Tuesday, April 7, 2015

ဆဋ္ဌမအကြိမ်ပအိုဝ်းအမျိုးသားညီလာခံသို့ တင်သွင်းသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ၏ အစီရင်ခံစာ အပိုဒ် (၄)

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဧပြီလ (၈) ရက်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များ
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစဉ်လေးစား လိုက်နာလျက်ရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြဋ္ဌာန်းပေးသော နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေးဖြစ်သော တရားမျှတခြင်း၊ လွှတ်လပ်ခြင်းနှင့် ညီမျှခြင်းမှသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပန်းတိုင်ဆီသို့ ရောက်ရှိစေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကြီးလေးများပြားသောအမျိုးသားရေး တာဝန် အစဉ်ရှိနေမည်မှာ ဖြစ်ကြောင်း လေးနက်စွာ ခံယူပါသည်။ အဖွဲ့ချုပ်အနေဖြင့် ထိုများပြား လှသော အမျိုးသားရေး တာဝန်များမှ-
(၁)    ပအိုဝ်းတိုင်းရင်းသား အချင်းချင်းအစဉ်ထာဝရ စည်းလုံးညီညွတ်မှုရှိစေရန် ဦးတည် ဆောင်ရွက်မည်။
(၂)    တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို စွဲကိုင်ကာ  တစ်ဦးပေါ်တစ်ဦး နားလည်မှုဖြင့် အပြန်အလှန် လေးစားတန်ဖိုးထားပြီး သွေးစည်း ညီညွတ်စေရန် ဖေါ်ဆောင်မည်။
(၃)    စစ်မှန်သောမျိုးချစ်စိတ်”ထာဝစဉ်ရှင်သန် ထွန်းကားစေပြီး မိမိတို့၏အမျိုး ဂုဏ်၊  ဇာတိဂုဏ်ကို သားစဉ်မြေးဆက်ထိ အမွေကောင်းပေးနိုင်အောင် စီမံ ဆောင်ရွက်မည်။
(၄)    ဒို့တာဝန်အရေး(၃)ပါးကို အလေးထား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြဋ္ဌာန်းချက်နှင့် အညီ အပြည့် အဝရရှိရန် ကြိုးပမ်း၍ တိုးချဲ့ဆောင်ရွက်သွားပါမည်။ ဥပမာအားဖြင့် ကျောက်တလုံးကြီး မြို့နယ်ခွဲအား မြို့နယ်အဖြစ်သတ်မှတ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ထည့်သွင်းဖွဲ့စည်းနိုင်ရန်နှင့် အလားတူ ကိစ္စရပ်များ ရရှိရေး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်။
(၅)    ဒေသတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး အခြေခံ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ အပြည့်အဝရရှိခံစားနိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်မည်။
(၆)    ပအိုဝ်းတိုင်းရင်းသားများရှိရာ ဒေသတိုင်း တိုင်းရင်းသားပေါင်းစုံတို့၏ စာပေ၊ ဘာသာစကားယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုထိန်းသိမ်းမြှင့်တင်ပြီး ယဉ်ကျေးမှု အမွေအနှစ် ဖေါ်ထုတ်ခြင်းကို အားပေးကူညီမှုဖြင့် ရှေ့ရှုဆောင် ရွက်မည်။
(၇)    မိမိတိုင်းရင်းသားများ ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်စေရန် အားလုံး လက်ခံကျင့် သုံးနိုင်စေရန် လေ့ကျင့်ပေးပြီး တိုင်းရင်းသားများ လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းလာအောင် ဦးတည် ဆောင်ရွက်မည်။
(၈)    ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာရေ၊ မီး ကောင်းမွန်စေရန် တည်ဆောက် သွားမည်။
(၉)    တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းတည်ငြိမ်းအေးချမ်း မှုများရှိအောင် အလေးထား ဆောင်ရွက်မည်။
