Tuesday, May 19, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်း ပရဟိတကျောင်း တွင် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာ ရေးညီလာခံ ဖွင့်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၂၀) ရက်


နိုင်ငံတော်သံဃာတော်အဖွဲ့များ ဦးဆောင်၍ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးညီလာခံဖွင့်ပွဲကို ၂၀၁၅ခုနှစ်၊ မေလ(၁၉)ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတကျောင်းတွင်   ပြုလုပ်ကျင်းပခဲ့ပါသည်။





အခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ၊ ရှမ်းပြည်နယ်ဝန်ကြီး ဦးစ၀်အောင်မြတ်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် PNA -ပြည်သူ့စစ် ကွပ်ကဲရေးမှူး ဦးခွန်လာတို့က တက်ရောက်ခဲ့ကြပြီး ရှေးဦ်းစွာ နမောတဿ        (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ ဒု-ဥက္ကဌဆရာတော် အဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒ န္တကု သလ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်၊ အဂမဟာ ပဏ္ဍိတ  ဘဒ္ဒ န္တ မုနိန္ဒာဘိဝံသ နှင့် အဂမဟာဂန္တ၀ါစကပဏ္ဍိတဘဒ္ဒန္တဆရာတော်တို့က အဖွင့်သြ၀ါဒမြွက်ကြားခဲ့ကြပါသည်။ ဆက်လက်၍ နောင်တောင်းပရဟိတ တပ်ဦးဆရာတော် ဘဒ္ဒ န္တရာဇိန္ဒသိရီမှ ဆရာတော်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားလျှောက်ထားပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ရှမ်းပြည်နယ်ဝန်ကြီး ဦးစ၀်အောင်မြတ်တို့က ညီလာခံနှင့် ပတ်သက်၍ ၀မ်းမြောက်ကြောင်း လျှောက်တင်ခဲ့ကြပါသည်။


ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ဘုန်းတော်ကြီးသင်ပညာရေး ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်အဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနာယကမှ ပညာရေး အကြောင်းဆွေးနွေးပြီး ဘ/ကညီလာခံ မော်ကွန်းကျောက်စာတိုင် ဖွင့်လှစ်၍ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ယခုနှစ် ဘ/က ညီလာခံတွင် ကျောင်းပေါင်း(၁၆၀၀)ဖိတ်ထားကျောင်း၊  သံဃာတော်(၁၄၀၀) ကျော်ရှိကြောင်းနှင့် ဆရာ/မများ (၄၀၀)ကျော်ရှိကြောင်း၊ ယင်းညီလာခံဖြစ်မြောက်ရေး အတွက် အလှူရှင် ပါရမီစွမ်းအင် မိသားစုမှ ပံ့ပိုးကူညီခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.