Thursday, April 2, 2015

ဆဋ္ဌမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံသို့ တင်သွင်းသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ အစီရင်ခံစာ အပိုဒ်(၂)

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဧပြီလ (၃) ရက်
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမအကြိမ် သက်တမ်း (၂၀၁၀ မှ ၂၀၁၅)ခုနှစ် ၏ လွှတ်တော်ရေးရာနှင့် မဲဆန္ဒရှင်များအပေါ် တစ်ဦးချင်းစီ၏ ဆောင်ရွက်ချက်အကျဉ်းကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းထွန်းမှဆောင်ရွက်ချက်များ
အမျိုးသားလွှတ်တော်တွင် သတ္တုသထံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊
မြန်မာ-ဗီယက်နမ်ပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာ-ဂျပန်၊ မြန်မာ-ဩစတေးလျှပါလီမန် ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး နိုင်ငံခြားခရီးစဉ်ဖြစ်သော ရုရှား၊ ဂျပန်၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘေဂျင်း၊ မွန်ဂိုလီးယားနှင့် နယူးဇီလန်နိုင်ငံများသို့ လွှတ်တော် တာဝန်ဖြင့် (၇)ကြိမ် သွားရောက်ခဲ့ပါသည်။ ထို့ပြင် တိုင်းကျိုးပြည်ကျိုးအတွက် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သော အဆို(၆)ရပ်မှာ-
    (၁)        ပြည်ထောင်စုမြန်မာနိုင်ငံတော်အား သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်စေရေး။
    (၂)         ပြန်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍဖြင့် ဖွံ့ဖြိုးတိုးတက်သော  နိုင်ငံ ဖြစ်စေရေး။
    (၃)        သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဒေသထူထောင်ဆောင်ရွက်ရေး။
    (၄)        ခနောက်စိမ်း ဆင့်ကက်ပြုပြင်ခြင်း၊ သန့်စင်ခြင်း၊ အဆင့်နိမ့် ခနောက်စိမ်းသတ္တုရိုင်း ကုန်ကြမ်းများ အကျိုးရှိစွာ ထုတ်လုပ်နိုင်ရေး။
    (၅)        မြန်မာ့သတ္တုတွင်း ဥပဒေကိုပြင်ဆင်သည့် နည်းဥပဒေကြမ်း တင်သွင်းခြင်း။
    (၆)        မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း စသည့် အဆိုများ တင်သွင်းပြီး ဥပဒေပြုနိုင်ခဲ့ပါသည်။
    လွှတ်တော်ကိုယ်စားလှယ်များ၏ တင်သွင်းအဆိုများဖြစ်သည့် သစ်တောနှင့် သယံဇာတမပြုန်းတီးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းများကဏ္ဍ စီမံကိန်းမူဝါဒ ရည်မှန်းချက် များ  ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက် မှုနည်းသော တိုင်းရင်းသားများအတွက် ဖွံ့ဖြိုးရေး စီမံချက်ချမှတ်ပေးရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ မှားယွင်းစွာ ဆောင်ရွက်မှုများအပေါ် ဆွေးနွေးခြင်း၊ ပြည်ထောင်စုဥပဒေပြု (၁)မှ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှ ထုတ်လုပ်ရရှိသော စီးပွားရေးအကျိုးအမြတ်များ၏ (၂၅%)ကို တိုင်းနှင့်ပြည်နယ်သို့ ခွဲဝေပေးရန်၊ စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေးကို စီးပွားရေးပိတ်ဆို့မှု ဖြေလျော့ပေးရန် ဆွေးနွေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခိုင်မာသောနည်းဗျူဟာများ ချမှတ်ပေးရန်၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်သည့် ဥပဒေပေါ်ထွက်ရေး စသည့် နိုင်ငံတွင်အကျိုးပြုလုပ်ငန်းများကို ထောက်ခံဆွေးနွေးခြင်းနှင့် အစီရင်ခံစာများ ဝေဖန်ဆွေးနွေးခြင်း၊ အကြုံပြုချက် ဆောင်ရွက်သည့်အပြင် ဥပဒေပြုခြင်း(၂)ရပ် အဆို(၇)ရပ် ထောက်ခံဆွေးနွေးခြင်း၊ ၂၀၁၃-ခုနှစ်တွင် မေးခွန်း(၂)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ကျရောက်သော ပြည်ထောင်စုနေ့တွင် နိုင်ငံတော် လက်နက်ကိုင်အဖွဲ့များနှင့် ပါတီ(၅၄)ပါတီ ပါဝင်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။တောင်ပေါ်မြေပြန့်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများအများစု နေထိုင်သော ပြည်နယ်များတွင် မြေကော်စက်၊ လမ်းကြိတ်စက်  ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် လှူဒါန်းပေးခဲ့ပါသည်။ ပါတီနှင့် လူငယ်များကွန်ယက် ဆက်လက်ရှင်သန်ရေးအတွက် လိုအပ်သောရံပုံငွေ စုစုပေါင်း(  )ကျပ် လှူဒါန်း ပေးခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ဆောင်ရွက်ချက်များ
ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၏ ပထမအကြိမ်ပြည်သူ့ လွှတ်တော်သက်တမ်း ကာလအတွင်းဆောင်ရွက်ခဲ့သော လွှတ်တော်လုပ်ငန်းများမှာ-
ပြည်သူ့ငွေစာရင်း ကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လေ့လာသုံးသပ်ရေးကော်မတီ အဖွဲ့ဝင် (၁၀၉)ဦးအနက် အဖွဲ့ဝင်အဖြစ်နှင့်  အခြေခံဥပဒေပြင်ဆင်နိုင်ရေးလုပ်ငန်း အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် (၂၄)ဦးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု မျှတမည့်ရွှေးကောက်ပွဲ နည်းစနစ် လေ့လာ သုံးသပ်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လွှတ်တော်မှပေးအပ်သော တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ လွှတ်တော်မှ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အင်ဒိုနီးရှားသို့ လေ့လာခရီးစဉ်နှင့် အင်္ဂလန်နိုင်ငံသို့ ပြည်သူ့ငွေစာရင်း အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့ပါသည်။
ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာ-
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ပင်လောင်းမြို့နယ် ပေါင်းလောင်း ရေအား လျှပ်စစ်ရေလှောင်တမံ တည်ဆောက်ခြင်းကြောင့် ရေနစ်မြုပ်သွားသော ကျေးရွာ (၂၃)ရွာမှ ဆုံးရှုံးခဲ့သော နေအိမ်များ စာသင်ကျောင်းများ ဘာသာရေးအဆောက်အအုံများ စေတီပုထိုးများနှင့် လယ်မြေ၊ ယာမြေ များအတွက် လျှော်ကြေးရရှိရန်နှင့် လယ်ယာမြေများ အစားထိုးရရှိရေးနှင့် အဖက်ဖက်တွင် မူလအခြေအနေထက် သာလွန်ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန် လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ရှေးနှစ်ပေါင်းမြောက်များစွာ ကတည်းကတည်ရှိပြီးသော ကျေးရွာများအား သစ်တောဧရိယာသတ်မှတ်ရာတွင် ပါဝင်ခဲ့သောကြောင့် ၎င်းအား သစ်တောဧရိယာများ ပြန်လည်ဖယ်ထုတ်ပေးရန်နှင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို စွယ်စုံကျမ်းတွင် မှတ်တမ်းတင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများကို ကာကွယ်စောင့်ရှောက်သော ဥပဒေပေါ်ပေါက် ရေးအတွက် လွှတ်တော်သို့တင်ပြချက်အပေါ် ထောက်ခံ ဆွေးနွေးပြီး တိုင်းရင်းသားများအားလုံးအပေါ် မျှတသော ဥပဒေပြဌာန်းနိုင်သည်အထိ တွန်းအားပေးဆွေးနွေး ခဲ့ပါသည်။
ထို့ပြင် ပအိုဝ်းတိုင်းရင်းသားများသည် သီးသန့်မျိုးနွယ်စုဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ မူဝါဒကို ထုတ်ဖေါ် ရှင်းလင်း ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့သော တိုင်းရင်းသားလူမျိုးများ ကာကွယ်သည့် ဥပဒေတွင် မိမိပအိုဝ်းတိုင်းရင်းသားများသည် အခြားမျိုးနွယ်စု မဖြစ်ရေးအတွက် လွှတ်တော်တွင် ကာကွယ်ပြောဆို အတိုက်အခံပြုခဲ့ ပါသည်။ မဲဆန္ဒနယ်အတွင်း အခြားဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး လုပ်ငန်းများ အကောင် အထည် ဖော်ရာတွင် ရပ်မိရပ်ဖများ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ အုပ်ချုပ်ရေးမှူးများနှင့် ညိုနှိုင်းတိုင်ပင်ပြီး ဦးဆောင်ဦးရွက် ပြုနိုင်ခဲ့ပါသည်။ စာသင်ကျောင်းများ အဆင့်မြင့်တင်ပေးရာတွင် အထက်တန်းကျောင်း
(   )၊ အထကကျောင်းခွဲ(   )၊ အလယ်တန်းကျောင်း(   )နှင့် အလကကျောင်းခွဲ(   )နှင့် မူလွန်ကျောင်း (     ) ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုလမ်းမ (အောင်ပန်း၊ ပင်လောင်း၊ လွိုင်ကော်)အား အဆင့်မြင့်တင်ရေး အပါအဝင် မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း၊ ကျေးရွာအုပ်စုချင်းဆက်လမ်းများ သောက်သုံးရေရှိရေး လုပ်ငန်းများ၊ ကျေးရွာမီးလင်းရေး လုပ်ငန်းများ စသည့်ဖွံ့ဖြိုး ရေးလုပ်ငန်းများ အောင်မြင်အောင် ညိုနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ ပင်လောင်းမြို့နယ်တွင် ၂၄ နာရီ မီးလင်းရေးတွင် ကိုယ့်အားကိုယ်ကိုးဖြင့် အိမ်ထောင်စု ၇၀%ခန့် ဆောင်ရွက်ပြီးဖြစ်ပါသည်။ မဲဆန္ဒရှင်များ အကျိုးပြုစေရန် လွတ်တော်တွင် မေးခွန်းမေးမြန်းခြင်း(၁၅)ခုနှင့် ထောက်ခံဆွေးနွေးခြင်း (၆)ကြိမ်ဆောင်ရွက်ခဲ့ပြီး လွှတ်တော်အတွေ့အကြုံနှင့် ရှင်းလင်းခြင်း အကြိမ်များစွာ ဆောင်ရွက်ခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ဆောင်ရွက်ချက်များ
ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ(ဟိုက်ဆော်ဝမ်း)သည် ပြည်သူ့လွှတ်တော် တွင် ငွေကြေးနှင့် စီမံကိန်းဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး၊ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူအကျိုးပြုလုပ်ငန်းဖြစ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ဟိုပုံးမြို့နယ်ရှိ ဟိုပုံး-မိုင်းပြင်း-နားပုန်လမ်း၊ မဲနယ်တောင်အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသရှိ ရွာချင်းဆက်သွယ်ပေးသော မြေသားလမ်းများ၊ မွေတော်ကက္ကူလမ်း အဆင့်မြှင်တင်ပေးရန်၊ ဟိုပုံးမြို့နယ်မြောက်ခြမ်းရှိ ကျောက်တန်း-ထီတခု-နောင်ဒေးလမ်းအား မြေသားလမ်းမှ ကျောက်ခြေလမ်းအဖြစ် အဆင့်တင်ခြင်း၊ ကျောက်ကချားနှင့် ဆက်သွယ်သော ကျေးရွာလမ်းများနှင့် မဲဆန္ဒနယ်ပြင်ပ ပအိုဝ်းတိုင်းရင်းနေထိုင်ရာ အရပ်ဒေသများဖြစ်သည့် နမ်းခုတ်-ဆမ်ဆိုင်လမ်း၊ ကျောက်တလုံးကြီး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ်လမ်းကို အဆင့်မြင့်တင်ပေး ဆောင်ရွက်သည့်အပြင် ဆက်သွယ်ရေး လုပ်ငန်းအဆင်ပြေစေရန် ဖုန်းလိုင်းမမိသော တောင်ကြီးမြို့ အချို့ရပ်ကွက်များ၊ ကျောက်တလုံးကြီးမြို့နှင့် နောက်တရားမြို့နယ်ခွဲများတွင် ဆက်သွယ်ရေးလုပ်ငန်း အဆင်ပြေစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် ဟိုပုံးမြောက်ခြမ်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ပညာသင်ကြားနိုင်ရန် မူလတန်းကျောင်း ဆောက်လုပ်ပေးရန် ကူညီပေးခြင်း၊ ကျောက်တန်းဆေးရုံလိုအပ်သော ဝန်ထမ်းအိမ်ရာများ၊ “ဓါတ်မှန်ဆောင်၊ ရေကန်များ ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပင်းပက်သံမဏိစက်ရုံ စီမံကိန်းချ သုံးစွဲနေမှုများကို နိုင်ငံတော်မှ စီမံကိန်းချမှတ်ဆောင်ရွက်ပေးရန် စသည့် ပြည်သူ့အကျိုးပြုမေးခွန်း(၁၇)ခု ဖြင့် လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်၏ ဖွံ့ဖြိုးရေးရံပုံငွေမှ ၂၀၁၃-၂၀၁၄ ခုနှစ် ကျပ်သိန်း(၁၀၀၀)အတွက် ဖွံ့ဖြိုးရေးလုပ်ငန်း(    )၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်  ကျပ်သိန်း(၁၀၀၀) အတွက် ဖွံ့ဖြိုးရေးလုပ်ငန်း(    )ခု ပြည်သူလူထုလက်ဝယ်သို့ ပေးအပ်ကာ အကောင်အထည် ဖော်ပေးခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုမှ ဆောင်ရွက်ချက်များ
ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုသည် ပြည်သူ့လွှတ်တော်တွင် အားကစားနှင့် ယဉ်ကျေးမှုကော်မတီတွင် အဖွဲ့ဝင်တစ်ဦးဖြစ် တာဝန်ထမ်းဆောင်သည့်အပြင် ပအိုဝ်းတစ်ရပ်လုံး၏ အရေးအရာ ဖြစ်သော သမိုင်းမှတ်ကျောက်တင်နိုင်သော ပအိုဝ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်း(ဒဲဉ်သီးဗွေကွင်း) တည်ဆောက်မွမ်းမံသည့် လုပ်ငန်းများ၊ ဘက်စုံအသုံးပြုနိုင်သည့်ခန်းမ၊ ပအိုဝ်းလူမျိုးတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု ကိုးကွယ်ယုံကြည်မှု သက်သေပြုနိုင်ရန် ဒဲဉ်သီးဗွေကွင်းတွင် အထိမ်းအမှတ်အဖြစ် အောင်ချမ်းသာစေတီတော် တည်ထား ကိုးကွယ်နိုင်ရန် ၂၀၁၅-ခုနှစ် မတ်လ(၂)ရက်နေ့တွင် (၆၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ဖြင့် အောင်မြင်စွာထီးတော် တင်လှူနိုင်ခဲ့ပါသည်။ ထို့ပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဖြစ်မြောက်ရေး ကော်မတီတာဝန်ကိုပါ ပူးတွဲတာဝန်ဖြင့် အောင်မြင်ပြီးမြောက်သည်အထိ ပွဲတော်တာဝန်နှင့်အတူ တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။
ထို့ပြင် မဲဆန္ဒနယ်အတွင်းတွင် ပအိုဝ်းတိုင်းရင်းသားများ၊ ပြည်ထောင်စုတိုင်းရင်းသားများနှင့် သက်ဆိုင်သော ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များဖြစ်သော တောင်ကြီးမြို့ပေါ်ရှိ ပြည်နယ်အားကစားကွင်း ပေါ်ထွန်းရေးကို ကြိုးစားဆောင်ရွက်နိုင်သည့်အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်မြို့တွင် ခေတ်မှီအားကစားကွင်း ပေါ်ထွန်းရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မိမိမဲဆန္ဒနယ်အတွင်း ပြည်သူများ လိုအပ်သော လမ်းတံတား၊ ကျောင်း၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးနိုင်သည့်အပြင် ၂၀၁၃-၂၀၁၄ ခုနှစ်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု လွှတ်တော်မှ ချပေးသော ရံပုံငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း()ခု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
လွှတ်တော်ကိုယ်စားလှယ်(၄)ဦးသည် လွှတ်တော်နားသည့်အချိန်တွင် မိမိမဲဆန္ဒနယ်သို့ ကွင်းဆင်းပြီး ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့လိုအပ်ချက်၊ လွှတ်တော်ဖော်ဆောင်ရွက် စသည့်ဆောင်ပုဒ်နှင့်အညီ စီမံခန့်ခွဲရေး လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများ အကြိမ်ပေါင်းမြောက်များစွာ ကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပါတီပေါင်း(    )နှင့် မွန်ပြည်နယ် ပါတီပေါင်း()နှင့် ကရင်ပြည်နယ် ပါတီပေါင်း(  )ပါတီရုံး ဖွင့်လှစ်ပေးခြင်း၊ စည်းရုံးရေးလုပ်ငန်များနှင့် ပါတီရှင်သန်နိုင်ရေးအတွက် ရံပုံငွေပေးအပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၏ ပအိုဝ်းအမျိုးသားအတွက် ထင်ရှားသော ဆောင်ရွက်ချက်()ခု ဆောင်ရွက်ခဲ့ပါသည်။
(၁)    ပအိုဝ်းတိုင်းရင်းသား သီးခြားလူမျိုးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်နှင့် ပြည်ထောင်စုအစိုးရသို့ တင်ပြသည်(နောက်ဆက်တွဲဖြင့် ဖော်ပြထားသည်)။
(၂)    တိုင်းရင်းသားလူမျိုးများ ကာကွယ်သောဥပဒေကြမ်းမှ တိုင်းရင်းသား လူမျိုးများဆိုသည်မှာ ရှေးနှစ်ပေါင်းများစွာက အချို့က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ နေထိုင်လာခဲ့ကြသော ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုလိုသည် ဟူသော ဥပဒေကြမ်းကို ခုခံကာကွယ်နိုင်ခဲ့ပြီး ယင်းအစားတိုင်းရင်းသား လူမျိုးများဆိုသည်မှာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ နေထိုင်လာသော တိုင်းရင်းသားများကို ဆိုလိုသည်”ဟု ခုခံအစားထိုး ပေးနိုင်ခဲ့ပါသည်။
(၃)    ပင်လုံစာချုပ်တွင် ပအိုဝ်းအမျိုးသား ဦးဖြူသည် ဆီဆိုင်စော်ဘွား ခွန်ကြည်အစား လက်မှတ်ရေးထိုးခြင်းကို မြန်မာအဘိ”ဓာန်အတွဲ(    )စာမျက်နှာ(    )တွင် ကျိုင်းတုံစော်ဘွားကိုယ်စားလှယ်ဟု မှားယွင်းမှတ်တမ်း တင်ခြင်းကို လွှတ်တော်တွင် ချေပနိုင်ခဲ့ပါသည်။
(၄)    လွှတ်တော် ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး^ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ၏အကျိုး၊ မိမိတို့လူမျိုး ခိုင်မာရပ်တည်နိုင်ရန် ဒေသတွင်း အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးချစ်စိတ်ဓါတ် ကိန်းအောင်းစေရန် စွမ်းဆောင်နိုင်ခဲ့ပါသည်။

ဒေသဦးစီး၏ ဆောင်ရွက်ချက်များ
ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံး၏ လုပ်ဆောင်ချက် များကိုဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို (၂၉-၅-၂၀၀၈)ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဦးစီးအဖွဲ့ကို (၃၁-၃-၂၀၁၁) ရက်နေ့တွင် အုပ်ချုပ်ရေး အာဏာ လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရုံးစိုက်ရာမြို့သည် မြောက်လတ္တီတွစ် (၂၀)ဒီဂရီ (၃၀)မိနစ် နှင့် (၂၁)ဒီဂရီ (၂၇)မိနစ် ကြား အရှေ့လောင်ဂျီတွစ်(၉၇)ဒီဂရီ (၃)မိနစ်နှင့် (၉၇)ဒီဂရီ (၄)မိနစ် အကြားတည်ရှိပြီး ဒေသ၏အကျယ်အဝန်းမှာ (၃၃၀၄.၉၇)စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့နောက်(၁၀၄)မိုင်နှင့် တောင်မြောက် (၁၅၃)မိုင် ရှည်လျားပါသည်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းကုန်းပြင်မြင့်အတွင်း တည်ရှိပြီး အမြင့်ပေ (၆၀၀၀)ကျော်ရှိသည့် တောင်တန်း များနှင့် လွင်ပြင်ချိုင့်ဝှမ်းဒေသများတွင် တည်ရှိပါသည်။ ဒေသ၏အရှေ့ဘက်တွင် လွိုင်လင်ခရိုင်၊ အနောက်ဘက်တွင် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ကယားပြည်နယ်၊ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ နေပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသည် အေးမြသောရာသီဥတု အမျိုးအစားဖြစ်ပြီး ဆောင်းရာသီအမြင့်ဆုံး အပူချိန်(၂၇.၄ H)စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် (၀.၀ H)စင်တီဂရိတ်နှင့် နွေရာသီအမြင့်ဆုံး အပူချိန်(၃၆ H) စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန်(၁ဝံ)စင်တီဂရိတ် ဖြစ်ပါသည်။ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် နေထိုင်သော လူဦးရေများမှာ ပင်လောင်းမြို့နယ်(၁၉၂၂၇၃)ဦး၊ ဟိုပုံးမြို့နယ်(၁၁၁၉၆၂)ဦးနှင့် ဆီဆိုင်မြို့နယ် (၁၅၂၇၅၅)ဦး ရှိသည်။ နေထိုင်ကြသည့် လူမျိုးများမှာ ပအိုဝ်း(၃၂၄၆၂၂)ဦး၊ ရှမ်း(၇၆၈၇၄)ဦး၊ ဗမာ(၃၂၀၃၅)ဦး၊ တောင်ရိုး(၆၀၀၄)ဦး၊ ကယန်း(၄၃၆၈)ဦး၊ ကရင်(၂၉၃၆)ဦး၊ အင်းသား (၁၇၃၇)ဦး၊ ကယား(၁၂၄၆)ဦး၊ ဓနု(၁၂၆၁)ဦး၊ လီဆူး(၁၅၂)ဦး၊ ချင်း(၁၁၀)ဦး၊ ကချင် (၃၆)ဦး၊ မွန်(၂၉)ဦးနှင့် အခြား(၅၄၉၇)ဦး စုစုပေါင်း (၄၅၆၉၉၄)ဦး ရှိကြောင်း သိရှိရပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းတွင် လှုပ်ရှားနေသော ပါတီများမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ ဖြစ်ကြသည်။