စသည့်ရှေ့လုပ်ငန်းစဉ်များချမှတ်၍ ဆောင်ရွက်သွားပါမည်။   
ရှေ့လုပ်ငန်းစဉ်
  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစဉ်လေးစားလိုက်နာလျက် ရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြဌာန်းပေးသော နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေးဖြစ်သော တရားမျှတခြင်း၊ လွှတ်လပ်ခြင်းနှင့် ညီမျှခြင်းမှသည် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပန်းတိုင်ဆီသို့ ရောက်ရှိစေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်၍ ရှေ့ဆက်ဆောင်ရွက်ရအုံးမည့် ကြီးလေးသော များပြားသော အမျိုးသားရေးတာဝန် အစဉ်ရှိနေအုံးမှာ ဖြစ်ကြောင်းလေးနက်စွာ ခံယူပါသည်။ အဖွဲ့ချုပ်အနေဖြင့် ထိုများပြားလှသော အမျိုးသားရေး တာဝန်များမှ-
(၁)ပအိုဝ်းတိုင်းရင်းသား အချင်းချင်းအစဉ်ထာဝရ စည်းရုံးညီညွတ်မှုရှိစေရန် ဦးတည်ဆောင်ရွက်မည်။
(၂) တိုင်းရင်းသားအချင်းချင်း တစ်ဦးပေါ်တစ်ဦး နားလည်မှုဖြင့် အပြန်အလှန် လေးစားတန်ဖိုးထားပြီး သွေးစည်းညီညွတ်စေရန် ဖေါ်ဆောင်မည်။
(၃)    စစ်မှန်သောမျိုးချစ်စိတ်”ထာဝစဉ်ရှင်သန် ထွန်းကားစေပြီး မိမိတို့၏ အမျိုးဂုဏ်၊  ဇာတိဂုဏ်ကိုသားစဉ်မြေဆက်ထိ အမွေကောင်းပေးနိုင်အောင် စီမံဆောင်ရွက်မည်။
(၄)    ဒို့တာဝန်အရေး(၃)ပါးကို အလေးထား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၆ အရ ကိုယ်ပိုင်     အုပ်ချုပ်ခွင့်ရ  ဒေသကို ပြဌာန်းချက်နှင့်အညီ အပြည့်အဝရရှိရန် ကြိုးပမ်း၍ တိုးချဲ့ဆောင်ရွက်     သွားပါမည်။ ဥပမာအားဖြင့် ကျောက်တလုံးမြို့နယ်အား မြို့နယ်အဖြစ် သတ်မှတ်၍ ပအိုဝ်း     ကိုယ်ပိုင်အုပ်ချုပ်ရဒေသအတွင်း ထည့်သွင်းနိုင်ရန်နှင့် အလားတူကိစ္စရပ်များရရှိရေး ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည်။
(၅)    ဒေသတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားအားလုံး အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီ     အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်။
(၆)    ပအိုဝ်းတိုင်းရင်းသားများရှိရာ ဒေသတိုင်း တိုင်းရင်းသားပေါင်းစုံတို့၏ စာပေ၊ ဘာသာစကား     ယဉ်ကျေးမှု၊ “ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြင့်တင်ပြီး ယဉ်ကျေးမှုအမွေအနှစ် ဖေါ်ထုတ်ခြင်း ကို အားပေးကူညီမှုဖြင့် ရှေ့ရှုဆောင်ရွက်မည်။
(၇)    မိမိတိုင်းရင်းသားများ ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်စေရန် အားလုံးလက်ခံကျင်းသုံးနိုင်စေရန်     လေ့ကျင့်ပေးပြီး တိုင်းရင်းသားများလိုလားသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာအောင် ဦးတည်ဆောင်ရွက်မည်။
(၈)    ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊     ကျေးရွာရေ၊ မီး ကောင်းမွန်စေရန် တည်ဆောက်သွားမည်။
(၉)    တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုများရှိအောင်     အလေးထားဆောင်ရွက်မည်။
စသည့်ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်သွားပါမည်။
နိဂုံး
