Sunday, June 14, 2015

BurmaPartnerShip (မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူအများ) အဖွဲ့က လာမည့် ၂၀၁၅-ရွေးကောက်ပွဲ အခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနရုံးရှိ တွဲဖက်အတွင်းရေးမှူးနှင့် လာရောက်ဆွေးနွေး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်


BurmaPartnerShip (မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူအများ) အဖွဲ့မှ Mr.Alex Moodie က လာမည့် ၂၀၁၅-ရွေးကောက်ပွဲအခြေအနေနှင့် ပတ်သက်၍ (၁၂-၆-၂၀၁၅)၊ သောကြာနေ့၌ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနရုံးရှိ တွဲဖက်အတွင်းရေးမှူး ဦးခွန်တင်ထွဋ်နှင့် လာရောက်ဆွေးနွေးခဲ့ပါသည်။


ထိုသို့ဆွေးနွေးရာတွင် ပအိုဝ်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပအိုဝ်းသမိုင်းကြောင်းများ၊ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေနှင့် လာမည့်ရွေးကောက်ပွဲ အခြေအနေများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ရွေးကောက်ပွဲရည်မှန်းချက်၊ ပြည်သူလူထုများအတွက် ပအိုဝ်းလွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို ဆွေးနွေးသွားကြောင်းနှင့် ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ (PNO) မှ BurmaPartnerShip အား ပြည်ထောင်စုထဲက ပအိုဝ်းစာအုပ် လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.