Wednesday, April 22, 2015

ကျောက်တလုံးကြီးမြို့ မိဘပြည်သူများ ဘွဲ့ရ ရဟန်း(၃)ပါးကို ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊၂၀၁၅-ခုနှစ်၊ ဧပြီလ (၂၃) ရက်






၂၀၁၅-ခုနှစ် ၊ ဧပြီလ (၂၂) ရက် တောင်ကြီးခရိုင်  ကျောင်တလုံးကြီးမြို့တွင် ပြည်တွင်းပြည်ပ ဘွဲ့ရ ရဟန်း(၃)ပါးကို ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆိုပြီး တရားတော်မြတ် နာကြားရန် ဦးထွက်ဗွောမှ နတ်လူဗြဟ္မာသတ္တ၀ါအားလုံးကိုပင့်ခေါ်၍ ရတနာသုံးပါးကို ရှိခိုးကန်တော့ခဲ့ကြပါသည်။ ထို့နောက် နောင်ခဲဆရာတော် ဦးခေမာသရထံမှ ငါးပါးသီလခံယူခဲ့ကြကာ ရဟန်းသံဃာတော်များက ပရိတ်မေတ္တာပို့ရွတ်ဖတ် ပူဇော်ခဲ့ကြပါသည်။
ဆက်လက်၍ ဘွဲ့ရ ရဟန်း(၃)ပါးကို ဆက်လက်ကန်တော့ခဲ့ကြပြီး ရဟန်း တော်(၃)ပါး၏ ထေရုပ္ပတ္တိအကျဉ်းကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ထို့နောက် ရှင်ပဏ္ဍိတဓဇာလင်္ကာရ၏ ထေရပ္ပတ္တိုအကျဉ်းကို ကောင်ဝေင်ကျောင်း ရှင်ဝရိန္ဒမှ ရွတ်ဖတ်ပူဇော်ပြီး၊ရှင်နယက၏ ထေရုပ္ပတ္တိအကျဉ်းကို ကောင်လေ ကျောင်း ရှင်ပဏ္ဍိတမှရွတ်ဖတ်ပူဇော်ကာ၊ ရှင်ပညာဝရာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း ကို ထာရံကျောင်းရှင်ပညာသီရိမှ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
ယင်းနောက် ကျောက်တလုံးကြီးမြို့ပေါ်ရှိ ဓမ္မစကြာအဖွဲ့မှ ဘွဲ့ရ ရဟန်းတို့ကို ဂုဏ်ပြုလေးစားကြည်ညိုသောအားဖြင့် ဂုဏထုတမင်္ဂလာကဗျာကို ရွတ်ဖတ်ပူဇော် ခဲ့ကြပြီး ရဟန်းသုံးပါးကို ဂုဏ်ပြုလက်မှတ်နှင့် ပစ္စည်း လေးပါး၊အလှူစာအစုအစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် နောင်ခဲကျောင်း ဆရာတော် ဦးခေမာသရ ထံမှ အနုမော ဒနာတရားတော်နာကြားတော်မူ၍ ရေစက်ချအမျှဝေပြီး ဗုဒ္ဓ္ဓံသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

ခွန်ခမ်းမိုးဦး
Powered by Blogger.