ဒေသတစ်ခုလုံး လူဦးရေ(၄၅၆၉၉၄)ဦး ရှိသည့်အနက်ဆင်းရဲနွမ်းပါးသူ လူဦးရေစုစုပေါင်း (၇၁၉၈၅)ဦးတိတိ ရှိသည်။ ဒေသတစ်ခုလုံး ၂၀၁၁-ခုနှစ်တွင် အထက်တန်းကျောင်း(၁၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၉၉)ကျောင်း၊ မူလတန်းကျောင်း (၃၈၄)ကျောင်း၊ မူလတန်းကျောင်းခွဲ(၂၄)ကျောင်း၊ တွဲဘက်မူလတန်းကျောင်း (၃၇)ကျောင်းသာရှိခဲ့သော်လည်း ၂၀၁၄-ခုနှစ်ရောက်ရှိ လာသောအခါ အထက်တန်း ကျောင်း(၁၈) ကျောင်း အထိသော်လည်းကောင်း၊ အထက်တန်းကျောင်းခွဲ(၆)ကျောင်းအထိ သော်လည်းကောင်း၊ အလယ်တန်း ကျောင်း(၁၇)ကျောင်းအထိ သော်လည်းကောင်း၊ အလယ်တန်း ကျောင်းခွဲ(၂၂)ကျောင်းအထိ သော်လည်း ကောင်း၊ မူလတန်းလွန်ကျောင်း(၉၁)ကျောင်း အထိ သော်လည်းကောင်း၊ မူလတန်းကျောင်း (၄၁၁)ကျောင်းအထိ သော်လည်းကောင်း၊ မူလတန်းကျောင်းခွဲ(၆၃)ကျောင်းအထိ သော်လည်းကောင်း၊ တွဲဘက်မူလတန်း ကျောင်း(၆)ကျောင်း သော်လည်းကောင်း အသီးသီးတိုးတက်လာကြောင်း တင်ပြအစီရင်ခံ အပ်ပါသည်။
ဒေသတစ်ခုလုံး ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး တင်ပြအစီရင်ခံရလျှင် ဒေသတစ်ခုလုံး (၂၅) ကုတင်ဆေးရုံ(၃)ရုံရှိသည်။ (၁၆)ကုတင် ဆေးရုံ(၁)ရုံရှိသည်။ တိုက်နယ်ဆေးရုံ(၆)ရုံရှိသည်။ ကျေးလက် ကျန်းမာရေး ဌာနပေါင်း(၁၆)ဌာနရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း(၇၁)ခု အသီးသီးရှိကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။  ဒေသတစ်ခုလုံး နယ်မြေလုံခြုံရေးအတွက် တပ်ရင်းပေါင်း(၁၂)ရင်းရှိသည်။ တရား ဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲအရာရှိ တပ်သားပေါင်း(၂၆၁)ဦး ရှိသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် သန္ဓေအင်အား(၂၄)ဦး၊ အရန်အင်အား(၁၀၀၉)ဦး စုစုပေါင်း(၁၀၃၃)ဦး ရှိသည်။ မီးသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၆)စီး အသီးသီးရှိကြောင်း သိရပါသည်။ ပြည်သူ့စစ်တပ်ဖွဲ့ပေါင်း (၈)ဖွဲ့ရှိပြီး အင်အားပေါင်း (၈၄၂)ဦးရှိသည်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသအတွင်း မြို့နယ်ပေါင်း(၃)မြို့နယ်၊ မြို့ပေါင်း (၁)မြို့၊ ရပ်ကွက်ပေါင်း (၂၅)ရပ်ကွက် ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စုနှင့် ကျေးရွာပေါင်း(၁၀၈၁)ရွာ ရှိကြောင်း တင်ပြအပ်ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း စုစုပေါင်း(၆၂)ကျောင်း၊ ပြုပြင်ထိန်းသိမ်းခြင်း(၂၉)ကျောင်းကို စုစုပေါင်းရန်ပုံငွေ ကျပ်(၂၈၀၀.၀၈)သန်းဖြင့်လည်းကောင်း၊ INGO/NGO များနှင့် ပူးပေါင်း၍ စာသင်ကျောင်း(၁၁) ကျောင်းအားလည်းကောင်း အသီးသီး ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ထို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးကဏ္ဍအနေဖြင့်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ တိုက်နယ်ဆေးရုံ(၂)ရုံ၊ အခြားပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေလောင်းအိမ်သာ ဆောက်လုပ်ခြင်း လုပ်ငန်း(၃၀)ခု တို့အတွက် စုစုပေါင်း ရန်ပုံငွေကျပ်(၁၈၂၄.၀၇)သန်း အကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု^ပြည်နယ် ရန်ပုံငွေမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြေသားလမ်း(၆၄^၄)မိုင်၊ ကျောက်ချော လမ်း(၂၃/၁)မိုင်၊ ကတ္တရာလမ်း(၉၂/၁)မိုင်တို့အား စုစုပေါင်း ရန်ပုံငွေ ကျပ်(၁၁၄၁၅.၀၂၉)သန်းဖြင့် လည်းကောင်း၊ သံကူကွန်ကရစ်တံတား(၃၅၂)စင်း၊ သစ်သားတံတား (၂၀)စင်း၊ ရေပြွန်တံတား(၃၁၈)စင်းနှင့် BOX CERVET (၂၃၅)ခုတို့ကို စုစုပေါင်းရန်ပုံငွေ ကျပ်(၂၀၉၂.၃၈၁၇) သန်းဖြင့် အသီးသီးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်၍ ခွဲရုံ(၂၅)ရုံ၊ (၃၃)ကေဗွီအေ၊ (၁၁)ကေဗွီအေ၊(၀.၄)ကေဗွီအေ လုပ်ငန်းများအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်(၃၅၃၂.၃၄၆)သန်းဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆိုလာမီးအစုံအရေအတွက် (၄၃၉၄)စုံအား ဖြန့်ဖြူး ဆောင်ရွက်ထားရှိပြီး ကျေးရွာပေါင်း(၁၀၆၄)ရွာရှိသည့်အနက် ဓါတ်အားစနစ်ဖြင့် (၁၆၄)ရွာ ဌာနပိုင်မီးစက်ဖြင့် (၁၂)ရွာ၊ အသေးစားရေအားလျှပ်စစ်လုပ်ငန်းဖြင့် (၅၈)ရွာ၊ စုစုပေါင်း(၂၃၄)ရွာတို့အား မီးလင်းရေး ဆောင်ရွက် ပေးနိုင်ခဲ့ကာ မီးလင်းရန်ကျန်ရှိသည့် ကျေးရွာပေါင်း(၈၃၀)ရွာအားလည်း နှစ်စဉ်လျှပ်စစ်မီးတိုးတက်ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။
ထို့အပြင် ဆည်မြောင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း(၄၃)ခုကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၈၀၄.၃၉)သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၄၄၀.၄၀၀)သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်(၅၅၅၉.၀၇၅)သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရန်ပုံငွေ ကျပ်(၁၆၆၄.၈၉၉)သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ခွင်ပြုရန်ပုံငွေ ကျပ်(၃၄၃၃.၆၄၃)သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရန်ပုံငွေ ကျပ်(၄၃၅၀.၄၆၀)သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ ကျပ်(၂၄၈၆.၈၇၅)သန်း၊ စုစုပေါင်းရန်ပုံငွေကျပ်(၁၈၉၃၅.၃၅၂)သန်းဖြင့် မြေသားလမ်း(၂၁/၀)မိုင်၊ ကျောက်လမ်းမိုင်(၁၀၆^၀)မိုင်၊ ကတ္တရာလမ်းမိုင်(၂၆/၄)မိုင်၊ စုစုပေါင်း(၃၄၄/၄)မိုင် အားလည်းကောင်း၊ ကွန်ကရစ်တံတားနှင့် ရေပြွန်ပေါင်း(၃၇၈)စင်းအားလည်းကောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းပေါင်း(၂၃)ကျောင်း၊ ကျန်းမာရေးကဏ္ဍတွင် ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၂)ခုအား လည်းကောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးမြေဖော်ထုတ်ခြင်းအတွက် ဧက(၃၀၀)အားလည်းကောင်း၊ ရေရရှိရေးလုပ်ငန်း(၁၈၇)ခု၊ မွေးမြူရေးခြံ(၂)ခြံ၊ အသေးစားရေအားလျှပ်စစ် ဆောင်ရွက်ခြင်းအတွက် ကျေးရွာ (၂၆၂)ရွာ၊ ဆိုလာမီးဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်းမှာ အိမ်ခြေပေါင်း(၄၄၃၀)အိမ်၊ စာကြည့်တိုက်နှင့် ရုပ်^သံ ထပ်ဆင့်လွှင့်စက်ရုံ(၄)ရုံ၊ ဘုန်းတောင်ကြီးကျောင်း၊ သိမ်၊ ဓမ္မရုံ(၅)ခု၊ ဝန်ထမ်းအိမ်ရာနှင့် ကျေးလက်အိမ်ရာ (၅၇)ခုနှစ် ကျေးလက်အိမ်သာ(၃၅)ခုတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး ဆောက်လုပ်ခြင်းအတွက်လည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၈၄.၄၈၀)သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ငွေကျပ်(၃၃၇.၉၂၀)သန်း၊ စုစုပေါင်း ငွေကျပ်(၄၂၂.၄၀၀)သန်းဖြင့်လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအစည်းအဝေးခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက်လည်း ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၄၂၅.၆၀၀)သန်းဖြင့် လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးဥက္ကဋ္ဌနေအိမ် ဆောက်လုပ်ခြင်း လုပ်ငန်းအတွက်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ရန်ပုံငွေ ကျပ်(၁၂၄.၄၁၆)သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်နေအိမ်(၆)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ငွေကျပ်(၁၂၀.၀၀)သန်းဖြင့်လည်းကောင်း၊