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ဦးဆောင်မှုအခန်းကဏ္ဍမှ မားမားမတ်မတ် ရပ်တည်လျက် ထက်မြက်သွက်လက်သော စီမံခန့်ခွဲမှု၊ ကျစ်လစ်ခိုင်မာသော ဖွဲ့စည်းမှု၊ ကျယ်ပြန့်ထိရောက်သော စည်းရုံးမှု တို့ဖြင့် ပအိုဝ်းအမျိုးသားထုကြီးနှင့်တကွ ပါတီစည်းရုံးရေး၊ ဒေသအတွင်းနေ အခြားတိုင်းရင်းသား လူမျိုးပြည်သူများကပါ အမြဲတမ်း ယုံကြည်ကိုးစားအားထားရသည့် နိုင်ငံရေးပါတီကြီးဖြစ်ဖို့ရန် လိုအပ်ပါသည်။
သို့သော် ပအိုဝ်းတိုင်းရင်းသားတို့၏ စရိုက်၊ ဓလေ့သည် ရိုးရိုးသားသား၊ အေးအေးနေတတ်သည့် စရိုက်တို့ကြောင့် ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဘဲ မိရိုးဖလာ စရိုက်ဓလေ့သာ ဆက်လက် လက်ကမ်းမှု များပါသည်။ မည်သို့ပင် တတ်သိနားလည်စေကာမူ နိုင်ငံရေး၊ အမျိုးသားရေး၊ ရပ်ရွာရေးတို့ကို ဦးဆောင်ခိုင်းပါက ကိုယ်လွတ်ရုန်းတတ်ကြပါသည်။ မည်သည့်ခေတ်ကာလတွင်ဖြစ်စေ ပအိုဝ်းအမျိုးသားထုကို ဦးဆောင်မည့် ထင်ပေါ်ကျော်ကြားသော ခေါင်းဆောင်ကောင်းများ ရှားပါးခဲ့ပါသည်။ ခေတ်ပညာတတ်များ ပြားအောင် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ ခေတ်ပညာတတ် ဘွဲ့ရလူငယ်များကိုလည်း နိုင်ငံရေး၊ အမျိုးသားရေးတွင် စိတ်ပါဝင်စားလာစေရန် စည်းရုံးသိမ်းသွင်း လက်တွဲခေါ်ယူပြီး နေရာဖန်တီးပေးရန် လိုအပ်လာပြီ ဖြစ်ပါသည်။ ထို့တူ စေတနာ၊ ဝါသနာ အရင်းခံပြီး မျိုးချစ်စိတ်ရှိသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအစဉ်အလာရှိသည့် ပုဂ္ဂိုလ်များကိုလည်း ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် ပါတီတွင်း ပါဝင်လှုပ်ရှားအကြံပြုနိုင်အောင် စီစဉ်ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် လက်ရှိတာဝန်ရှိကြသော အမျိုးသားခေါင်းဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်း ကျင့်သုံးခဲ့ဖူးပြီးဖြစ်သည့် ပါလီမန် ပါတီစုံစနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်များ၏ အားသာချက်၊ အားနည်းချက်တို့ကို လေ့လာသုံးသပ် သင်ခန်းစာယူလျက် ဒီမိုကရေစီ အလွန်အကျွံ ကျင့်သုံးမှု၊ အစွန်းတရားနှင့် ဗဟိုချုပ်ကိုင်မှု အလွန်အမင်းတင်းကြပ်သည့် အစွန်းတရားများမှ လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးတည်း၏ ဩဇာအာဏာ လွှမ်းမိုးချုပ်ကိုင်မှု၊ အစွန်းတရားနှင့် စည်းကမ်းမဲ့ ပရမ်းပတာ သူတလူ ငါတမင်း၊ တစ်တော တစ်ကြက်ဖတွန် တတ်သည့် အစွန်းတရားများမှလည်းကောင်း၊ မိမိလူမျိုးမှ လူမျိုးဟု ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ရှိသည့် အစွန်းတရားတစ်ဖက်နှင့် စောင့်ထိန်းအပ်သည့် လူမျိုးရေးဇာတိမာန် မျိုးချစ်စိတ်အားသန်မှုတို့ ဆိတ်သုဉ်းလျက် အမျိုးသားစရိုက် အမျိုးသားဟန်တို့ ချိနဲ့ပျက်သုဉ်းသွားစေမည့် အစွန်းတရားများမှ လည်းကောင်း၊ နှစ်ဖက်အစွန်း အမှားတရားများမှ လွတ်အောင်ရှောင်ကွင်းနိုင်ရေးအတွက် လမ်းဖြောင့်လမ်းမှန်ပေါ်မှ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ဟန်ချက်ညီညီ၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်း နိုင်ရန်၊မဇ္စိုမပဋိပဒါ နည်းကျစွာ ပါတီလုပ်ငန်းများကို နိုင်ငံရေးသတိ၊ အမျိုးသားရေးအသိတို့ဖြင့် ဆောင်ရွက် သွားရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီဖြစ်ရာ (၅)နှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြုလုပ်ရမည် ဖြစ်ပါသည်။ သက်တမ်းပြည့်တိုင်း ရွေးချယ်တင်မြှောက်ပွဲတွင် ရည်မှန်းချက်အတိုင်း အောင်မြင်နိုင်ရန် ပအိုဝ်းအမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုရှိရန် အထူးအရေးကြီးပေသည်။ ပအိုဝ်းလူနေမှုအဖွဲ့အစည်း အဆင့်ဆင့်အတွင်း အဖွဲ့အစည်း အချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်ရန် အရေးကြီးပေသည်။ ပအိုဝ်းတိုင်းရင်းသားများသည် ဦးဆောင်လမ်းညွှန်မှုပေးသည့် ပုဂ္ဂိုလ်၊ ဦးစီးဦးဆောင်ပြုမည့် ပုဂ္ဂိုလ်၏ နောက်တွင် အစဉ်တစိုက် လိုက်ပါ တတ်သော်လည်း ယခင်အချိန်က အတော်အတင့် ခွင့်လွှတ်တတ်သည့်သဘော ရှိပါသည်။ သို့သော် လာမည့်အနာဂတ်နိုင်ငံရေး ရေစီးကြောင်းတွင် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ   မှားနေသည့် အမှား-အမှားများနေလျှင် လက်ပိုက်ခွင့်လွှတ်လိမ့်မည်မဟုတ်ဟု ယူဆမိပါသည်။ ပါတီစုံဒီမိုကရေစီ ဖြစ်သည့်အားလျှော်စွာ ယှဉ်ပြိုင်ပါတီတည်ထောင်ခြင်း၊ အခြားပါတီသို့ ကူးပြောင်းခြင်း စသည့် ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့်အပြင် သွေးစည်းညီညွတ်မှုလည်း ပြိုကွဲသွားနိုင်ပါသည်။
လက်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ငြိမ်းချမ်းရေးအဖွဲ့)ကို ကျောရိုးပြုကာ အမျိုးသားထုအတွင်း အလွှာ အသီးသီးမှ လူပုဂ္ဂိုလ်များ အင်အားစုတစ်ရပ်ဖြစ်သော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင် စေလျက် ဖွဲ့စည်းတည်ထောင်ထားပါသည်။ ထူးခြားသော သွေးစည်းညီညွတ်မှုဒေသတွင် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးတို့ ဖွံ့ဖြိုးတိုးတက်မှုများ ရလဒ်ကောင်းများ ရရှိပြီး ဖြစ်ပါသည်။ ရှေ့ဆက်ပြီး အနာဂတ်ခရီး သာယာလှပရေးအတွက် ပါတီကို ဦးဆောင်ဦးရွက်သည့် ပုဂ္ဂိုလ်များ၊ ပါတီဝင်များသည် ပါတီဝင်တစ်ဦးချင်းစီ၏ အရည်အချင်းထက်မြက်ရေး၊ စုပေါင်းခေါင်းဆောင်၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်ခြင်း ဆိုသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပါတီတွင်း ကျင့်သုံးရန် လိုအပ်ပေသည်။ ထို့ပြင် လွှတ်တော်နိုင်ငံရေး ရှိပြီးဖြစ်၍ လွှတ်တော်ပြင်ပနိုင်ငံရေး(လွှတ်တော်ကိုယ်စားလှယ်ကို အထောက်အကူပြုသည့်အဖွဲ့)လည်း ရှိရန် လိုပါသည်။ ပြည်သူလူထုအတွင်းမှာလည်း အမိန့်အာဏာဖြင့် ခိုင်းစေခြင်း၊ ဩဇာအာဏာပြ၍ အနိုင်ကျင့်ခြင်း၊ ပြည်သူတွေကို မထေမဲ့မြင်ပြုမူခြင်း၊ တစ်ဦးအပေါ်တစ်ဦး အထင်မှား အမြင်မှားလုပ်ရပ်များ၊ မပြုမူမိစေရန် အထူးအရေးကြီးပြီး တောင်သူလှေနံဓါးထစ်  မှတ်ယူခြင်းမျိုး မပြုမိစေဖို့ အရေးကြီးပေသည်။ တမျိုးသား လုံးကိုယ်စားပြုသည့် ပါတီဖြစ်သည့်အားလျော်စွာ ရန်ပုံငွေရပ်တည်မှုမှာလည်း တစ်ဦးတစ်ယောက်တည်း၊ တဖွဲ့တည်းအပေါ် မမူတည်ဘဲ အမျိုးသားအရေးကို အမျိုးသားတိုင်းမှာ တာဝန်ရှိကြောင်း သိရှိနားလည်ရန် လိုအပ်ပါသည်။ သို့မှသာ ပအိုဝ်းအမျိုးအဖွဲ့ချုပ်ပါတီသည် နိုင်ငံနှင့် လူမျိုးရှိနေသရွေ့ ပါတီလည်း ရှိနေမည်ဖြစ် ကြောင်း သုံးသပ်ရပါသည်။
Powered by Blogger.