Thursday, June 11, 2015

ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာအုပ်စု မဇ္ဈိမ လွယ်ခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးရှိ လေ့ကျင့်ရေး ပညာပေးရေးဌာနနှင့် ညောင်ရွှေမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ ပူးပေါင်း၍ သင်တန်းအောင်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၁၂) ရက်





ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာအုပ်စု မဇ္ဈိမ လွယ်ခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် (၇.၆.၂၀၁၅) မှ (၁၁.၆.၂၀၁၅)အထိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးရှိ လေ့ကျင့်ရေး ပညာပေးရေးဌာနနှင့် ညောင်ရွှေမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ ပူးပေါင်း၍ ဖွင့်လှစ်ပေးသည့် မျိုးဆက်သစ်လူငယ်များ စွမ်းရည်မြှင့် သင်တန်းအောင်ပွဲ အခမ်းအနားကို ၂၀၁၅-ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် မဇ္ဈိမလွယ်ခေါ်ကျောင်း၌ ကျင်ပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စွမ်းရည်မြှင့်သင်တန်းအောင်ပွဲအခမ်းအနားတွင် ရှေးဦးစွာရတနာသုံးပါးကိုကန်တော့၍ ဆရာတော်ထံမှငါးပါးသီလခံယူပြီး သြ၀ါဒစကားကိုနာယူခဲ့ပါသည်။



ထို့နောက် နိုင်ငံတော်အလံကိုအလေးပြု၍ အောင်ပွဲအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး
 ညောင်ရွှေမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNOပါတီ ဥက္ကဋ္ဌဦးဗိုလ်ကျော်ကျော်မှ အဖွင့်အမှာစကားပြောကြားကာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO တွဲဖက်အတွင်းရေးမှူး
ဦးခွန်တင်ထွဋ်မှ စွမ်းရည်မြှင့်သင်တန်းနှင့် ပက်သက်ပြီး လူငယ်များအား ပညာရေး၊ ကျန်းမာရေး၊
 လူမူရေးနှင့် နိုင်ငံရေးတို့တွင် တက်ကြွစွာပါဝင်လာစေရန်နှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များပိုမိုပါဝင်လာစေရန် အားပေးစကား တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် စွမ်းရည်မြှင့်သင်တန်းတက်ရာက်ခဲ့သော သင်တန်းသူ/သား များအား ဂုဏ်ပြုလက်မှတ်နှင့် သင်ရိုးညွန်းတမ်းစာအုပ်များ ပေးအပ်ခဲ့ပြီး ပအိုဝ်းအမျိုးသားသီးချင်း စုပေါင်းသီဆိုခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ မိမိတို့၏ လူမျိုးသမိုင်ကြောင်းသိရှိရန်နှင့် အမျိုးသားစိတ်ဓါတ်ရှင်သန်လာစေရန်၊ နိုင်ငံရေးအသိအမြင်များရရှိစေရန်နှင့် မြန်မာ၊ ကမ္ဘာနိုင်ငံရေး အခြေအနေများကို သိရှိစေရန်၊ နောင်တချိန်တွင် မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ ဒေသနှင့် တိုင်ပြည်အတွက် အရည်အချင်းပြည့်ဝသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ပေါ်က်လာစေရန် ဖြစ်သည်။ ၎င်းစွမ်းရည်မြှင့်သင်တန်းအောင်ပွဲအခမ်းအနာသို့  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မ ဗဟိုဌာနချုပ်ရုံးမှ (၇) ယောက်၊ သင်တန်းသူ/သား စုစုပေါင်း (၅၉) ယောက်နှင့် ဒေသခံမိဘပြည်သူများ (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ 

ခွန်ပန်းစိန်

Powered by Blogger.