Saturday, April 4, 2015

ဆဋ္ဌမအကြိမ်ပအိုဝ်းအမျိုးသားညီလာခံသို့ တင်သွင်းသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ အစီရင်ခံစာ အပိုဒ် (၃)

 တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဧပြီလ (၅) ရက်

ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဖွဲ့စည်းခြင်း
ပအိုဝ်းလူငယ်ကွန်ယက် ဖွဲ့စည်းရသည့် အကြောင်းများကို ဆက်လက်ပြီး တင်ပြသွားမည်ဖြစ်သည်။ လူငယ်များသည် ရိုးသားကြပြီး ဖြူစင်ဖြောင့်မတ်ကြသည်။ သူရသတ္တိနှင့် ပြည့်စုံကြသည်။ မဟုတ်မခံ မှန်ရာကို လုပ်တတ်ကြသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အမျိုးသားများ၏ အကျိုးကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်တတ်ကြသည်။ တောင်တန်းကြီးများကို ဖြိုချနိုင်ကြသည်။ ချိုင့်ဝှမ်းကြီးကို တမံအဖြစ် တုတ်နိုင်ကြသည်။ လူငယ်များ၏ အားသည် အမျိုးသားအတွက် အားလည်းဖြစ်သည်။ လူငယ်များ၏ စွမ်းရည်သည် အမျိုးသားများ၏ စွမ်းရည်လည်းဖြစ်သည်။ အခုလူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း ယနေ့လူငယ်များသည် နောင်အနာဂတ်တွင် မုချလူကြီးဖြစ် လာမည့်သူများ ဖြစ်သည်။ လူမျိုး၏ အနာဂတ်ကို ပိုင်ဆိုင်မည့်သူများ ဖြစ်ကြသည်။ ပအိုဝ်းလူငယ်ကွန်ယက်ကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ကြည့်ပါက ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးများနှင့် တန်းတူရည်တူ အပြန်အလှန် လေးစားရန်၊ တန်ဖိုးထားမှုများနှင့် ထာဝရသွေးစည်းညီညွတ်မှု ရရှိစေရန်၊ အနာဂတ်ခေါင်းဆောင် ကောင်းများ ပေါ်ထွက်လာစေရန်၊ ပအိုဝ်းလူငယ်ကွန်ယက်သည် ပအိုဝ်းတိုင်းရင်းသားနှင့် အခြားတိုင်းရင်းသား လူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လက်တွဲဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်ကောင်းများကို တွေ့ရှိရသည်။ ပအိုဝ်းလူငယ်ကွန်ယက်၏ လုပ်ငန်းစည်းမျဉ်းများ၊ မူဝါဒများ၊ အဖွဲ့ဝင်အဖြစ်လက်ခံခြင်းများ၊ အဖွဲ့ဝင်၏ ရပိုင်ခွင့်များ၊ အဖွဲ့ဝင် များ၏ ကျင့်ဝတ်များဖြင့် ကွန်ယက်ဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲပြီး ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ထီရီးဘုန်းတော်ကြီးကျောင်းတွင် တောင်ပေါ်မြေပြန့်မှ ပအိုဝ်းလူငယ်(၁၀၆၂)ဦးကျော် တက်ရောက်ပြီး ဒီမိုကရေစီနည်းလမ်းနှင့်အညီ ပအိုဝ်းလူငယ်ကွန်ယက်ဗဟို (PYN) ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ဖွဲ့စည်းပြီးသော လူငယ်ကွန်ယက်မှာ(   )ဖွဲ့ ရှိပြီး ဖြစ်ပါသည်။
လူငယ်ကွန်ယက်များအနေဖြင့် မြို့နယ်အချင်းချင်း ချိတ်ဆက်၍သော်လည်းကောင်း၊ မြို့နယ်တွင်းလူငယ် များ စုစည်ပြီး ဆင့်ပွားသင်တန်းပေးခြင်း၊ စည်းရုံးရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေးနှင့်ဆိုင်သော ပညာပေးသင်တန်းများ၊ အင်္ဂလိပ်စကားပြောသင်တန်းများ၊ လူငယ်များအတွက် ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အထူးသဖြင့် လူငယ်များ အမျိုးသားနိုင်ငံတွင် ပါဝင်လုပ်ဆောင်ကြပြီး ခေတ်စနစ်နှင့်အညီ တွေးခေါ်မျှော်မြင် တတ်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရန် လေ့ကျင့်ပေးလျှက် ရှိပါသည်။ ပအိုဝ်းလူငယ်ကွန်ယက် များအနေဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း၏ တဖက်တလှမ်းဖြစ်သော မြို့နယ် တိုင်းတွင် သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား ကောက်ယူရေးတွင် ပါဝင်လုပ်အားပေးသည့်အပြင် လူမှုရေးလုပ်ငန်းများ၊ အလုပ်အကိုင်ရရှိရေးလုပ်ငန်းများကို ဌာနဆိုင်ရာနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ကိုယ့်အားကိုယ်ကိုး လုပ်ငန်းများတွင် ကျယ်ပြန့်စွာ စည်းလုံးလှုပ်ရှားနိုင်ခဲ့သ ဖြင့် ပြည်သူလူထုများအား ယုံကြည်သော လူမှုရေးအသင်းအဖွဲ့အဖြစ် ဦးဆောင်နိုင်ခဲ့ကြောင်း လူငယ်ကွန်ယက်၏ စွမ်းအားကို တင်ပြလိုက်ရပါသည်။ 
 လေ့ကျင့်ပညာပေးရေးအကြောင်းကို ဆက်လက်ပြီး အစီရင်ခံသွားမည်ဖြစ်သည်။ လေ့ကျင့်ပညာပေး ရေးများ၏ ရည်ရွယ်ချက်များမှာ ပုဂ္ဂိုလ်တစ်ဦးချင်း၏ အရည်အသွေးများ ပြောင်မြှောက်လာစေရေး၊ လက်ရှိလုပ်ငန်းနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအကြောင်းကို ပြသလေ့ကျင့်ဆောင်ရွက်စေရေးနှင့် အလွှာအလိုက်ဆောင်ရွက်ကြရမည့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်း အဖြာဖြာကို လေ့ကျင့်ပညာပေးရေး တို့ပင်ဖြစ်သည်။ လေ့ကျင့်ပညာပေးရေး၏ အစီအစဉ်အညွှန်းများမှာ လုပ်ငန်းတစ်ခုစီအတွက် လိုအပ်ချက်များကို သတ်မှတ်ရေး၊ အဖွဲ့သားများအား အကဲဖြတ်ရေး၊ နေရာချထားရေးနှင့် လေ့ကျင့်ပညာပေးရေးတို့ဖြစ်သည်။ လေ့ကျင့် ပညာပေးရေးနည်းလမ်းများမှာ လုပ်ငန်းခွင်အတွင်းတွင် လက်တွေ့လေ့လာသင်ကြားပေးခြင်း၊ အလုပ်ချင်းလှဲလှယ်၍ အထူးတာဝန် ပေးချက်များပြုလုပ်ပေးခြင်း၊ အထူးလေ့လာရေးအစီအစဉ်များပြုလုပ်ပေးခြင်း၊ အနီးကပ် လက်သပ်သင်ပေးခြင်း၊ ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ အမှုတွဲများကိုလေ့လာ စေခြင်းနှင့် သရုပ်ပြ၍ လေ့ကျင့်ပညာပေးခြင်းတို့ဖြစ်သည်။ ၂၀၁၂-ခုနှစ်မှ ၂၀၁၄-ခုနှစ် အထိ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် ခဲ့သည့်အကြိမ်ပေါင်း(၈၁)ကြိမ်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဆိုင်သည့်သင်တန်းများကို ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရဌာန ဆိုင်ရာအဖွဲ့အစည်းများ ဖွင့်လှစ် သည့်သင်တန်းများတွင် သင်တန်းတက်ရောက်ခဲ့သည့် အကြိမ်ပေါင်း (၂၃၇)ကြိမ်ရှိခဲ့ပါ သည်။ ၂၀၁၂-ခုနှစ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)နှင့် တခြားသောအဖွဲ့အစည်းများ ပူးပေါင်းပြီး ကျင်းပဖွင့်လှစ် ခဲ့သည့်သင်တန်းများမှာ(၆)ကြိမ်ဖြစ်ပြီး သင်တန်း သား(၂၄၈)ဦး၊ သင်တန်းသူ(၁၁၁)ဦး၊ စုစုပေါင်း(၃၅၉)ဦးဖြစ်ပါသည်။ ၂၀၁၂-ခုနှစ် အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကျင်းပဖွင့်လှစ်ခဲ့သည့် သင်တန်းများမှာ(၆) ကြိမ်ဖြစ်ပြီး သင်တန်းသား(၂၇၇)ဦး၊ သင်တန်းသူ(၁၄၆)ဦး၊ စုစုပေါင်း(၄၂၃)ဦးဖြစ်ပါ သည်။ ၂၀၁၃-ခုနှစ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကျင်းပဖွင့်လှစ်ခဲ့သည့် သင်တန်းများ မှာ(၂၂)ကြိမ်ဖြစ်ပြီး သင်တန်းသား(၉၇၉)ဦး၊ သင်တန်းသူ(၆၇၇)ဦး၊ စုစုပေါင်း(၁၆၅၆)ဦး ဖြစ်ပါသည်။ ၂၀၁၄-ခုနှစ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် တခြားသောအဖွဲ့အစည်းများ ပူးပေါင်းပြီး ကျင်းပဖွင့်လှစ် ခဲ့သည့်သင်တန်း များမှာ(၄)ကြိမ်ဖြစ်ပြီး သင်တန်းသား(၁၁၀)ဦး၊ သင်တန်းသူ(၇၀)ဦး၊ စုစုပေါင်း(၁၈၀)ဦး ဖြစ်ပါသည်။ ၂၀၁၄-ခုနှစ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကျင်းပဖွင့်လှစ်ခဲ့ သည့်သင်တန်းများမှာ(၇၁)ကြိမ်ဖြစ်ပြီး သင်တန်းသား(၂၂၁၃)ဦး၊ သင်တန်းသူ(၁၈၈၁)ဦး၊ စုစုပေါင်း (၄၀၉၄)ဦးဖြစ်ပါသည်။ ၂၀၁၅-ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်အထိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ဏြဥ) ကျင်းပဖွင့်လှစ်ခဲ့သည့်သင်တန်းများမှာ(၇၆)ကြိမ်ရှိခဲ့ပြီး သင်တန်း သား(၂၄၃၄)ဦး၊ သင်တန်းသူ(၂၅၀၃)ဦး၊ စုစုပေါင်း(၄၉၃၇)ဦးဖြစ်ပါသည်။ ဆက်လက်၍ ၂၀၁၅-ခုနှစ်အတွင်း အုပ်စုနှင့်ကျေးရွာများတွင် သင်တန်းများဖွင့်လှစ်နေဆဲဖြစ်ပါသည်။ ၂၀၁၂-ခုနှစ်မှ ၂၀၁၅-ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်အထိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ဏြဥ) ကျင်းပဖွင့်လှစ်ခဲ့သည့် သင်တန်း များမှာ(၁၇၅)ကြိမ်ရှိခဲ့ပြီး သင်တန်းသူ^သား ဦးရေ စုစုပေါင်း(၁၁၁၁၀)ဦးရှိပါသည်။ ၂၀၁၂-ခုနှစ်မှ ၂၀၁၅-ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပီအဲန်အို)နှင့် အခြားသောအဖွဲ့အစည်းများ ပူးပေါင်းပြီး ကျင်းပဖွင့်လှစ်ခဲ့သည့် သင်တန်းများမှာ (၁၀)ကြိမ်ရှိခဲ့ပြီး သင်တန်းသူ/သားဦးရေ စုစုပေါင်းမှာ(၅၃၉)ဦးရှိပါသည်။ ပြုလုပ်ခဲ့သည့် သင်တန်းပေါင်းစုံမှ သင်တန်းသူ/သား ဦးရေစုစုပေါင်း(၁၁၆၄၉)ဦးကို လေ့ကျင့်ပညာပေး နိုင်ခဲ့ပါသည်။ လူငယ်များသည် တိုင်းပြည်အတွက် အနာဂတ်ဒေသတွင်း ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေးကို ရည်မှန်းပြီး တစ်ဦးနှင့်တစ်ဦး ချစ်ကြည်လေးစားမှု၊ တန်ဖိုးထားမှု၊ အသိပညာချင်းဖလှယ်ပေးမှု၊ အများဆုံးဖြတ်ချက်လိုက်နာပြီး လူနည်းစုဆန္ဒကိုလည်း ဂရုပြုရမည်ဟူသော ဒီမိုကရေစီအလေ့အထကျင့်သုံးမှု အလေ့အထဖြစ်ပေါ်စေရန်နှင့် အမျိုးကိုကာကွယ်စောင့်ရှောက်သော မျိုးချစ်စိတ်ပေါ်ထွန်းစေရန် ပါတီမှ လူငယ်များကို အသိပညာ တိုးပွားစေရေးအတွက် လေ့ကျင့်ပညာပေးနိုင်ခဲ့ပါသည်။ သင်တန်းတွင်ပို့ချဆွေးနွေးခဲ့သည့် ခေါင်းစဉ်များမှာ (၁)ပအိုဝ်းလူမျိုးသမိုင်း (၂)ပအိုဝ်းစာပေသမိုင်း (၃)ပအိုဝ်းတော်လှန်ရေးသမိုင်း (၄)ငြိမ်းချမ်းရေးရယူခြင်းမှတ်တမ်း (၅)ပအိုဝ်းလူမျိုးများ မမေ့အပ်မပျောက်ကွယ်သင့်သော ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည့် ရိုးရာ ထုံးတမ်း”ဓလေ့အစဉ်အလာများ (၆)ဒီမိုကရေစီ (၇)အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာချက်စာတမ်း (၈) ဖွဲ့စည်းပုံအခြေခံဥပဒေ(၉)ကောင်းမွန်သော အုပ်ချုပ်မှု (၁၀)ခေါင်းဆောင်မှု (၁၁)ဖွံ့ဖြိုးတိုးတက်မှု (၁၂) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု (၁၃)အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ပျောက်ရေးသဘောတူစာချုပ် (၁၄)မီဒီယာနှင့် သတင်းရေးသားနည်း (၁၅)စည်းရုံးခြင်း (၁၆) သင်တန်းနည်းပြ လမ်းညွှန် (၁၇)သဘာဝပတ်ဝန်းကျင် (၁၈) ပဋိပက္ခနှင့်ငြိမ်းချမ်းရေး (၁၉)ရုံးစာရေးနည်း (၂၀) အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု (၂၁)စီမံကိန်းရေးဆွဲနည်း (၂၂)Gender (ကျားမအခန်းကဏ္ဍ) (၂၃)ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ စသည်တို့ဖြစ်ပါသည်။
နောင်ယာသဲုင်း ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲတော် ကျင်းပခြင်း
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဗိုလ်မှူးကြီး ဦးအောင်ခမ်းထီ ဦးဆောင်၍ ၁၃၃၉-ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ကျောက်တလုံးကြီးဒေသ နောင်ယာသဲုင်းကွင်းကြီးတွင် ပအိုဝ်းဒေသ၏ အနာဂတ်ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ အနာဂတ်ငြိမ်းချမ်းရေး၊ ပအိုဝ်းစာပေမြှင့်တင်ရေး စသည့် ပအိုဝ်းရေးရာရှေ့ လုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် ဆွေးနွေးပွဲကြီးများ ပြုလုပ်ခဲ့သည်။ ၎င်းနောင်ယာသဲုင်း ပအိုဝ်းအမျိုးသားနေ့တွင် ဆရာတော် ဦးကောဝိဒ(ယခု ဇ၀နာရာမပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော်၊ ဆီဆိုင်မြို့)၊ ပအိုဝ်းစာပေတိုးတက်မြှင့်တင်ရေးအဆိုကို တင်သွင်းရာတွင် ပအိုဝ်းသံဃာတော် အပါးပေါင်း(၈၀၀)ကျော်နှင့် အမျိုးသားနေ့သို့ တက်ရောက်လာကြသော ပအိုဝ်းရဟန်းရှင်လူ ပြည်သူလူထု အပေါင်းတို့က တခဲနက် ထောက်ခံအတည်ပြုပေးခဲကြသည်။

