Wednesday, April 29, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စုပေါင်းရှင်ပြုပွဲနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ၀ိဇာတ မွေးနေ့ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဧပြီလ (၃၀) ရက်



၂၀၁၅-ခုနှစ်၊ ဧပြီလ(၂၀)မှ(၂၇)ထိ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးအောင်ခမ်းထီ ဦးဆောင်၍ စုပေါင်းရှင်ပြုပွဲနှင့် အဘဦးအောင်ခမ်းထီ၏ (၇၉)နှစ်ပြည် ၀ိဇာတမွေးနေ့ပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။


အဆိုပါ ပွဲနှင်းသဘင်ကြီးကို စကာင်္ပူနိုင်ငံရွှေကျောင်းဆရာတော်၊ အမေရိကန်နိုင်ငံဆရာတော်၊ ထိုင်းနိုင်ငံဆရာတော်၊ အရှေု့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းနှင့်အဖွဲ့၊ ရှမ်းပြည်နယ်ဝန်းကြီး ဦးစ၀်အောင်မြတ်နှင့်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရေးရာဝန်ကြီး ဦးအေးမြင့်ကြူ နှင့် ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသအသီးသီးမှ ပအိုဝ်းလူမျိုးများနှင့် အခြားတိုင်းရင်းသားအများ လာရောက်ကြပြီး စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။




ထိုသို့ ရှင်လောင်းပွဲပြုလုပ်ကျင်းပရာတွင် မိမိတို့၏ သားလှရတနာတို့အား မဂ်ဖိုနိဗ္ဗာန် ရည်သန်အာရုံပြု၍ သံသရာဝဋ်ဆင်းရဲမှ လွှတ်ကင်းစေရန် ဘုန်းတော်ကြီး ကျောင်းပေါင်း(၂၉၂)ကျောင်း ဖိတ်ကြားပြီး ရှင်လောင်းအပါး(၁၃၀)ကျော်ကို ရှစ်ပါးသော ပရိက္ခရာစုံလင်စွာဖြင့် သာသနာ့သို့ သွတ်သွင်းချီးမြင့်ရာ သံဃာတော်အရှင်မြတ်တို့အား ဆွမ်း၊ ခဲဖွယ်စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး မိတ်သင်္ဂဟအပေါင်းတို့နှင့် လှူဒါန်းပြီး၊ လှူဒါန်းဆဲ အလှူဒါနတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။



ထို့ပြင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ ၀ိဇာတ (၇၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ပအိုဝ်းဇာတ်သဘင်ပွဲ၊ စတိတ်ရိုးပွဲ ပြုလုပ်ထားရှိခဲ့ပါသည်။ ထိုပွဲနှင်းသဘင်ကြီးတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ မော်ဓလေ့၊ ပအိုဝ်းလူမျိုးတို၏ စကားနိုင်လုပွဲ၊ ပအိုဝ်းမောင်မယ်များ၏ ပျော်မြူးကြသော ရိုးရာဓလေ့ကို ပြသသွားပါသည်။ ထိုပွဲတော်ကြီးသို့ Skynet အဖွဲ့များ၊ MRTVအဖွဲ့များ၊ မြန်မာနိုင်ငံ ဓာတ်ပုံဆရာများ နှင့် နိုင်ငံခြားသားများလည် လာရောက်ရိုက်ကူးသွားကြောင်းသိရှိပါသည်။

ခွန်ထင်းလေအောင်း
   
       
   
Powered by Blogger.