Friday, June 26, 2015

(၆) ဘာသာဂုဏ်ထူးရ နန်းဝင့်ဝါဦးအား ဂုဏ်ပြုပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်









၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလဆန်း (၁၀) ရက် ( ၂၆.၆.၂၀၁၅) ရက်နေ့တွင် တောင်ကြီးမြို့၊ သထုံမူလမင်းကွန်းပရိယတ္တိစာသင်တိုက်၌ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ချယ်ရီလမ်းနေ ဒေါက်တာဦးခွန်ဇော်မင်း+ဒေါက်တာခင်သန်းနွဲ့ တို့၏ သမီးထွေး နန်းဝင့်ဝါဦးအား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲ(၆) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်မူအထိမ်းအမှတ်အတွက် ဆွမ်းကပ်ခြင်း၊ ကျေးဇူးရှင်ဆရာ/ဆရာမများနှင့် ရပ်နှီးရပ်ဝေးပရိသတ်တို့အား ဧည့်ခံကျွေးမွေးခြင်း ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၆)ဘာသာဂုဏ်ထူးရ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တာဝန်ရှိပုဂ္ဂိုလ်များ၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့မှ တာဝန်ရှိသူများ၊ ပအိုဝ်းတိုင်းရင်းဆေးအဖွဲ့၊ ပအိုဝ်းမော်အဖွဲ့၊ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်အဖွဲ့၊ ပအိုဝ်းဓမ္မနုဂ္ဂဟအဖွဲ့၊ ပအိုဝ်းအမျိုးသမီး ပညာရေးအဖွဲ့၊ တောလတ်ကျေးရွာနေ ရပ်မိ/ရပ်ဖများနှင့် နန်းဝင့်ဝါဦး၏ သူငယ်ချင်းများ စုစုပေါင်း လူအင်း(၃၀၀)ခန့် တက်ရောက်ဂုဏ်ပြုချီးမြှင့်အားပေးခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်မို့လောင်း
Powered by Blogger.