ပိဋကတ်တော် ပင့်ဆောင်ပူဇော်ခြင်း
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ဥပဒေဘောင်အတွင်းတွင် နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဘာသာသာသနာရေး စသည်တို့ကို နိုင်ငံ့တော်အကြီးအကဲများနှင့် တွေ့ဆုံဂါရ၀ပြုတိုင်း တင်ပြဆွေးနွေး ခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဋ္ဌ ဦးအောင်ခမ်းထီသည် (၈-၇-၁၉၉၂)ရက် နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အင်းယားအကွက်(၁၈)ရှိ ဧည့်ရိပ်သာ၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁)နှင့် တွေ့ဆုံပြီး တိုင်းရေးပြည်ရေး၊ ဘာသာ၊ သာသနာရေး တိုးတက်စည်ပင်ထွန်းကားသာယာရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ (၉-၇-၁၉၉၂)ရက်နေ့တွင် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားစေတီများကို သွားရောက်ဖူးမျှော် ကြည်ညိုခဲ့သည်။ စိတ်ဆန္ဒထဲတွင် ပိဋိကတ်တော်အစုံကို ပင့်ဆောင် ပူဇော်ခွင့် ရရှိခဲ့ပါက များစွာစိတ်ချမ်းသာ ကျေနပ်လိမ့်မည်ဟု ဆုတောင်းနေမိသည်။ (၁၃-၇-၁၉၉၂)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သန်းရွှေ(ယခု အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)နှင့် အတွင်းရေးမှူး(၁)ပါဝင်သော နိုင်ငံတော် အကြီးအကဲနှင့် အဖွဲ့ဝင်များ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အင်းယားအကွက်(၂၀)ရှိ ဧည့်ရိပ်သာတွင် တွေ့ဆုံပြီး ပိဋိကတ်သုံးပုံကို ပူဇော်လိုကြောင်းလည်း တင်ပြဆွေးနွေးရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်အကြီးအကဲ မှ တာဝန်ယူ လှူဒါန်းပေးမည်ဖြစ်ကြောင်း နှုတ်ဂတိဖြင့် ပြောကြားခဲ့ပါသည်။
(၁၈-၇-၁၉၉၂)နေ့လည်(၁၂)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဝန်ကြီးရုံးခန်း၌ ပိဋိကတ်သုံးပုံကို သွားရောက်လက်ခံရာ ပိဋကတ်သုံးပုံလှူဒါန်းရာ၌ လူပုဂ္ဂိုလ်များအနေဖြင့် ပထမဦးဆုံး အလှူခံရရှိသူမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ  တစ်ဦးတည်သာရှိကြောင်း ထုတ်ဖော်ပြောဆိုသော မင်္ဂလာစကားကို သာဓု သုံးကြိမ်ခေါ်ဆိုခွင့် ရခဲ့ပါသည်။
(၁၉-၇-၁၉၉၂)ရက်နေ့တွင် ရန်ကုန်မြို့တော်ကြီးမှ ပအိုဝ်းဒေသတောင်ပေါ်မြေသို့ လေယာဉ်ဖြင့် ပင့်ဆောင်ပူဇော်ကြရာ လမ်းခရီးတွင်မိဘပြည်သူများက ဝမ်းသာစွာဖြင့် တရွာဝင်တရွာထွက် ပင့်ဆောင်ပူဇော် ခဲ့သဖြင့် (၅-၈-၁၉၉၂)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ သို့ ရောက်ရှိပြီး ၎င်းပိဋိကတ်သုံးပုံကို ယခုအခါ ကိုယ်စိတ်ငြိမ်းအေး အောင်ဓမ္မစေတီဗိမာန်(နမ်းသခွရောင်း အောင်ဓမ္မစေတီ)တော်၌ ပူဇော်ကိုးကွယ်လျက် ပိဋိကတ်တရားတော်များ ဆက်လက်ထွန်းကား ပြန့်ပွားစေရန် ဒေသစုံပအိုဝ်းသံဃာတော် အရှင်သူမြတ်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ျ

ပိဋိကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ပေါ်ပေါက်လာပုံအကြောင်း
၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၁၂)ရက်နေ့မှစ၍ တပို့တွဲလပြည့်နေ့အထိ(၄)ရက် တိုင်တိုင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကျောက်တလုံးကြီးမြို့ပေါ်တွင် အောင်ဓမ္မစေတီ ပိဋိကတ်ဗိမာန်တော် ထီးတင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ထိုထီးတင်ပွဲကို အကြောင်းပြု၍ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အစရှိသော မြန်မာတစ်ဝှမ်းလုံးရှိ ပအိုဝ်းတိုင်းရင်းသား ဆရာတော် သံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်များအလိုအလျောက် စုစည်းမိပြီးသား ဖြစ်သွားခဲ့ပါသည်။ ထိုသို့ စုစည်းမိခဲ့သောကြောင့် ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၁၃)ရက်နေ့ တွင် ပိဋိကတ်ဗိမာန်အနီး အောင်ဇဗ္မူဓမ္မရုံကြီးအတွင်း၌ ဆရာတကာအဆင့်မြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခွင့်ရခဲ့ကြပါသည်။
ထိုဆရာတကာ အဆင့်မြင့်နှီးနှောဖလှယ်ပွဲတွင် ပအိုဝ်းတိုင်းရင်းသားများအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပါသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ်များမှာ-
၁။ ပအိုဝ်းတိုင်းရင်းသားတစ်ရပ်လုံးက (၅)ကြိမ်မျှ အတည်ပြုထားပြီးသော ထီသိမ်     စာမူကို ဆက်လက်အတည်ပြု သင်ကြားစေရန်၊
၂။ သုံးနှစ်အတွင်း ပိဋိကတ်စာပေကို ပအိုဝ်းဘာသာသို့ ပြန်ဆို၍ ပအိုဝ်းဘာသာပြန်         ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေနိုင်ရန် တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သုံးနှစ်အတွင်း ပိဋိကတ်စာပေကို ပအိုဝ်းဘာသာသို့ ပြန်ဆို၍ ပအိုဝ်း ဘာသာပြန်ကျမ်းစာအုပ် များထုတ်ဝေနိုင်ရန်} ဟူသော ရှေ့လုပ်ငန်းစဉ်ကို အကောင်အထည် ဖေါ်နိုင်ရန် ၁၃၇၃-ခုနှစ်၊ နယုန်လပြည့်ကျော် (၇)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံး အပေါ်ဆုံးထပ်တွင် ပအိုဝ်းတိုင်းရင်းသား ဆရာတော် သံဃာတော်များက ပိဋကတ်ပအိုဝ်းဘာသာပြန် လုပ်ငန်းဆိုင်ရာ အစည်းအဝေး ကျင်းပပြီး ]ပိဋိကတ်ပအိုဝ်းဘာသာပြန်အဖွဲ့}ကို ဖွဲ့စည်းခဲ့ကြပါသည်။
ထို့နောက် ၁၃၇၃-ခုနှစ်၊ နယုန်လပြည့်ကျော်(၁၄)ရက်(လကွယ်နေ့)တွင် ပိဋိကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကျင်းပပြီး ပိဋိကတ်စာပေကို ကျွမ်းကျင်တတ်မြောက်တော်မူကြသော ပအိုဝ်းရဟန်းသံဃာတော်များက ပိဋိကတ်ပအိုဝ်း ဘာသာပြန် လုပ်ငန်းကို အသီးသီးတာဝန်ခွဲဝေတော်မူခဲ့ကြသည်။ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံး အပေါ်ဆုံးထပ်ကိုလည်း ပိဋိကတ်ပအိုဝ်းဘာသာပြန်ရုံး(ဗဟို) ပိဋိကတ်ပအိုဝ်း ဘာသာပြန်ဌာနအဖြစ် သတ်မှတ်ခဲ့ကြပါသည်။
ပိဋိကတ်ပအိုဝ်းဘာသာပြန်အဖွဲ့သည် ပိဋိကတ်သုံးပုံပါဋိတော်၊ ဓမ္မပဒဝတ္ထု၊ ဇာတ်-၅၅၀ ဝတ္ထုအစရှိသည့် ကျမ်းပေါင်း(၁၀၂)ကျမ်းကို ပအိုဝ်းဘာသာပြန်ဆိုလျက်ရှိရာ ယခုအခါ ကျမ်းပေါင်း(၄၆)ကျမ်းမျှကို ပအိုဝ်းဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ပေသည်။ ဘာသာပြန်ပြီးဖြစ်သော ပိဋိကတ်ကျမ်းစာများကို စာအုပ်ထုတ်ဝေနိုင်ရန် အစီအစဉ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘာသာပြန်၍ မပြီးသေးသော ကျမ်းစာများကိုလည်း ဆက်လက်၍ ဘာသာပြန်သွားဦး မည်ဖြစ်ကြောင်း ပိဋကတ်ပအိုဝ်းဘာသာအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒအရ သိရှိရပါသည်။

ဗုဒ္ဓဓါတ်တော် ပင့်ဆောင်ပူဇော်ခြင်း
၁၉၉၁-ခုနှစ်၊ ဧပြီလတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ငြိမ်းချမ်းရေးရယူပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ မွေတော်ကက္ကူဘုရားကို အထူး အလေးထားပြီး ပြုပြင်ထိန်းသိမ်းခဲ့ရာ မြန်မာနိုင်ငံသာမက ကမ္ဘာအရပ်ရပ်သို့တိုင်အောင် ထင်ရှားကျော်ကြားလာခဲ့သည်။ သမိုင်းဝင် မွေတော်ကက္ကူဘုရားတွင် ဗုဒ္ဓ၏ သီရီရဓါတ်တော်ကို ထာဝရကြည်ညိုနိုင်ရန် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီမှ စင်္ကာပူနိုင်ငံ ရွှေကျောင်းဆရာတော် ဗင်ရှီဖါဆော့ထံတွင် လျှောက်ထားပြီး ဆရာတော်က သီရိလင်္ကနိုင်ငံသို့ ကြွရောက်ကာ ဗုဒ္ဓ၏ သီရိရဓါတ်တော်ကို ပူဇော်အလှူခံခဲ့ပါသည်။
ယင်းနောက် သီရိလင်္ကာနိုင်ငံမှ သံဃာ့ရာဇာဂိုဏ်းကြီး(၃)ဂိုဏ်းမှ ဆရာတော်ကြီးများ၊ ဓါတ်တော်ထိန်း ဆရာတော်ကြီးများနှင့် သီရိလင်္ကာနိုင်ငံအကြီးအကဲများသည် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီး မြန်မာနိုင်ငံမှ ပအိုဝ်းဒေသ ရှိ မွေတော်ကက္ကူဘုရားသည် သမိုင်းနောက်ခံ အခြေအနေ၊ ကိုးကွယ်မှုထိန်းသိမ်းမှုနှင့် လိုအပ်သောအင်္ဂါရပ်များ ပြည့်စုံသဖြင့် ဗုဒ္ဓသီရိရ ဓါတ်တော်ကို ပင့်ဆောင်ပူဇော်ခွင့် ရရှိခဲ့ပြီး(၁၂-၁၂-၂၀၀၁)ရက်နေ့တွင်  သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ၊ နိုင်ငံတော်အကြီးအကဲများနှင့် တိုင်းသူပြည်သားများတို့က ပင့်ဆောင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြလုပ်ပေးခဲ့သည်။
ယင်းနောက် ၎င်းဓါတ်တော်ကို (၁၃-၁၂-၂၀၀၁)ရက်နေ့တွင် စင်္ကာပူသို့ ပင့်ဆောင်ပြီး (၁၅-၁၂-၂၀၀၁)ရက်နေ့တွင် စင်္ကာပူမှတဆင့် ရန်ကုန်သို့ ဆက်လက်ပင့်ဆောင် လာရာ (၁၆-၁၂-၂၀၀၁)ရက်နေ့တွင် ရန်ကုန်မှ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိပြီး လမ်းခရီးတွင် တဆင့်ပြီးတဆင့် အပူဇော်ခံပြီး ဆက်လက်ပင့်ဆောင် လာရာ(၂၃-၁၂-၂၀၀၁)ရက်နေ့၊ နံနက်(၁ဝး၄၅)အချိန်တွင် ဗုဒ္ဓသီရိရဓါတ်တော်မြတ်သည် မွေတော်ကက္ကူ ဘုရားရှိ အပရာဇိတ ပလ္လင်တော်မြတ်ပေါ်တွင် ရောက်ရှိစံပယ်တော်မူပြီး ဗုဒ္ဓဘာသာဝင် သူတော်ကောင်း အပေါင်း တို့အားလုံး ဂုဏ်ယူဝင့်ကြွားဖွယ်ရာပင် ဖြစ်သည်။
ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)အဖွဲ့ အစည်းအဝေးကျင်းပခြင်း
ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)အား အသင်းအဖွဲ့မှတ်ပုံတင်ရရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးပါရန် တင်ပြခဲ့ရာ ၁၉၉၆-ခုနှစ်၊ မတ်(၂၂)ရက်နေ့တွင် နိုင်င့တော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့က အမှတ်(၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ကွက်၊ တောင်ကြီးမြို့တွင် ဖွဲ့စည်းတည် ထောင်ထားသော ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ကော်မတီအား အသင်းအဖွဲ့ ဖွဲ့စည်းခွင့် အမှတ်(၁၇၉၅)ဖြင့် ခွင့်ပြုလိုက်သည်။
ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ကော်မတီသည် ၁၉၉၇-ခုနှစ်၊ ဩဂုတ်လ (၁)ရက်နှင့် (၂)ရက်နေ့များတွင် တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စု၊ ဖါမွန်း ဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းတစ်မျိုးသားလုံး စာပေနှင့်ယဉ်ကျေးမှု (ဗဟို)အစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပခဲ့သည်။ ထိုစာပေယဉ်ကျေးမှု(ဗဟို)အစည်းအဝေးသို့ တောင်ပေါ် မြေပြန့်မကျန် မြို့နယ်ပေါင်းစုံမှ စာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက် ခဲ့ကြသည်။ ဤအစည်း အဝေးကြီးမှ စာပေယဉ်ကျေးမှု ရှေ့လုပ်ငန်းစဉ် များစွာကို ချမှတ်နိုင်ခဲ့သည်။
ပအိုဝ်းဒေသတွင်း ထာဝရငြိမ်းချမ်းရေး ရရှိစေရန် ပအိုဝ်းတမျိုးသားလုံး ထီရီးညီလာခံကျင်းပခြင်း
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပအမဖ) ပါလီမန်အမတ်လောင်း ဦးစံအောင်တို့ တွေ့ဆုံဆွေးနွေးကြရာမှ ပအိုဝ်းဒေသငြိမ်းချမ်းရေးကို စတင်ခဲ့သည်။ ပအိုဝ်းတမျိုးသားလုံးက ငြိမ်းချမ်းရေးကိစ္စမှန်သမျှကို ပြုလုပ်လာမည်ဆိုလျှင် အားလုံးသဘောတူလက်ခံကြသည်။
ထို့ကြောင့် (၂၄-၁၂-၁၉၉၀)ရက်နေ့တွင်တစ်ကြိမ်၊ (၅-၁-၁၉၉၁)ရက်နေ့တွင် တစ်ကြိမ်၊ (၁၈^၁၉-၂-၁၉၉၁)ရက်နေ့တွင်တစ်ကြိမ်၊ (၂၂-၂-၁၉၉၁)ရက်နေ့တွင်တစ်ကြိမ်၊ (၂၄-၂-၁၉၉၁)ရက်နေ့တွင်တစ်ကြိမ်၊(၂၅-၂-၁၉၉၁)ရက်နေ့တွင်တစ်ကြိမ်၊ (၂၁-၃-၁၉၉၁) ရက်နေ့တွင်တစ်ကြိမ်နှင့် (၂၃-၃-၁၉၉၁)ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း ကြိမ်ရေ(၇)ကြိမ် တိတိဖြင့် ကြိုတင်ညှိနှိုင်းကာ ပအိုဝ်းတစ်မျိုးသားလုံး ငြိမ်းချမ်းရေးအတွက် ပြည်လုံးကျွတ် ညီလာခံကို (၂၇-၃-၁၉၉၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ထီရီး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပနိုင်ခဲ့ပါသည်။
(၂၈-၃-၁၉၉၁)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပပြီး နိုင်ငံတော်နှင့် နောက်ဆုံးအဆင့်ဆွေးနွေးပွဲ တက်ရောက်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)ဥက္ကဋ္ဌ ဦးအောင်ခမ်းထီက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဦးခင်ကျော်ညို၊ ဦးခွန်ဝိဇ္ဇာ၊ ဦးခွန်ကျော်ခမ်း၊ ဦးခွန်အောင်သာ၊ ဦးခွန်ဟိုက်ဆော်ဝမ်းနှင့် ဦးခွန်စံလွင်တို့အား ရွေးချယ်ခဲ့သည်။
(၉-၄-၁၉၉၁)ရက်နေ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးခွန်မောင်တုတ်နှင့်အဖွဲ့က ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၏ ဆွေးနွေးပွဲတွင် တက်ရောက်မည့် ကိုယ်စားလှယ်များအား လာရောက် ကြိုဆိုကြရာ ည(၆း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၁) ဧည့်ဂေဟာသို့ ရောက်ရှိပါ သည်။
(၁၁-၄-၁၉၉၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးခန်းမတွင် ပြုလုပ်သော အစည်းအဝေးသို့တက်ရောက်ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဝန်ကြီးများ၊ ညွန်ကြားရေးမှူးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ထို့ကြောင့် ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံး၏ ပစ္စုပ္ပန်နှင့် အနာဂတ်ဘ၀ အေးချမ်း သာယာဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးမဖြစ်မနေ ရယူနိုင်ရန် အစွမ်းကုန် ပါဝင်ကူညီခဲ့၊ ဆောင်ရွက်ခဲ့ကြသော (ပအမဖ)ပါလီမန်အမတ်ဟောင်း ဦးစံအောင်၊ ဦးမောင်ငွေ၊ ဦးကျော်သိန်း၊ ဦးခွန်မောင်တုတ်၊ ဦးခွန်ကျော်ဇေယျတို့ (၅)ဦးအား နိုင်ငံတော်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)တို့အကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအဖြစ် မှတ်တမ်း တင်အသိအမှတ်ပြု အပ်ပါသည်။
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ချစ်မောင်နှင့်အဖွဲ့များ ဥပဒေဘောင် အတွင်း ဝင်ရောက်လာခြင်း
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ထော်ဒေသ၊ မောက်မယ်မြို့နယ် အတွင်းရှိ ဟိုနမ့်ဒေသနှင့် ကဒူးကြီး၊ ကဒူးလေးဒေသတွင် လှုပ်ရှားလျက်ရှိသော ရှမ်းပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ချစ်မောင်နှင့် အဖွဲ့များသည် အခြားလက်နက်ကိုင်အဖွဲ့အစည်းများနည်းတူ ထာဝရငြိမ်းချမ်းရေး ရယူနိုင်ရန် အဖွဲ့အစည်းအတွင်းသာမက ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးနှင့် ပအိုဝ်းဒေသ ငြိမ်းချမ်းရေး သာယာဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပအိုဝ်းလူမျိုးတို့၏ ကံကြမ္မာအဆိုးအကောင်းကို တပ်မတော်နှင့် ယုံယုံကြည်ကြည်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်ကတစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)နှင့် ညှိနှိုင်းပေါင်းစပ်ကာ ပအိုဝ်းလူမျိုးထုတစ်ရပ်လုံး၏ ရည်မှန်းချက်ဖြစ်သော ပအိုဝ်းသည် တအိုဝ်းသာဖြစ်သင့်သည်ဆိုသည့် အချက်ကို နားလည် သဘောပေါက်သည်ကတစ်ကြောင်း၊ ပအိုဝ်းအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ပေါင်းစည်းကာ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ အနာဂတ်နိုင်ငံရေးတွင် ပိုမိုလှပလာစေရန် လက်တွဲပူးပေါင်းဆောင်ရွက်မှ ကောင်းမည်ဟု သဘောပေါက်ယုံကြည်သဖြင့် ၂၀၀၇-ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်၌ အဖွဲ့ဝင်ဦးရေ(၁၇၃)ဦး၊ လက်နက် ကြီး/ငယ် (၁၃၂)လက်ဖြင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ပြီး ငြိမ်းချမ်းရေးကို ရယူခဲ့ပါသည်။
ထိုအချိန်တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ပြီး ငြိမ်းချမ်းရေးရယူသည့် အခမ်းအနား၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သောင်းအေး၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြို့မိမြို့ဖများ အားလုံး စုံစုံညီညီဖြင့် တက်ရောက်ကာ ယခုအခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့်ပူးပေါင်းပြီး ဒေသအကျိုး၊ ရပ်ရွာအကျိုးများကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ခံယူဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာနေပြီ ဖြစ်သည်။

တန်(၃၀၀၀)ကျော် မဟာကျောက်စိမ်းတုံးကြီးအား နိုင်ငံတော်သို့လှူဒါန်းခြင်း

