၂၀၁၅ခုနှစ်၊
ဇွန်လ (၇)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ Royal Star
Hotel တွင် MSI ၏ နိုင်ငံတကာပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေးပွဲကြီးကို
ပြုလုပ်ကျင်းပခဲ့ပါသည်။
Myanmar
Search International (MSI) Education Consultancy ပညာရေးဝန်ဆောင်မှုမှ မြန်မာနိုင်တွင်
ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘာ့ထိပ်တန်းဝင် ကျောင်းများဖြစ်သော
စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ KDU (Penang) College၊
Kaplan Higher Education Academy၊ Webster University Thailan Campus (U.S.A)၊
Taylors University နှင့် Westminster International College(WIC) တို့ ပူပေါင်းပါဝင်ခဲ့ကြပါသည်။
MSI
၏ နိုင်ငံတကာပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေးပွဲကြီးကို (၅) ရက်နေ့တွင်
ရန်ကုန်၊ (၆) ရက်နေ့တွင် မန္တလေး၌ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ MSI ၏ နိုင်ငံတကာပညာသင်ဆု
လျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေးပွဲကြီးတွင် နိုင်ငံခြားပညာရေးနှင့် ပညာသင်ဆုကို
စိတ်ဝင်စားသော ကျောင်းသား/သူများ၊ မိဘများအပါအ၀င် လူဦးရေ (၂၀၀) ကျော်တက်ရောက် ဆွေးနွေးခဲ့ကြောင်း
MSI မှ သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS