တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၅) ရက်
၂၀၁၅-ခုနှစ်၊ ဇွန်လ(၄)ရက်၊ ကြာသပတေးနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် ဇိုမီးဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဥက္ကဌ ပူပေါလ်းပေါင်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခွန်တင်ထွဋ်တို့ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခွန်ထင်ထွဋ်က မိမိတို့(PNO)ပါတီ ရုံးဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများကို လှည့်လည်ပြသခဲ့ပြီး မိမိတို့(PNO)ပါတီအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ခဲ့သော လုပ်ငန်းများကို ရှင်းလင်းပြောကြားသွားပါသည်။ ထို့ပြင် (ZDF) ဥက္ကဌက ပညာရေးအရာရှိ ဆရာဦးအုန်းငွေနှင့် ပါရမီကွန်ယက် အရပ်ဖက်အဖွဲ့အစည်းမှ ဆရာဘော်တို့နှင့် တွေ့ဆုံပြီး မိမိတို့(ZDF) ဖွဲ့စည်းလာသည့်ခုနှစ်၊ ဖွဲ့စည်းရခြင်းအကြောင်း၊ လုပ်ဆောင်ခဲ့သောလုပ်ငန်းများ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများကို ပြောကြားသွားပြီး ပညာရေးအရာရှိ ဦးအုန်းငွေနှင့် ပါရမီကွန်ယက်မှ ဆရာဘော်တို့လည်း မိမိတို့လုပ်ဆောင်ခဲ့သော လုပ်ငန်းအတွေ့အကြုံနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြောကြားသွားပါသည်။ ထို့နောက် နှစ်ဦးနှစ်ဖက်မှ ရင်းရင်းနှီးနှီး ဆွေးနွေးကာ (PNO)ပါတီမှ (ZDF)ဥက္ကဌအား ပြည်ထောင်စုထဲကပအိုဝ်းစာအုပ် မေတ္တာလက်ဆောင်ပေးခဲ့ကြောင်း၊ ဇိုမီးတိုင်းရင်းသားများသည် ချင်းပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသော သီးသန့်လူမျိုးစုဖြစ်ပြီး လူဦးရေ(၃)သိန်းခန့်ရှိကြောင်းသိရှိရပါသည်။
K.T.H.Aung
Like On Facebook
Follow On Twitter
Subscribe On RSS