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ငြိမ်းချမ်းရေးအဖွဲ့သည် ၁၉၉၁-ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် ငြိမ်းချမ်းရေးရယူကာ တပ်ဖွဲ့ဝင်မိသားစုများ၏ သက်သာချောင်ချိရေးအတွက် လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအကျိုးပြု အထောက် အကူပြုစေရန် ဗဟိုစီးပွားရေးတာဝန်ခံ ဦးခွန်မြတ်(ခွန်ပအိုဝ်းကျောက်မျက်နှင့် တွင်းထွက်ရတနာကုမ္ပဏီ)နှင့် အထူးစီးပွားရေးတာဝန်ခံ ဦးနေဝင်းထွန်း (ပတ္တမြား ကျောက်စိမ်းနဂါးကုမ္ပဏီ)တို့ကို ၁၉၉၅-ခုနှစ်တွင် စတင်ဖွဲ့စည်း၍ ရှမ်းပြည်နယ်၊ မိုင်းရှူးဒေသနှင့် ကချင်ပြည်နယ် ဖါးကန်းဒေသများတွင် ကျောက်မျက်လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း မိုင်းရူးဒေသတွင် လုပ်ကွက်(၇)ကွက်၊ ဖါးကန့်ဒေသတွင် လုပ်ကွက် (၆၆)ကွက် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း၊ ဤသို့မိမိတို့ လူအား၊ ငွေအား၊ စက်အားနှင့် ဇွဲလုံ့လ တို့ကြောင့် နမ့်မှော်ဖေါ်ထုတ် (၁၀၉) လုပ်ကွက်တွင် (၅-၅-၂၀၀၀)ရက်နေ့တွင် တန်(၃၀၀၀)မဟာကျောက်စိမ်းတုံးကြီးကို စတင်တူးဖေါ်ရရှိခဲ့ပါသည်။
ဦးနေဝင်းထွန်း၏ ရှင်းပြချက်အရ နိုင်ငံတော်သို့ လုပ်ကွက်ဖိုးကျပ် (၆၁၇)သန်း၊ ရတနာခွန် ကျပ်(၃၅)သန်းနှင့် အမေရိကန်ဒေါ်လာ(၇)သန်း ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း၊ ဤတန်(၃၀၀၀)သုံးထောင်ကျော် ကျောက်စိမ်းတုံးကြီး တူးဖေါ်ရရှိပြီးနောက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီသို့ တင်ပြရာ ဦးအောင်ခမ်းထီက ဤကျောက်စိမ်း တုံးကြီးသည် နိုင်ငံ့ဂုဏ်ဆောင် ကျောက်မျက်ရတနာဖြစ်၍ နိုင်ငံတော်နှင့်သာ ထိုက်တန် ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူသန်း(၅၀)ကျော် ပိုင်ဆိုင်သည့် ရတနာဖြစ်စေလိုကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ (၁၃၅)မျိုးကပိုင်ဆိုင်သည့် ရတနာလည်းဖြစ်စေလိုကြောင်း၊ ဤကျောက်စိမ်းတုံးကြီးကို ထုခွဲရောင်းချလျှင် ခဏလေးနှင့် ပျောက်ကွယ်ကုန်ဆုံးသွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ဤမဟာကျောက်စိမ်းတုံးကြီးကို မိမိတို့အဖွဲ့လက်ထဲတွင် ထားရှိ နေခြင်းထက် နိုင်ငံတော်လက်ထဲမှာ နိုင်ငံ့ဂုဏ်ဆောင်ရတနာတစ်ပါးအဖြစ် ထားရှိခြင်းက ပို၍ သင့်လျော်အကျိုးရှိလိမ့်မည်ဟု မိမိတို့ခံယူပါကြောင်း စသည့် ဥက္ကဌဦးအောင်ခမ်းထီ၏ နိုင်ငံတော်အပေါ် အမြော်အမြင်ကြီးမားစွာဖြင့် စဉ်းစားကာ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ဏြဥ) ဗဟိုကော်မတီဝင်အားလုံးတို့အား ခေါ်ယူညှိနှိုင်းရာ တညီတညွတ်တည်း ဆုံးဖြတ်ပြီး တန်(၃၀၀၀)ကျော်ရှိ မဟာကျောက်စိမ်းတုံးကြီးကို (၂၆-၅-၂၀၀၂)ရက်နေ့၊ ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၌ လှူဒါန်းပွဲ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း၊ မဟာကျောက်စိမ်းတုံးကြီးလှူဒါန်းပွဲ အခမ်းအနား၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁)က ကျေးဇူးတင်စကား ပြောကြားပြီး၊ အဖွဲ့ဝင်ဝန်ကြီးများ နှင့် ညွန်ကြားရေးမှူးချုပ်အဆင့်များလည်း တက်ရောက်အားပေး ချီးမြှင့်ကြကြောင်း တန်ဖိုးမဖြတ်နိုင်သော သမိုင်းအရ မှတ်တမ်းတင်အပ်ပါသည်။

ပအိုဝ်းအမျိုးသားများ ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းဖြစ်ပေါ်လာခြင်း
ပအိုဝ်းတိုင်းရင်းသားအများစုသည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် နေထိုင် ကြပါသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး စသော အမျိုးဘာသာသာသနာ၊ လူမှုရေးရာကိစ္စများကို ဆောင်ရွက်ရာတွင်တောင်ကြီးမြို့သည် အဓိကကျသော၊ အချက်အချာကျသော အရေးပါသော မြို့တစ်မြိ့ဖြစ် ပြီး၊ တောင်ကြီးမြို့နယ်၏ (၇၅%)သော နယ်မြေအကျယ်အဝန်းတွင် ပအိုဝ်းတိုင်းရင်းသားများ အတည်တကျ အခြေပြု နေထိုင်နေသော မြို့နယ်တစ်ခုဖြစ်ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)သည် ၁၉၉၁-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် ဥပဒေဘောင်တွင်းသို့ ဝင်ရောက်လာပြီး နိုင်ငံတော်၏ ကူညီပံ့ပိုးမှု၊ ကြည့်ရှုစောင့်ရှောက်မှု တို့ဖြင့် ပအိုဝ်းအမျိုးသားများ၏ အရေးအရာများကို ရေရှည်ဆောင်ရွက်နိုင်ရန် အတွက် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ဏြဥ) ဗဟိုဌာနချုပ်ရုံးကို တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်တွင် ဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)၊ ဗဟိုဌာနချုပ်ရုံး အနေဖြင့် ၁၉၉၁-ခုနှစ်၊ မေလမှစ၍ ရုံးဖွင့်လှစ်ပြီး နိုင်ငံတော်၏ ကူညီပံ့ပိုးမှုဖြင့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လာခဲ့ရာ ကာလအားဖြင့် (၂၄)နှစ်ခန့် ရောက်ရှိလာပြီးဖြစ်ပါသည်။
ပအိုဝ်းအမျိုးသားများ၏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့သော လုပ်ငန်းအဖြစ် ဆောင်ရွက်သွားရမည်ဖြစ်၍ အသုံးပြုနေကျ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားမြေ သာသနာမြေများမှာ ရေရှည်တွင် အဆင်ပြေမှု၊ အပ်စပ်မှု ဖြစ်လာတော့မည် မဟုတ်သဖြင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် မြေနေရာ လိုအပ်လာကြောင်း သိရှိနားလည်လာကြပါသည်။ ထိုသို့မြေနေရာ လိုအပ်နေကြောင်းကို သိရှိနားလည်သည့်အလျောက် မြေနေရာရရှိရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၏ မျက်နှာစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် (ယခင် တနွိုင်ရေးကျေးရွာ) တောင်ဖက်ရှိ မြေကွက်လပ်များကို ဗဟိုကော်မတီဒုဥက္ကဋ္ဌ ဖြားတန်ခင်ကျော်ညို၊ ဗဟိုကော်မတီဝင် ဦးပီတာထွန်းနိုင်၊ ဖြားတန်စန္တာ၊ ဗဟိုဌာနချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဦးခွန်မြမောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတို့မှ ကျေးရွာရှိမိဘပြည်သူများထံ ပအိုဝ်း တမျိုးသားလုံးအတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တနွိုင်ရေးရွာ လူကြီးများ၊ သက်ဆိုင်ရာမြေပိုင်ရှင်များ၊ ခြံပိုင်ရှင်များအား ဖိတ်ခေါ်ညှိနှိုင်းချက်အရ ပအိုဝ်းအမျိုးသားရေးကိစ္စဖြစ်၍ ခြံပိုင်ရှင်များ မြေပိုင်ရှင်များအနေဖြင့် စေတနာသဒ္ဓါတရား ကြည်ဖြူစွာဖြင့် မိမိတို့အဖွဲ့သို့ လွှဲပြောင်းလှူဒါန်းပေးခဲ့ပါသည်။