 ဒေသစုပေါင်းရုံးဧက(၇၀.၂၇)အတွင်း (၃.၄)မိုင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ်(၃၆၅.၉၅၀)သန်းဖြင့် လည်းကောင်း၊ ဒေသစုပေါင်းရုံးအတွင်း ရုံးအဆောက်အဦး များ၊ နေအိမ်များ လျှပ်စစ်မီးရရှိရေးအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၀.၂၇၀)သန်းဖြင့်လည်ကောင်း၊ ဒေသစုပေါင်း ရုံးအတွင်း ရုံးအဆောက်အဦးများ၊ နေအိမ်များနှင့် ရေရရှိရေးအတွက် ခွင့်ပြုရန်ပုံငွေကျပ်(၄၅.၁၅၄)သန်း စုစုပေါင်းငွေကျပ်(၈၀၁.၃၇၄)သန်းဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်အတွင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရရှိသော အခွန်အရပ်ရပ်ကောက်ခံရရှိငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း (၅၃၉၁.၆၁)သန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ရန်ပုံငွေကျပ်(၃၆၄၉၃.၈၂)သန်းနှင့် ရှမ်းပြည်အစိုးရ၏ ပြည်နယ်ရန်ပုံငွေမှ ကျပ်(၂၀၇၀၈.၂၅)သန်း၊ စုစုပေါင်းရန်ပုံငွေ ကျပ်(၅၇၂၀၂.၀၈၁) သန်းဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကဏ္ဍပေါင်းစုံတွင် သုံးစွဲ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ထမ်းဆောင်ခဲ့သော အခွန်ထက် ကျပ်သန်းပေါင်း(၅၁၈၁၀.၄၇)သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တင်ပြ လိုပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဦးစီးအဖွဲ့များ၏ ဆောင်ရွက်ချက်များအပြင် ရုံးချုပ်မှ  တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများကလည်း ဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပအိုဝ်းတိုင်းရင်းသား များနှင့် ဒေသတွင်း တိုင်းရင်းသားပေါင်းစုံ အဓိကလုပ်ဆောင်လျက်ရှိသော စီးပွါးရေးလုပ်ငန်းများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ပင်မလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ထို့ပြင် ဝင်ငွေရ နှစ်ရှည်သီးနှံဖြစ်သော လ္ဘက်၊ သနပ်ဖက်၊ လိမ္မော်၊ ဒညင်းနှင့် ထောပတ် စသည့်နှစ်ရှည်လုပ်ငန်းများနှင့် ရာသီသီးနှံများဖြစ်သော အာလူး၊ ကြက်သွန်ဖြူ၊ ပြောင်း၊ ကြံနှင့် ဗာဂျီးနီးယားဆေး စိုက်ပျိုးခြင်းလုပ်ငန်းများလည်း စိုက်ပျိုးလုပ်ကိုင်လျက် ရှိပါသည်။ အဆိုပါသီးနှံများသည် ဒေသတွင်း ဖူလုံစေသည့်အပြင် မြန်မာပြည်အရပ်ရပ်သို့ တင်ပို့ရောင်းချနိုင် ပါသည်။
အဖွဲ့ချုပ်အနေဖြင့် အဆိုပါလုပ်ငန်းများ အောင်မြင်စေရန်၊ အထွက်နှုန်းမြှင့်မားစေရန် ပညာပေးလုပ်ငန်းများ၊ သင်တန်းကျောင်းများကို လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ချိန်ဆက်၍ ဆောင်ရွက်ပေးခဲ့သည့် မေတ္တာ ဖောင်ဒေးရှင်းနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပူးပေါင်းပြီး ဆီဆိုင်မြို့နယ်၊ နောင်ခမ်းစိုက်ပျိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းကျောင်းမှ တောင်ယာစပါးစိုက်ပျိုးခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ မျိုးစေ့နှစ်ရှည်ပင် သုတေသန ဆောင်ရွက်ခြင်း၊ ပညာပေးဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ဒေဖွံ့ဖြိုးရေးနှင့် အဖွဲ့ချုပ်ပူးပေါင်း၍ (နတလ) သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

Powered by Blogger.