဆောင်မူအဖွဲ့ SPPRG မှ ဒေါ်က်တာအောင်နိုင်၊ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်းများ၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင် မြို့နယ်အသီးသီးမှ ပအိုဝ်းလူငယ်ကွန်ယက်(PYN) စုစုပေါင်း လူဦးရေ (၈၀) ခန့် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ ဥက္ကဋ္ဌဦးခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဦးမောင်မာင်ဝင်းမှ လူမူရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မူ အကြောင်းအရာများကို ခြုံငုံသုံးသပ် ပြောကြားကာ အခမ်းအနားကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဒေါ်က်တာအောင်နိုင်မှ မြန်မာနိုင်ငံအတွင်း ထိခိုက်လွယ်ကူမူနှင့် ပက်သက်ပြီး ခြုံငုံသုံးသပ်ရှင်းလင်းပြောကြားကာ တက်ရောက်လာသော သင်တန်းသူ/သားများနှင့် လူမူဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပက်သက်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။ ၄င်းအလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 

ခွန်အောင်မျိုးဦး

Powered by Blogger.