Thursday, June 25, 2015

အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် မေတ္တာဖောင်ဒေရှင်းတို့ ပူးပေါင်းပြီး ပြည်သူ့ရေးရာစီမံခန့်ခွဲမူ၊ အဖွဲ့အစည်းဖွံ့ဖြိုးမူဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

 တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၂၆) ရက်



အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် မေတ္တာဖောင်ဒေရှင်းတို့ ပူးပေါင်းပြီး   ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းဖွံ့ဖြိုးမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသောဘာသာရပ်များမှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမူ၊ ပအိုဝ်းလူမျိုးတို့၏ သမိုင်း၊ စာပေ၊ တော်လှန်ရေးသမိုင်း၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မူ စသည့်ဘာသာရပ်များဖြစ်သည်။ ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးခဲ့သည့်သည့်နေရာများမှာ မျင်မိုရ်ခမ်း၊ တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ ဇလဲရွာ၊ ဇလဲဘုန်းတော်ကြီးကျောင်း စမ္မာရုံတွင် ၂၀၁၅-ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့မှ (၂၅)ရက်နေ့ထိ၊ ကျေးရွာအုပ်စု ပေါင်းစုံမှ တက်ရောက်လာသူ (၁၃၅)ဦး၊ စန္တာခမ်း၊ ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ဆောင်းဆီးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ(၂၁)ရက် နေ့မှ (၂၄)ရက်နေ့ထိ ကျေးရွာအုပ်စုပေါင်းစုံမှ တက်ရောက်လာသူ (၁၁၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး ဖြားဗွာခမ်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့ထိနှင့် သူရိယခမ်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်တွင် ဇွန်လ(၂၆)ရက်နေ့မှ (၂၉)ရက်နေ့ထိ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပသွားလျှက်ရှိကြောင်း သိရှိရပါသည်။

ခွန်အောင်နိုင်
Powered by Blogger.