၎င်းမြေနေရာ၏ မူလရည်ရွယ်ချက်မှာ ပအိုဝ်းအမျိုးသားအဖွဲ့(PNO) ဗဟိုဌာနချုပ်ရုံး အဖွဲ့၏ ကြားစခန်း၊ ဆက်ဆံရေးရုံး၊ ဌာနချုပ်ရုံးအစရှိသည်များကို ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။ ထိုမှတဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနေရာ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး၊ ပအိုဝ်းမော်အဖွဲ့ရုံး၊ ပအိုဝ်းတိုင်းရင်းဆေးရုံ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ရုံးခွဲနှင့် (ပ.အ.မ.ဖ)ရုံး အစရှိသည်တို့ကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပအိုဝ်း တိုင်းရင်းဆေးရုံနှင့် ပအိုဝ်းမော်အဖွဲ့ရုံးတို့ ဆောင်ရွက်ချက်များရှိခဲ့သော်လည်း နောင်တွင် ပြည်လည်ပျက်ပြယ် သွားခဲ့ပါသည်။
ထို့ကြောင့် ၎င်းမြေနေရာများကို သက်ဆိုင်ရာမှ ပြန်လည်သိမ်းယူမှုမပြုနိုင်ရန် ဥပဒေအရပိုင်ဆိုင်ထားမှုကို ခိုင်ခိုင်မာမာလက်ဝယ်ထားရှိနိုင်ရန်အတွက် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ လမ်းညွန်မှုကို ခံယူကာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)အဖွဲ့ရှိ တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်းကာ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ပါသည်။  ၎င်းမြေနေရာကို ဥပဒေအရပိုမိုခိုင်မာသည့် ပိုင်ဆိုင်မှုရရှိနိုင်ရန် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံး၏ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်ကြသော ဦးခွန်လာ၊ အထူးစီးပွားရေးတာဝန်ခံ ဦးနေဝင်းထွန်း၊ ရုံးအဖွဲ့မှူး ဦးခွန်မြမောင်နှင့် ရုံးအဖွဲ့ဝင်တို့မှ တာဝန်ယူပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်ထံ တင်ပြတောင်းခံခဲ့ ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ ခွင့်ပြုချက်ရရှိပြီး ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန၏ ၂၀၀၅-ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ နေ့စွဲပါ၊ စာအမှတ်/၁၈၆၉/အရ မြေစာရင်းပုံစံ(၁၀၅)ကို လက်ဝယ်ပိုင်ဆိုင်မှု ရရှိခဲ့ပါသည်။
ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းအသုံးပြုနိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် တောင်ကြီးမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ မြို့နယ်အသီးသီးမှမိဘပြည်သူများ၏ မတည်ငွေ၊ ထည့်ဝင်လှူဒါန်းငွေများဖြင့် ပအိုဝ်းစာယဉ် ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုနှင့် ဒုဥက္ကဋ္ဌ ဆရာဦးခွန်မင်းကျော်တို့ ဦးဆောင်ကြီးကြပ်၍ ဘောလုံးကွင်း တည်ဆောက်ခြင်း၊ ပွဲကြည့်စင်ရှေ့မြေသားညှိခြင်း၊ ပွဲကြည့်စင်နောက်တည်းခိုရန်နေရာ တည်ဆောက်ခြင်း၊သောက်သုံးရေကန်များ၊ ခန်းမကြီးများ၊ ဈေးဆိုင်ခန်းများ၊ ပြခန်းများ၊ သဘာဝဥယျာဉ်ပန်းခြံများနှင့်ပအိုဝ်းအမျိုးသားဂုဏ် အင်္ဂါလက္ခဏာကြီးများအဖြစ်ဘက် စုံလုပ် ငန်း အသုံးပြုနိုင် ရန်ခန်းမကြီးများကိုလည်း ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်နေပါသည်။
အောင်ချမ်းသာစေတီတော် တည်ထားကိုကွယ်ခြင်း
ဘက်စုံဖွံ့ဖြိုးရေးကွင်းဖြစ်သည်နှင့်အညီ အမျိုးဘာသာသာသနာ၊ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်လိုအပ်သည်။ ဗုဒ္ဓမြတ်စွာသာသနာ ခေတ်ထွန်းလင်းတောက်ပ အစွန့်ရှည်တည် တံ့ပြန့်ပွားစေလိုသော အထိမ်းအမှတ်ဖြစ်သည့် အောင်ချမ်းသာစေတီတော်ကို ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် တည်ထားကိုးကွယ်ရန် စိတ်ဆန္ဒအားသန်ခဲ့သည်။
သို့ဖြစ်၍ ရန်ကုန်မြို့မှ ဆရာကြီးဒေါက်တာ ဦးရှိန်းသည် တောင်ကြီးမြို့သို့ (၅-၁၂-၂၀၁၀)တွင် ရောက်ရှိလာကာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ အား ကျောက်တလုံးကြီးမြို့တွင် သွားရောက်လည်ပတ် ဂါရ၀ပြုရင်းအပြန်တွင် ပအိုဝ်း အမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ဝင်ရောက်လည်ပတ် ကြည့်ရှု့ခဲ့သည်။ ဆရာကြီးဦးရှိန်း သည် မြန်မာပြည်အနှံ့တွင် လည်ပတ်ရင်းစိတ်ထဲတွင် ဘုရားစေတီတော် တစ်ဆူတည်ထား ကိုးကွယ်ရန် ဆန္ဒရှိခဲ့သည်။
၂၀၁၁-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဆရားကြီဒေါက်တာဦးရှိန်း တောင်ကြီးသို့ ပြန်လည်ရောက်ရှိလာရာ ပအိုဝ်းစာယဉ်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးခွန်ဝင်းကိုနှင့် ဦးခွန်မင်းကျော် တို့တွေ့ဆုံရာ၌ ဤပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် အောင်ချမ်းသာ စေတီတော် တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း ဆရာကြီးဦးရှိန်းအနေဖြင့် စေတနာသဒ္ဓါ တရား တတ်အားသရွေ့ မတည်ငွေပါဝင် လှူဒါန်းနိုင်ကြောင်း တင်ပြလျှောက်ထားရာ ဆရာကြီး ဒေါက်တာ ဦးရှိန်းက အလွန်နှစ်သက် သဘောကျခဲ့သည်။ ဆရာကြီးဦးရှိန်းသည် ချက်ချင်း ဤဘုရားစေတီတော်အား ကျပ်သိန်း(၇၀)အရင် မတည်လှူဒါန်းမည် ဖြစ်ကြောင်းနှင့် အခြား တန်ဖိုး မဖြတ်နိုင်သော ဆံတော်ရှင်သရီရ ဓါတ်တော်၊ ပဉ္စလောက ဘုရားဆင်းတော်နှင့်  အခြားအဖိုးတန် ဘုရားတွင်ဌာပနာရန် ရတနာပစ္စည်းများ၊ ဂမ္ဘီရတနာပစ္စည်းများ ကိုလည်း ထည့်သွင်း လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင်းဆရာကြီးဒေါက်တာဦးရှိန်းသည် တောင်ကြီးတွင် ရောက်တုန်းရောက်ခိုက် (၁၉-၁၁-၂၀၁၁)ရက်နေ့၊ မွန်းလွှဲ(၃)နာရီ(၃)မိနစ် မင်္ဂလာအခါတော်အချိန်၌ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးခွန်တင်မောင်၊ ဆရာဦးခွန်မင်းကျော်၊ ပွဲစားဦးဆွင်၊ ဦးခွန်တင်ထွဋ်၊ ဆရာခွန်ကိုး၊ ဆရာထွန်းဦး၊ ဂျပန်ဆရာမနန်းအိတ၊ ဒေါ်နန်းဗို၊ ဒေါ်နန်းပြုံး၊ ဒေါ်မစန္ဒာနှင့် အခြားဒေသခံရပ်မိရပ်ဖများက ပန္နက်တိုင်ကိုင်၍ ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားပြုခဲ့ကြသည်။
သာသနာတော်ဆိုင်ရာ စေတီဘုရားကိုးကွယ်မှုကို ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မင်းကွန်းကျောင်းဆရာတော် ဘဒ္တပညာသီရိအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဆရာတော်အား တင်ပြလျှောက်ထားခဲ့ပါသည်။ သာသနာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်း နှင့်အညီ တောင်ကြီးမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ၏ ခွင့်ပြုချက်၊ သာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ရယူခဲ့သည်။
၁၃၇၃-ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့(၇-၃-၂၀၁၂)နံနက်(၈) နာရီ(၁၀)မိနစ် အချိန် ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီဗွေ)ကွင်း၌ အောင်ချမ်းသာစေတီတော် အုတ်မြစ်စီမင်္ဂလာနှင့် ဌာပနာထည့်သွင်းပူဇော်ခြင်းမင်္ဂလာ အခမ်း အနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ခဲ့ သည်။
ပအိုဝ်းအမျိုးသားတစ်ရပ်လုံး၏ သမိုင်းမှတ်တိုင်အဖြစ် မှတ်ကျောက်တင်နိုင်သော ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီဗွေ)ကွင်း တည်ဆောက်မွမ်းမံသည့်လုပ်ငန်းများ ဘက်စုံအသုံးပြုနိုင်သည့် ဒဲဉ်သီဗွေခန်းမကြီး တည်ဆောက်ခြင်းလုပ်ငန်း ပအိုဝ်းလူမျိုး တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု၊ ဘာသာရေးကိုင်းရှိုင်းမှု၊ အမိပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံများအားလုံး ထာဝရငြိမ်းချမ်းရေး အထိမ်း အမှတ်အဖြစ် အောင်ချမ်းသာစေတီတော်ကို ၁၃၇၆-ခုနှစ်၊ တပေါင်းလဆန်း(၁၃)ရက် ဗုဒ္ဓဟူးနေ့ (၂-၃-၂၀၁၅)နံနက် (၉)နာရီ (၄၅)မိနစ် မင်္ဂလာအခါတွင် ရဟန်းသံဃာတော်များ၊ အစိုးရဌာနဆိုင်ရာလူကြီးမင်းများ၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းလူမှုရေး အဖွဲ့အစည်း ပေါင်းစုံများနှင့် မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ မိဘပြည်သူအားလုံးက ပအိုဝ်း အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စည်းကားသိုက်မြိုက်အောင်မြင်စွာ ထီးတော်တင်လှူ ပူဇော်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။

ပအိုဝ်းအမျိုးသမီးများအဖွဲ့(PWO)ဖွဲ့စည်းခြင်း
ရည်ရွယ်ချက်။        (၁)     အမျိုးဘာသာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှေက်နိုင်ရန်
            (၂)     ဝံသာနုရကွိတ-အမျိုးကို ထိန်းသိမ်းစောင့်ရှောက် ချစ်မြတ်နိုးသော     စိတ်ဓာတ်အမြဲရှင်သန်စေရန်။
            (၃)     ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အမြဲလေးစား လိုက်နာနိုင်စေရန်။
            (၄)     အခြားတိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်း ပြည်ပ အပြန်အလှန်ယဉ်ကျေးမှု ဖလှယ်နိုင်ရန်။
            (၅)    မူးယစ်ဆေးဝါးအ္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု ပပျောက်ရေး၊ ကိုယ်ခံစွမ်းအားကျ(အေ့စ်)ဗှီုS ရောဂါကြိုတင် ကာကွယ်ရေး တိုက်ဖျက်ရာတွင် တက်ကြွစွာပါဝင် ကူညီရေး တို့ဖြစ်သည်။
ဖွဲ့စည်းသည့်ရက်စွဲ   -၂၀၁၃-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၄)ရက်နေ့ ဤပအိုဝ်း အမျိုးသမီးအဖွဲ့သည် ၁၃၇၁-ခုနှစ်၊ -------လ (    )ရက်တွင်၊ တောင်ကြီးမြို့၊ မင်းကွန်း ဆရာတော် ဦးပညာသီရိ၏ ဩဝါဒကိုခံယူရာ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို) မှကြီးမှူး၍ ပအိုဝ်းအမျိုးသမီးများ ကုသိုလ်ရေးအဖွဲ့ (ပအိုဝ်းနင်မူ ကုသိုလ်အာရဲုင်စွို )ဟု ပထမဦးစွာ ဖွဲ့စည်းခဲ့သည်။ ဆရာတော်၏ ဩဝါဒအရ ပအိုဝ်းအမျိုးသမီးကုသိုလ်ရေး အဖွဲ့သည်ကုသိုလ် ဒါနပြုရေး လုပ်ငန်းအတွက် တမျိုးတည်းသာ အသုံးပြုနိုင်၍ ဘက်ပေါင်းစုံ လူမှုရေး လုပ်ငန်းတွင် အသုံးပြုအားကိုးနိုင်စေရန် ပအိုဝ်းအမျိုးသမီးများ အဖွဲ့ဟုသာ ဖွဲ့စည်းသွား သင့်ကြောင်း အကြံပြုခဲ့ပါသည်။
သို့ဖြစ်၍ မင်းကွန်းဆရာတော်၏ ဩဝါဒအကြံပေးချက်အရလည်းကောင်း၊ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှု(ဗဟို) ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးခွန်ဝင်းကိုနှင့် ဆရာဦး ခွန်မင်းကျော်တို့၏ အကြံဥာဏ်ပေးချက်အရ၎င်း အများဆန္ဒအရ၎င်း (၄-၂-၂၀၁၃)ရက်နေ့ တွင် ပအိုဝ်းအမျိုးသမီးများအဖွဲ့ (ပအိုဝ်းနင်မူ ကုသိုလ်အာရဲုင်စွို ) Pa-O Woman Organizational (PWO) ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ယခုပအိုဝ်းအမျိုးသမီးများအဖွဲ့၏ ဥက္ကဋ္ဌမှာ ဒေါ်နန်းမွံ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Powered by Blogger.